အပိုင်း(၄၇၈)
နင်အကြီးအကဲ ဒေါသထွက်ခြင်း (၃)
ထျန်းရာ…
ဒီနာမည်က သခင်နင်ကို လက်တွေ့ဘဝကို ခေါ်ဆောင် သွားပေးတယ်…။
ဟုတ်တာပေါ့… ယွမ်လော့ဖုန်းက ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေလည်း ဘာအရေးလဲ… ထျန်းမိသားစု နောက်မှာ ထျန်းရာ ရှိနေတယ်။ ယွမ်လော့ဖုန်း ဘယ်လိုပဲ အရည်အချင်း ရှိပါစေ… ဖြုံလောက်တဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ဖို့ဆိုတာ မလွယ်ကူဘူး။
“သခင်နင်… ရှင့်လူတွေနဲ့ သူမကို ဖမ်းချုပ် ထားလိုက်ပါ… ကျွန်မ… သူ့ကို သင်ခန်းစာ ပေးမယ်”
ထျန်းခယ်လည်း သူမ ပါးစပ် အောက်ဘက်စွန်းနားက သွေးစများကို သုတ်လိုက်ပြီး ထေ့ငေါ့စွာ ပြောလိုက်တယ်။
“ဟင်…”
သခင်နင်လည်း ရပ်တန့်ကာ မျက်မှောင်ကြုတ် လိုက်တယ်။
“မိန်ကလေး ထျန်းခယ်က ဒါက ကောင်းတဲ့အကြံ မဖြစ်နိုင်ဘူး… ယွမ်မိန်းကလေးက ငါ့သမီး အသက်ကို ကယ်တင်ထားပြီး ငါ့အဖေနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေတော့ … ငါ စိုးရွံ့မိတယ်”
“ဟွန့်… သူမက နင်မိသားစုနဲ့ ဘယ်လို ဆက်ဆံရေး ရှိရှိ ကျွန်မ ဂရုမစိုက်ဘူး… ကျွန်မ အခု သူ့ကို ဖမ်းချင်တယ်… မဟုတ်ရင်တော့ သူမကို ကာကွယ်နေလို့ ရှင့်ကို အပြစ်ပေး ရလိမ့်မယ်…”
ထျန်းခယ်လည်း ယွမ်လော့ဖုန်းကို ထေ့ငေါ့လိုက်တယ်။ မှန်ပါတယ်… နင်က အရည်အချင်း ရှိပါတယ်… အဲဒီတော့ ဘာဂရုစိုက်နေစရာ လိုအပ်လို့လဲ…။ နင်မိသားစု အကြီးအကဲများရဲ့ တိုက်ခိုက်မှု အောက်မှာ နင် သေကို သေမှာပဲ။ ဒါက ငါ့ကို ထပ်ခါထပ်ခါ ဆန့်ကျင်ဖို့ ကြိုးစားခဲ့တဲ့ နင့်အတွက် ပြစ်ဒဏ်ပဲ။
သခင်နင်လည်း တိတ်ဆိတ် နေလိုက်တယ်။ ထျန်းခယ် ပြောလိုက်တဲ့ စကားကို ချင့်ချင့်ချိန်ချိန် တွေးတော နေသလိုပေါ့။
ထိုအချိန် နင်ရှင်းက သူမရဲ့ အားအင်ချည့်နဲ့နေတဲ့ ခန္ဓာကိုယ်ကို တရွတ်တိုက် သယ်မရင်း ယွမ်လော့ဖုန်း ရှေ့နားကို တရွေ့ရွေ့ သွားလိုက်တယ်။ သူ့လက်ကို မြှောက်ကာ သူမနောက်က ကောင်မလေးကို တံတိုင်းသဖွယ် ကာကွယ်ပေးနေပြီး သခင်နင်ကို ပြတ်သားသော ဆုံးဖြတ်ချက် ခိုင်မာသော အကြည့်များဖြင့် ကြည့်နေရှာတယ်။
“ဖေဖေ… ယွမ်မိသားစုဝင် တစ်ယောက်ယောက်ကို ထိမယ်ဆိုရင် သမီးကို အရင် သတ်လိုက်ပါ ဘာပဲဖြစ်ဖြစ် အဖေ စိတ်ထဲမှာ အဖေ့သမီး ဖြစ်တဲ့ ရှင်းအာက နင်မိသားစုလောက် အရေးမပါဘူးလေ…”
သခင်နင်ရဲ့ နှလုံးသားမှာ တုန်လှုပ်လာရပြီး တစ်စုံတစ်ရာကို ပြောဖို့ သူ့နှုတ်ခမ်းကို လှုပ်ဖို့ ကြိုးစားသော်လည်း နင်အေးရဲ့ ခံစားချက် ကင်းမဲ့ အသံက သူ့ကို နှောင့်ယှက် သွားခဲ့တယ်။
“ဖေဖေက သခင်ကောင်း တစ်ယောက်ပါ… ဒါပေမဲ့ ဖခင်ကောင်း တစ်ယောက်တော့ မဟုတ်ဘူး”
သူမအသံက သူ့နှလုံးသားကို ဆောက်ဖြင့် ထွင်းနေသလိုပါပဲ။ သူ့ကို ဆို့နစ် မွန်းကျပ်စေတယ်။
