အပိုင်း(၄၃၃)
ယွမ်ရှောင်နှင့် ယွမ်လော့ဖုန်း (၂)
ယွမ်လော့ဖုန်းလည်း ယွမ်ရှောင်ကို အပြုံးလေး နှင့် ငေးကြည့်ကာ မသင့်လျော်သော အပြုအမူကို လုပ်ဆောင်လိုက်တယ်။
“ဒီလို နည်းလမ်းမျိုးလေးက တကယ်ပဲ မကြာခဏ လေ့ကျင့်ပေးဖို့ လိုအပ်မယ် ထင်တယ်… အခုကစပြီးတော့ ကျွန်မတို့ အားလပ်တာနဲ့ မကြာခဏ လေ့ကျင့်မယ်လေ… ရှင် သဘောထား ဘယ်လိုလဲ”
“ကောင်းပါပြီ”
သူက ယွမ်လော့ဖုန်းရဲ့ တောင်းဆိုချက်ကို ဘယ်သောအခါမှ ငြင်းဆိုမှာ မဟုတ်ပါဘူး… ဒါက တစ်ဖက်သတ် ဆန်သော စီမံချက် ဖြစ်နေခဲ့မယ် ဆိုရင်တောင်ပေါ့။
“ယွမ်ရှောင် ရှင် ကောင်းကင်ဘုံနှင့် စိတ်ဝိညာဉ် ကျင့်စဉ်မှာ နောက်တစ်ကြိမ် အတားအဆီးကို ကျော်ဖြတ်ရရင် ကျွန်မကိုယ် ကျွန်မ ရှင့်ကို ပေးအပ်မယ် ဟုတ်ပြီလား”
တချို့ကတော့ ယွမ်လော့ဖုန်းက ယွမ်ရှောင်အပေါ် အစတည်းက ကောင်းမွန်တဲ့ ခံစားချက် ရှိတာကြောင့်လို့ ပြောလိမ့်မယ်။ သို့သော်လည်း တကယ်တမ်းက ကောင်းကင်ဘုံနှင့် စိတ်ဝိညာဉ် ကျင့်စဉ်ကို ကျင့်ကြံစဉ် ယွမ်ရှောင်ရဲ့ စိတ်ဖောက်ပြန်သော ရောဂါ လက္ခဏာကို ကုသပေးဖို့အတွက် တူစုံတွဲ ကျင့်စဉ်ကို အသုံးပြုဖို့ ဆန္ဒရှိတာကြောင့်ပါ။ သူ့ကို သူမနှလုံးသားနဲ့ ခန္ဓာကိုယ်က လက်ခံပြီးသားပါ။
တစ်ယောက်ယောက်မှာသာ ဒီလိုမျိုး ထူးချွန်ပြီး သစ္စာရှိတဲ့ ကောင်လေးတစ်ယောက်ကို ပိုင်ဆိုင်မယ်ဆိုရင် သူတို့ နှလုံးသား မတုန်လှုပ်ဘဲ မနေပါဘူး။ သူမလည်း တူတူပါပဲ။ သူမ ချစ်ရသူက ချစ်ဖို့ကောင်းတဲ့အပြင် နာခံတတ်တဲ့ ကောင်လေးပါ။ ဒီကောင်လေးကြောင့် သူမ နှလုံးသားလေး ပထမဆုံးအကြိမ် ရင်ခုန်ဖူးခဲ့ပြီ။
“မင်းအတွက် ကိုယ့်အတားအဆီးကို မြန်မြန် ဖြတ်ကျော်နိုင်အောင် ကြိုးစားပါမယ်”
ထိုစကားကို ပြောပြီးနောက် ယွမ်ရှောင်အကြည့်က တည်ကြည် လေးနက်လာတယ်။ သူလည်း ကြမ်းပြင်ပေါ်မှ အဝတ်အစားများကို ကောက်ယူလိုက်ပြီး မိန်းမပျိုလေးရဲ့ ခန္ဓာကိုယ်ကို လွှမ်းခြုံပေးလိုက်တယ်။
သူမ မျက်ခုံးကို မသိမသာ ပင့်လိုက်တယ်။
