အပိုင်း(၄၅၃)
နင်ရှင်းကို ကုသခြင်း (၆)
သို့သော်လည်း ဒီတစ်ခေါက် နင်ရှင်း အပြင်းအထန် ဒဏ်ရာရမယ်လို့တော့ မထင်ထားခဲ့မိဘူး။ ဆေးမြို့တော်က မျိုးမစစ်ကောင်က သူမကို ဒီလို ဖြစ်အောင် လုပ်ဆောင်ရဲတယ်ပေါ့။
လူသတ်ချင်သော အငွေ့အသက်များက ပထမမြောက် အကြီးအကဲ မျက်ဝန်းမှာ တဖျတ်ဖျတ် လက်နေခဲ့လေတော့ ...။ နင်ရှင်း အသက်ရှင်မယ် ဆိုရင်တောင် သူ ... ဆေးမြို့တော်ကို ခွင့်မလွှတ်နိုင်ဘူး ...။ နင်ရှင်း ယွမ်အိမ်တော်မှာ ရှိတာကို သိနေခဲ့တာတောင် ယွမ်မိသားစုကို လျှို့ဝှက် တိုက်ခိုက်ရဲတယ်။ သူတို့က နင်မိသားစုကို ဂရုစိုက်နေစရာ မလိုဘူးလို့ တွေးနေတာ ရှင်းနေတာပဲ။
သို့သော်လည်း ပထမမြောက် အကြီးအကဲက ဆေးမြို့တော်မှ လူများကို မှားယွင်း စွပ်စွဲခဲ့တာပါ။ ယွမ်မိသားစုမှာ နင်ရှင်းရှိတာကို သိခဲ့ရင် သူတို့တွေ တိုက်ခိုက်ဖို့ ကြံရွယ်မှာ မဟုတ်ဘူး။ နင်ရှင်းကို နင်အကြီးအကဲနဲ့ လိုက်သွားတယ်လို့ ထင်ခဲ့တာကြောင့် သူတို့် ယွမ်အိမ်တော်ကို လာခဲ့တာပါ။
“နတ်ဘုရားများကို ကျေးဇူးတင်ပါတယ် ...နောက်ဆုံးတော့ နင်မိသားစုမှာ ပုံမှန် လူတစ်ယောက်ကို တွေ့လိုက်ရပြီ ...”
လင်းလောပိုင်လည်း သူမမေးဖျားလေးကို မော့လိုက်တယ်။ သူမရဲ့ ချစ်စရာကောင်းသော မျက်နှာလေးမှာ မာနဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေတာပေါ့။ သူမလည်း ပထမမြောက် အကြီးအကဲ၏ ပခုံးကို ပုတ်ကာ သင်ခန်းစာပို့ချ နေသကဲ့သို့ စကား ဆိုတော့တယ်။
“ရှင်တို့က သခင့် အရည်အချင်းကို ဘာကြောင့် မယုံကြည်ရတာလဲ ငါ့ဆရာက အရည်အချင်း မရှိရင် ယခင်သခင်က လက်စွပ်ပေးပါ့မလား”
သက်လတ်ပိုင်း အမျိုးသားမှာ မျက်နှာပူ သွားရတယ်။ အစတည်းက သူက ယွမ်လော့ဖုန်း အရည်အချင်းကို မယုံကြည်ခဲ့ဘူး။ သူမ ဘက်ကလည်း ရိုင်းစိုင်းတာကြောင့် အနည်းငယ် ဒေါသဖြစ်ရတယ်။ သို့သော်လည်း သူ့အဖေ လက်စွပ် သူမလက်ထဲမှာ ရှိနေတယ်ဆိုတာ သိခဲ့ရင်တော့ သူ ဒီလို ရိုင်းပျမှာ မဟုတ်ဘူး။
“ရှောင်ပိုင် မပြောနဲ့တော့”
ယွမ်လော့ဖုန်း ပြောလိုက်တယ်။
“နင်ရှင်းကို ကုသနေစဉ် ငါ့ကို မနှောင့်ယှက်နဲ့ ... နားလည်တယ်နော်”
“ဟုတ်ကဲ့”
လင်းလောပိုင်လည်း နာခံစွာ တုံ့ပြန်လိုက်ပြီး ယွမ်လော့ဖုန်း ဘေးနားမှာ တိတ်တဆိတ် ရပ်နေခဲ့တယ်။ ထို့နောက် ... သူမမှာ ရှိတဲ့ ယိုထိုးထားသော ဘယ်ရီသီး တုတ်ထိုးကို ထုတ်ကာ သကြားသုတ်ထားသော အနီရောင် သစ်သီးလေးကို ချစ်စရာကောင်းစွာ လျက်တော့တယ်။
အခန်း တစ်ခန်းလုံးက တိတ်ဆိတ်သွားခဲ့ပြီး လေးယောက်မြောက် အကြီးအကဲ ကိုယ်တိုင်တောင် ဘာစကားတစ်ခွန်းမှ မပြောရဲရှာတော့ဘူး။ သို့သော်လည်း သူ့မျက်လုံးများက အထင်မြင်သေးမှု များဖြင့် ပြည့်နှက် နေပါသေးတယ်။ သူက ဒီကောင်မလေးကို မယုံတာ ထင်ရှားနေတာပဲလေ သေလုမျောပါး အခြေအနေမှ အသက်ရှင်အောင် ကယ်တင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ... သူ လုံးဝ မယုံကြည်နိုင်ဘူး။
