483+484+485+486+487

459 15 0
                                    

အပိုင်း(၄၈၃)

ဒီကောင်မလေးက ငါ့ ဆရာ ဟဲ့ (၂)

 
ဒီဝိညာဉ်နတ် ဘုရားတောင်ကို နတ်ဘုရားများ ချန်လှပ် ထားခဲ့တယ်လို့ ပြောကြတယ်…။ ဒါကြောင့် ဒီနေရာမှာ နေထိုင်သူများက ထူးကဲတယ်။ ဝိညာဉ် နတ်ဘုရားတောင်ကို ရှာဖွေချင်နေသူများ ဒီကုန်းမြေစုမှာ အများကြီး ရှိနေသေးတယ်။ ဝိညာဉ် နတ်ဘုရားတောင်ကို ဝင်သွားတဲ့သူတိုင်း ပြန်မလာနိုင်ခဲ့ဘူး။
ဒီအချိန်တည်းက ဝိညာဉ် နတ်ဘုရားတောင်ကို နောက်ထပ် ဘယ်သူမှ မနှောင့်ယှက် ရဲတော့ဘူး။ ဝိညာဉ် နတ်ဘုရားတောင်က လူများကို နတ်ဘုရားအဖြစ် တင်စားလေ့ရှိတယ်။
ဒါပေမဲ့ အခုတော့ သူ အပယ်ခံလို့ ခေါ်လိုက်တဲ့ ဒီကောင်မလေးကို ဝိညာဉ်ဘုံ ဆက်ခံသူလို့ ထျန်းရာက ပြောလိုက်တာလား။
“မဖြစ်နိုင်ပါဘူး… ဝိညာဉ် နတ်ဘုရားတောင် ဆက်ခံသူက  ယွမ်လော့ဖုန်းကို ဆရာအဖြစ် အသိအမှတ် ပြုပါ့မလား… ယွမ်လော့ဖုန်းက လောကီလောကသား တစ်ယောက်ပါ… သူမက ဝိညာဉ်ဘုံလို အာဏာရှိတဲ့ အင်အားစုနဲ့ ဆက်နွှယ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး”
ထျန်းခယ် အပြင် တခြားသော သူများလည်း ထျန်းရာကို တအံ့တသြ ကြည့်နေလေရဲ့… အထူးသဖြင့် ဆိုးရွားသော ခံစားချက်များဖြင့် ပျာယာခတ်နေသော သခင်နင်ကိုပေါ့…။ ဒီအဘိုးကြီးက တကယ်ပဲ ထျန်းရာ ဆိုရင် သူ့ဆရာက မမှားလောက်ဘူး။ ဒါဆို ယွမ်လော့ဖုန်းနဲ့ ဝိညာဉ်ဘုံကြားမှာ ခန့်မှန်းရခက်ခဲတဲ့ ဆက်နွှယ်မှု ရှိမှာ သေချာပါတယ်။
သူမ နောက်မှာ ဝိညာဉ်ဘုံ ရှိနေရင်တော့ သူမ အဆင့်အတန်းက အဆပေါင်းများစွာ မြင့်မား သွားနိုင်တယ်။
“အားတော့ နာပါတယ်… ရှောင်ပိုင် ပြောတာ မှန်တယ် ယွမ်မိန်းကလေးကို တွေ့ရင် ငါ့ကတောင် သူမကို ဆရာလို့ ခေါ်ရမှာ…”
မိုးကြိုး ပစ်ခံလိုက်ရသလို ဆူညံနေသော ခန်းမဆောင် တစ်ခုလုံးမှာ တိတ်ဆိတ် သွားတယ်။
အားလုံးက ထိတ်လန့်မှုကြောင့် မှင်တက် နေကြတယ်။
ဒါဆို ယွမ်လော့ဖုန်းက ထျန်းရာရဲ့ ဆရာလား။ ဒါဆို ဒီကောင်မလေး ပြောတာ အမှန်ပေါ့။ ကြွားဝါတယ်လို့ သူတို့ တွေးခဲ့တာက ပြက်ရယ်ပြုစရာ ဖြစ်နေပြီပဲ။
“ဦးလေး ထျန်းရာ … ဒီကောင်မလေးက ဦးလေး ဆရာ ဖြစ်နိုင်ပါ့မလား”
စိတ်ရူးပေါက်ကာ ထျန်းခယ်လည်း ယွမ်လော့ဖုန်းကို ဒေါသစိတ်နဲ့ လက်ညှိုးငေါက်ငေါက် ထိုးလိုက်တယ်။