“သမီးလေး ပြောတာ မှန်ပါတယ်”
သခင်နင်လည်း နာကြည်းသော အပြုံး ပြုံးလိုက်တယ်။
“ဖေဖေက ဖခင် ကောင်း မဟုတ်သလို ခင်ပွန်းကောင်းလည်း မဟုတ်ပါဘူး နင်မိသားစု ဖေဖေ အများကြီး ပေးဆပ်ခဲ့ရသလို ဆုံးရှုံးခဲ့ရမှုကလည်း မနည်းမနောပါပဲ…”
သူ့မျက်နှာက မဲ့ရွဲ့သော အပြုံးနဲ့ မော့လာပြီး ကောင်မလေးရဲ့ ပြတ်သားသော မျက်နှာသေးသေးလေးကို ငေးကြည့်ကာ ပြောစရာ စကားများ မဲ့လာရတယ်။
“ဖေဖေ မိသားစုက ဖေဖေကို နားလည်ပေးမှာပါလို့ တွေးခဲ့ဖူးတယ်… ဖေဖေ အတွေးမှားခဲ့တာပဲ… ဖေဖေ ဘယ်လို ခံစားခဲ့ရလဲ ဆိုတာ သမီး ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး”
သခင်နင်နဲ့ နင်ရှင်းတို့ စကား ရှည်နေတာကြောင့် ထျန်းခယ် စိတ်မရှည်စွာ မျက်မှောင်ကြုတ် လိုက်တယ်။
“ဘာကို စောင့်နေတာလဲ… သူတို့ အားလုံးကို သတ်စမ်းပါ…”
“အစ်မ…”
ထျန်းလင်း မျက်နှာ ဖြူဖျော့သွားပြီး ထျန်းခယ် လက်မောင်းကို စိုးရိမ်တကြီး ဆုပ်ကိုင်လိုက်တယ်။
“အစ်မ… ကျွန်တော်က နင်ရှင်းကို နှစ်သက်ပြီး လက်ထပ်ချင်ခဲ့တာ… ဒါကြောင့်…”
“ပါးစပ် ပိတ်ထားစမ်း”
ထျန်းခယ်လည်း ထျန်းလင်းကို မကျေမနပ် ကြည့်လိုက်တယ်။
“နင် အခုထိ နားမလည် သေးဘူးလား… ဒီအပျက်မက ငါတို့ ထျန်းမိသားစုဝင် ဖြစ်ရမှာထက် ယွမ်မိသားစုနဲ့ အတူတူ နေချင်နေတာ… အခု ဒီကောင်မက ရွေးချယ်ထားပြီးပြီ… သူတို့အားလုံးကို ငရဲပို့ရမှ ငါ ကျေနပ်နိုင်မယ်”
ထျန်းလင်းက ငယ်ငယ်တည်းက သူ့အစ်မစကားကို မလွန်ဆန်ရဲဘူး။ သူ… ချက်ချင်း ပါးစပ်ပိတ်လိုက်ပြီး ဘာစကား အပိုမှ ထပ်မပြောရဲတော့ဘူး။ သို့သော်လည်း နင်ရှင်းကို ကြည့်နေသော သူ့မျက်ဝန်းမှာ သနားမှု … ကြေကွဲမှုများဖြင့် ပြည့်နှက်နေတယ်။
“ဟား… ဘယ်သူ့ကို ငရဲပို့ချင်နေတာလဲ”
ရုတ်တရက် အဖက်မလုပ်ဟန် အသံက လေဟာပြင်ကို ဖြတ်ကျော်ကာ လူတိုင်းနားသို့ ဖြတ်ကျော် ဝင်ရောက် လာခဲ့တယ်။
ရင်းနှီးသော အသံကို ကြားရတော့ နင်ရှင်းမှာ တော်တော်လေး ကြည်နူးသွားပြီး အပြာရောင်ဝတ်စုံနဲ့ အဘိုးအိုကို ကြည့်ရန် ခေါင်းလှည့် လိုက်တယ်။ သူမ ရင်နင့်လာပြီး သူမမျက်ဝန်းမှ မျက်ရည်များ ကျဆင်းလာရတယ်။
“ဘိုးဘိုး … ပြန်လာပြီ”
နင်အကြီးအကဲလည်း နင်ရှင်းအနား အမြန် သွားလိုက်တယ်။ သူမမျက်နှာပေါ်မှာ ထင်ရှားသော လက်ရာ အမှတ်အသားကို မြင်ရတော့ သူ မျက်မှောင်ကြုတ်ပြီး မေးလိုက်တယ်။
“မြေးလေးကို ဒီလို ဖြစ်အောင် ဘယ်သူ လုပ်တာလဲ”
***
အပိုင်း(၄၇၉)
YOU ARE READING
သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၄၀၁ မှ ၅၀၂)
Romantizmအပိုင်း၁၅၀၀အထိ freeလက်ဆောင်ယူပြီး Gp1ခုကို 2000ကျပ်ဖြင့် အားပေးလို့ ရပါတယ်