***
ဝေးလံသော တောင်တန်းမှာ အဘိုးအို တစ်ယောက် တရားထိုင်နေခဲ့ပြီး လူငယ်တစ်ယောက်ရဲ့ သတင်းပို့ခြင်းကို သူ ကြားလိုက်ရတော့ ချက်ချင်း မျက်လုံး ဖွင့်လိုက်တယ်။ အိုမင်သော မျက်နှာက ဒေါသဖြင့် ပြည့်နှက် နေတာပေါ့။
“ငါ မရှိတဲ့အချိန် ... ဆေးမြို့တော်က ယွမ်မိသားစုကို တိုက်ခိုက်ရဲတယ်လား ... ယွမ်မိသားစု ဘယ်လိုနေလဲ ... အဆင်ပြေရဲ့လား”
“နင်အကြီးအကဲ ... ယွမ်မိသားစုဝင်တိုင်း အဆင်ပြေပါတယ်.. နင်သခင်မလေးကို လုယင်းက အပြင်းအထန် ထိခိုက်စေခဲ့ပါတယ် ယွမ်ချင်ရာကို လုယင်း တိုက်ခိုက်ဖို့ ကြိုးစားစဉ်က သခင်မလေးကို ကာကွယ်ပေးခဲ့ပါတယ် အခုတော့ သူမ သေခြင်း ရှင်ခြင်းက မရေရာတော့ဘူး”
နင်အကြီးအကဲ ရှေ့မှာ ရပ်နေတဲ့ လူငယ်လေးက ဆေးစံအိမ်တော်မှ သမားတော် တစ်ယောက်ပါ။ နင်အကြီးအကဲ ဘယ်ရောက်နေလဲ ဆိုတာ ရှာဖို့ ရုန်အကြီးအကဲ အမိန့်ပေး ထားတာကြောင့် သူ ဒီနေရာကို ရောက်လာခဲ့တာပါ။ ကံကောင်းစွာနဲ့ သူ တရားကျင့်နေတဲ့ ဒီဝေးလံတဲ့ တောင်မှာ မြန်မြန်ဆန်ဆန် ရှာတွေ့ခဲ့တယ်။
သူ့စကားကို ကြားတော့ နင်အကြီးအကဲက ခက်ထန် ကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှင့်လိုက်ပြီး သူ့ပတ်ဝန်းကျင်မှ သစ်ပင် အားလုံးကို ဖျက်ဆီးလိုက်တယ်။ သူ့မှာ ဒေါသကြောင့် ခုန်ဆွ ခုတ်ဆွ ဖြစ်နေရပြီး အလွန်အမင်း ဖြူဖျော့နေသော မျက်နှာဖြင့် အော်ဟစ်တော့တယ်။
“ရှင်းအာ ဘယ်မှာလဲ”
အရင်ရက်ပိုင်းက သူ့အတားအဆီးကို ဖြတ်ကျော် နိုင်တော့မယ်လို့ ခံစားခဲ့မိတယ်။ မြင့်မားသော အဆင့်ကို ရောက်ရှိနိုင်ဖို့ နင်ရှင်းကို ယွမ်မိသားစုနဲ့ ထားခဲ့ပြီး တရားကျင့်ဖို့ တိတ်ဆိတ်တဲ့ နေရာကို ရှာခဲ့တာပါ။
ဒီရက်ပိုင်းအတွင်း ကိစ္စ အများကြီး ဖြစ်သွားမယ်လို့တော့ မထင်ထားခဲ့မိဘူး။
ဆေးမြို့တော် ...လုယင်း ... ကောင်းပြီ ... အရမ်းကို ကောင်းတယ် ... စာရင်းရှင်းကြတာပေါ့ ...
သူတို့က သူ့မြေးမလေးကို ထိခိုက်အောင် လုပ်ဆောင်ရဲတယ် ဆိုတော့ တစ်ဘဝလုံး နောင်တ ရသွားအောင် သင်ခန်းစာ ပေးရမယ်။
လူငယ်လေးလည်း နင်အကြီးအကဲကို စေ့စေ့စပ်စပ် ကြည့်လိုက်တယ်။
“မိန်းကလေး ဖုန်းရာက သခင်မလေးကို အသက်ရှင်အောင် ယာယီ ဆွဲဆန့်ထား ပေးပါတယ် ဒါပေမဲ့ သူမမှာ ဆယ်ရက်ပဲ အချိန်ရတယ် ... ရုန်အကြီးအကဲက ယွမ်မိသားစုရဲ့ အမွေဆက်ခံသူ မိန်းကလေးကို ရှာဖို့ လူလွှတ်ထားပါတယ် ... သူမ တစ်ယောက်တည်း နင်ရှင်းကို ကုသနိုင်မယ်လို့ ပြောတယ်”
ဆယ်ရက် ...။
နင်အကြီးအကဲမှာ နှလုံးခုန် ရပ်တန့်တော့မည့် အတိုင်း ခံစားရပြီး မေးလိုက်တယ်။
“ဘယ်နှရက် ကျန်သေးလဲ”
“ဒီနေ့က နောက်ဆုံးနေ့ ...”
“ဘာပြောလိုက်တယ်”
နင်အကြီးအကဲ မျက်နှာက ဖြူဖျော့သွားလေပြီ
“ယွမ်သခင်မလေး ဘယ်မှာလဲ ... ပြန်ရောက်လာပြီလား”
လူငယ်လေးက ခေါင်းညိတ်လိုက်တယ်။
“ယွမ်သခင်မလေး လွန်ခဲ့တဲ့ ရက်ပိုင်းက လုံယွမ်တိုင်းပြည်ကို ပြန်ရောက်လာပါတယ်”
***

YOU ARE READING
သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၄၀၁ မှ ၅၀၂)
Romanceအပိုင်း၁၅၀၀အထိ freeလက်ဆောင်ယူပြီး Gp1ခုကို 2000ကျပ်ဖြင့် အားပေးလို့ ရပါတယ်