“ရှင် ဆက်ပြီးတော့ မကြည့်တော့ဘူးလား”
“အေးတယ်”
ယွမ်ရှောင်လည်း ယွမ်လော့ဖုန်းကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။
“မင်း အအေးမိမှာကို ကိုယ် စိုးရိမ်မိတယ်”
“…”
ယွမ်လော့ဖုန်း အံ့သြမိသွားတယ်။ လုံးဝကို တည်ငြိမ်သော ပုံစံပြောင်းသွားတာ မြင်ရတော့ သူမနှုတ်ခမ်းက မပြုံးဘဲ မနေနိုင်တော့ဘူး။
“ကျွန်မ ရှင့်ကို ဘာကြောင့် ကြိုက်မိလဲဆိုတာ အခုတော့ သိပြီ”
သူမလည်း တိုးတိုးလျလျလေး တခစ်ခစ် ရယ်လိုက်တယ်။
“ရှင့်ရဲ့ ရူးကြောင်ကြောင် နိုင်မှုနဲ့ ဖြူစင်နိုင်မှုကြောင့် ဖြစ်ရမယ်… ရှင့်လို လူမျိုးကို ဒီလောကကြီးထဲမှာ တွေ့ဖို့ ခဲယဉ်းတယ်။ ရှင်က ရှားပါး ရတနာလေးလေ”
“ကိုယ့်စာရွက်လေးကို မင်းက အမည်း ခြယ်မှုန်းမယ်လို့ ပြောခဲ့တယ်နော် ဒါပေမဲ့ တကယ်တမ်းတော့ အဲဒီလို မဟုတ်ဘူး… မင်းက ကိုယ့်စာရွက်လေးကို အမည်း ခြယ်ခဲ့ပြီးသားပါ”
ယွမ်ရှောင် အကြည့်က တည်ကြည် လေးနက်နေဆဲပါ။
“ကိုယ့် စက္ကူလေးကို မင်း တစ်ယောက်တည်းကိုသာ တခြား အရောင်ခြယ်ခွင့် ပြုမယ်”
သူ့တစ်ဘဝလုံး သူ ပိုင်ဆိုင်ချင်တဲ့ မိန်းကလေးက သူမ တစ်ယောက်တည်းပါပဲ။
ဒါကြောင့်လည်း သူ့အချစ်ကို ကိုယ်စားပြုတဲ့ အဖြူရောင် စာရွက်လေးကို သူမ တစ်ယောက်တည်း ခြယ်သခွင့် ပေးရတာပေါ့။
“အာရှောင်”
ယွမ်လော့ဖုန်းရဲ့ လက်ချောင်းလေးက သူ့မေးဖျားလေးကို ထိကိုင်လိုက်ပြီး သူ့နှုတ်ခမ်းလွှာလေးကို ဖွဖွလေး နမ်းရန် ဖြေဖျားထောက် လိုက်တယ်။
“ရှင် ကောင်းကင်ဘုံနှင့် စိတ်ဝိညာဉ် ကျင့်စဉ်အတားအဆီးကို ဖြတ်ကျော်မယ့် အချိန်ကို ကျွန်မ စောင့်မျှော်နေမယ် အဲဒီအချိန်ရောက်ရင် ကျွန်မ ကိုယ် ကျွန်မ ပေးအပ်ပါမယ်”
ဒီစကားကို ပြောပြီးနောက် သူမလက်က အမျိုးသားလေး ရင်ဘတပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့တယ်။ သူ့ကို ဝေးရာသို့ တွန်းဖယ်ချင်သော သဘောနှင့်ပေါ့။ သို့သော်လည်း သူမလက်က သူ့ရင်အုံပေါ်ကျ ရောက်လာချိန်က သူမကို ရင်ခွင်ထဲ ပွေ့ဖက်ထားကာ အနမ်းမိုး ဆက်ရွာသွန်း လိုက်တယ်။