“အဆင့်အတန်း နိမ့်ပါးတဲ့ ဒီမိန်းမက ငါတို့ကို ယှဉ်နိုင်စရာလား သူမ အစွမ်းက ဦးလေးထက် နိမ့်ပါတယ်… သူမက ဦးလေး ဆရာ ဘယ်ဖြစ်နိုင်ပါ့မလဲ…”
သူမ ဘယ်တော့မှ ယုံကြည်မှာ မဟုတ်ဘူး… ထျန်းရာက မျက်နှာချို သွေးချင်လို့ ယွမ်လော့ဖုန်းရဲ့ တပည့်လို့ ပြောနေတာ ဖြစ်ရမယ်။
“သူမ ဆေးပညာအစွမ်းက ငါ့ထက် သာလွန်တယ်”
သူ့စကားက ယွမ်လော့ဖုန်းကို တစ်ပါးသူထက် သာလွန်တဲ့ အဆင့်အတန်း ပေးစွမ်းနိုင်တယ်။
တခြားသူက သူ့ထက် သာလွန်တယ်လို့ အများရှေ့မှာ ပထမဆုံး ထုတ်ပြောတာပါ။
ထျန်းခယ်လည်း မြေကြီးပေါ်မှ ကုန်းရုန်း ထလိုက်တယ်။ ခလုတ်တိုက်ပြီး ကြမ်းပြင်ပေါ် နောက်တစ်ကြိမ် လဲကျတော့မလို့ ဖြစ်သွားခဲ့တယ်။ သူမ နှလုံးသားက သွေးအေး ကြေကွဲနေသောလည်း သူမ အံကြိတ်ထားတယ်။ ယွမ်လော့ဖုန်းက ထျန်းရာနဲ့ သိကျွမ်းတာ ကြာပြီထင်တယ် ဒါကြောင့်လည်း သူမက ထျန်းမိသားစုဝင်ကို မထီမဲ့မြင် ဆက်ဆံတာပေါ့။
ဒီကောင်မကို ထျန်းရာနဲ့ ခြိမ်းခြောက်မိတာ တကယ်ကို လှောင်ပြောင်စရာ ဖြစ်ခဲ့တာပဲ။
ထျန်းခယ်မှာ ဒီအကြောင်းကို တွေးတွေးလေ ပိုပြီး ကြောက်လန့် တုန်လှုပ်လာရတယ်။ ယခုအချိန်မှာ သူမ ထျန်းလင်းကို ပိုမုန်းတယ် သူ့ကြောင့် မဟုတ်ရင် သူမ ဒီလို အခြေအနေမျိုး ရောက်မှာ မဟုတ်ဘူး။
ထို့အတူ သခင်နင်လည်း နောင်တရမိပါတယ်…။ သူ ဖော်လန်ဖားဖို့ ကြိုးစားခဲ့တဲ့ ထျန်းမိသားစုက ဘာမှမဟုတ်တဲ့ အခွံအလွတ် ဖြစ်နေပြီ…။ သူ အထင်မြင်သေးခဲ့တဲ့ ယွမ်မိသားစုမှာ တောင့်တင်းတဲ့ နောက်ခံ ရှိနေတယ်။ သူသာ သိခဲ့ရင် ဘာမှ မတွေးတောဘဲ နင်ရှင်းကို ယွမ်ချင်ရာနဲ့ လက်ထပ် ပေးမိမှာပါ။
“ရှင့်ကို ကျွန်မ တပည့်အဖြစ် ဘယ်အချိန်က လက်ခံခဲ့မိလို့လဲ”
ယွမ်လော့ဖုန်းလည်း ပျင်းရိစွာ နံရံကို မှီလိုက်ပြီး နွမ်းလျလျ ပြုံးကာ မေးလိုက်တယ်။
“ဝိညာဉ်ဘုံမှာတည်းက ရှင့်ကို ပြောပြီးသား အသက်ကြီးလွန်းလို့ ရှင့်ကို တပည့်အဖြစ် လက်မခံဘူးလို့”
ထျန်းရာ စကားကြောင့် အံ့သြနေသော လူများက ယွမ်လော့ဖုန်း စကားကို ကြားတော့ လုံးဝကို အထိတ်တလန့် ဖြစ်သွားရတယ်။
နတ်ဆေးသမားတော် ထျန်းရာက သူ့ဆရာအဖြစ် အသိအမှတ် ပြုချင်တာကို ဒီကောင်မလေးက ငြင်းသတဲ့လား။
 
***

သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၄၀၁ မှ ၅၀၂)Where stories live. Discover now