သူမ နားက သူ့အသံနှင့် အနီးအနားမှာ ရှိနေခဲ့တယ်။
“ကျွန်မနဲ့ အတူတူ နမ်းတဲ့နည်း လေ့ကျင့်ချင်တယ်လို့ ရှင် ပြောခဲ့တယ် အခု ဆက်ပြီးတော့ လေ့ကျင့်တာပေါ့”
***
တံခါးအပြင်ဘက်မှာ ယွမ်လော့ဖုန်းကို ရှာရန် ရောက်လာတဲ့ လင်းလောပိုင်မှာ အခန်းထဲမှ လှုပ်ရှားမှုအသံများကို မတော်တဆ ကြားလိုက်ရတယ်။ တံခါးကို တွန်းဖွင့်ဖို့ ကြံရွယ်နေတဲ့ သူမလက်များကို အလျင်အမြန် ရပ်တန့်လိုက်ပြီး သူမ မျက်လုံးကို အလျင်အမြန် ကွယ်ထားလိုက်တယ်။
“မကောင်းတာ မကြည့်ရဘူး… မကောင်းတာ မကြည့်ရဘူး”
“ရှောင်ပိုင် ဘာလုပ်နေတာလဲ”
ရုတ်တရက် နှစ်လိုဖွယ်ကောင်းပြီး ယောက်ျား ပီသသော အသံကို သူမ နောက်ကျောဘက်မှ ကြားလိုက်တယ်။ အံ့သြမိသွားလို့ ထခုန်မိ မတတ်ပါပဲ သူမ ဦးခေါင်းကို အလျင်အမြန် လှည့်ပြီး သူမ လက်ချောင်းများကို နှုတ်ခမ်းပေါ် ဖုံးလွှမ်းထားလိုက်တယ်။ တိတ်တိတ် နေရန် သင်္ကေတ ပြုလိုက်တယ်။
“ဖေဖေ... ဆရာနဲ့ သူ့ချစ်သူ အခုအချိန်မှာ ကလေးတစ်ယောက် မွေးဖွားနိုင်ဖို့ ကြိုးစားနေတယ်… သမီးတို့ မနှောင့်ယှက်သင့်ဘူး”
ပြတင်းပေါက်မှ ပါးလွှာသော စက္ကူစကို ဖြတ်ကာ သူမက အခန်းတွင်းမှ လူနှစ်ယောက် နမ်းရှိုက်နေသော မြင်ကွင်းကို ရေးရေးမျှ မြင်နေရတယ်။ ချွိုင်းကုန်းတုမှာ ဖော်ပြထားချက်အရတော့ နောက်အဆင့်က ကလေး တစ်ယောက်ကို ဖန်ဆင်းတဲ့ အဆင့်ပဲ။
သူမလေးမှာ ရှက်ရွံ့ဖွယ်ကောင်းသော မြင်ကွင်းကို တွေးကြည့်ရင်း မျက်နှာတစ်ပြင်လုံး နီရဲတွတ်လာရတယ်။
အချိန်မှ ရပ်တန့်နိုင်လိုက်လို့ တော်ပါသေးတယ်။ အခန်းထဲ မဝင်လိုက်မိတာ ကံကောင်းသွားတယ်။ မဟုတ်ရင်တော့ ဆရာ့ချစ်သူရဲ့ ဒေါသနဲ့ဆိုရင် သူမကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ထစ် ပစ်မှာလေ။
***

YOU ARE READING
သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၄၀၁ မှ ၅၀၂)
Romansaအပိုင်း၁၅၀၀အထိ freeလက်ဆောင်ယူပြီး Gp1ခုကို 2000ကျပ်ဖြင့် အားပေးလို့ ရပါတယ်