408+409+410+411+412

541 29 0
                                    

အပိုင်း(၄ဝ၈)

လျှို့ဝှက်နယ်မြေ (၇)

 
ဒီလူအားလုံးရဲ့ မှတ်ချက်ချ ဝေဖန်သံကို ကြားရတော့ ဝေ့လျန့်ရယ် လှောင်ပြုံး ပြုံးမိတယ်။ တခြားလူအားလုံး သတိမထားမိခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သူက ယွမ်ရှောင်ရဲ့ အရှိန်အဝါ တန်ခိုးကို သူ သေသေချာချာ ရှင်းရှင်းလင်းလင်း မြင်လိုက်ပါတယ်။ လင်ယောင်ရဲ့ စိတ်စွမ်းအား ပေါက်ကွဲ ထွက်လာအောင် ယွမ်ရှောင် ထိန်းချုပ်ထားတာကို သူ တွေးနေဖို့တောင် မလိုအပ်တော့ဘူး။
ရှောင်မိသားစုရဲ့ အမှိုက်ကောင်က မရိုးရှင်းတာတော့ သေချာတယ်။ ရှောင်မိသားစုက တစ်ယောက်မှ မသိတာတော့ အတော်လေးကို ရယ်ဖွယ်ကောင်းတယ်။ ရတနာတစ်ပါးကို ညစ်ထေးသော အမှိုက်လို့ မှားယွင်း ယူဆရဲတယ်ပေါ့။
“ဝေ့လျန့်ရယ်… မင်းကို ဒီဖိတ်ရတဲ့ အကြောင်းအရင်းက ရှောင်မိသားစုရဲ့ တန်ဖိုးရှိတဲ့ အခိုက်အတန့်လေးမှာ သက်သေအဖြစ် ရှိနေစေချင်လို့ မင်းက ငါတို့ ရှောင်မိသားစုရဲ့ မြေးချွေးမလေးကို တိုက်ခိုက်ရဲတယ်ပေါ့၊”
ရှောင်လင်းမှာ ပို၍ တိုးလို့သာ ဒေါသထွက် လာရပြီး သူ့မျက်နှာထားက ဝေ့လျန့်ရယ်ကို ရွယ်ထားသော စူးရှ ထက်မြက်သော ဓားတစ်လက်နဲ့ ဆင်တူတယ်။
ဝေ့လျန့်ရယ်လည်း ဟားတိုက် ရယ်မောလိုက်တယ်။
“ငါ မင်းတို့ကို တစ်ခုတော့ ပြောလိုက်ချင်တယ် မင်းတို့ ရှောင်မိသားစုက လူအားလုံး ကန်းနေတာပဲ ရှောင်ယွီချင်းထက် ပိုပြီးတော့ ထူးချွန်တဲ့လူ မရှိဘူးတဲ့လား… မင်းတို့ တစ်စုံတစ်ရာကိုတော့ သတိလက်လွတ် ဖြစ်နေတာပဲ”
ယွမ်ရှောင်က ဘယ်သူမှ သတိမထားမိအောင် အားလုံးရှေ့မှာ လင်ယောင်ကို တိုက်ခိုက်နိုင်တယ်။ သူက အလွန် စွမ်းအား မြင့်မားတယ် ဆိုတာတော့ သေချာတယ်။ သူ့ထိုးထွင်း သိမြင်ဉာဏ်က  နိုးကြား တက်ကြွတာကြောင့်သာ မဟုတ်ရင် တခြားလူတွေလို ဒီကောင်လေး တန်ခိုးအရှိန်အဝါ ပြောင်းလဲတာကို သိမှာ မဟုတ်ပါဘူး။  ရှောင်မိသားစုမှ မောင်းထုတ်ခံရတဲ့ အမှိုက်ကောင်က သူ့တန်ခိုး အရှိန်အဝါကို ဖုံးကွယ်ထားတာကို ခံစားမိမှာ မဟုတ်ပါဘူး။
“ဝေ့မိသားစု ခေါင်းဆောင် ရှင် ဘာကို ဆိုလိုချင်တာလဲ”
လင်ယွဲ့လည်း မျက်မှောင်ကြုတ်ရင်း မကျေမချမ်း စကားဆိုတယ်။
“တစ်စုံတစ်ယောက်က ကျွန်မ သားလေး ယွီချင်းထက် သာလွန်တယ်ဆိုတာ ဘာကို ဆိုလိုချင်တာလဲ။ ဒီဝိညာဉ်ဘုံတစ်ခုလုံး အတွင်းမှာ ကျွန်မ သားကို ဘယ်သူမှ မယှဉ်နိုင်ဘူး”
ဝေ့လျန့်ရယ်လည်း လင်ယွဲ့ကို အေးတိအေးစက် စွေခနဲ ကြည့်လိုက်တယ်။
“ရှောင်ယွီချင်းကို ဘယ်သူမှ မယှဉ်နိုင်တာ သေချာပြီလား မင်းတို့တွေက ကန်းနေတဲ့ အတွက်ကြောင့် ရှောင်မိသားစုရဲ့ ပျောက်ဆုံးနေတဲ့ ပါရမီရှင်အကြောင်း ပြောလည်း အကြောင်း မထူးလာတော့ဘူး ဒါ့အစား ဝိညာဉ်နတ်ဘုရားတောင် သခင်ရဲ့ သမီးအကြောင်း ပြောကြတာပေါ့ သူမကလည်း ထူးခြားတဲ့ ပါရမီရှင် တစ်ယောက်ပဲလေ”
“ဟား…”
လင်ယွဲ့လည်း ထေ့ငေါ့ဟန် လှောင်ပြုံး ပြုံးလိုက်တယ်။
“သူက သမီးတစ်ယောက်လို့ ရှင်ပြောခဲ့တယ်နော် သူမအတွက်က မိသားစု မျိုးရိုးကို ဆက်ခံဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ သူမက ပါရမီရှင် တစ်ယောက် ဖြစ်နေမယ် ဆိုတောင် ဘာထူးခြားဦးမလဲ။ သမီးတစ်ယောက် ဖြစ်တဲ့အတွက် မိသားစုမျိုးရိုးကို မဆက်ခံနိုင်ဘူး၊ ငါတို့ ယွီချင်းလေးက အရည်အချင်း ရှိတဲ့အပြင် မျိုးရိုးတာဝန်ကို ထမ်းဆောင်နိုင်တယ်၊ ဒါကြောင့် သူ့ထက် သာလွန်နိုင်တဲ့ လူဆိုတာ ရှိပါဦးမလား”
ဝိညာဉ် နတ်ဘုရားတောင်က လျှို့ဝှက် ဆန်းကြယ်ပြီး အစွမ်း မြင့်မားသော်လည်း တောင်သခင်က သမီးတစ်ယောက်တည်း ရှိပြီး သားတစ်ယောက် မပိုင်ဆိုင်ဘူး။ မျိုးရိုးတာဝန်ကို ထမ်းဆောင်ဖို့ သားတစ်ယောက် မမွေးထားပေးနိုင်ဘူး။ ဒါကြောင့် ဒီကောင်မလေးက သူ့သားနဲ့ တန်းတူ ဆက်ဆံဖို့ မထိုက်တန်ဘူး။ ဒီမိန်းမပျိုလေးက ဘယ်လိုပဲ အရည်အချင်းရှိတဲ့ ပါရမီရှင် တစ်ယောက် ဖြစ်နေပါစေ နောက်ဆုံးမှာ သူမက တခြားမိသားစုရဲ့ ချွေးမ ဖြစ်လာမှာလေ။
ဒီစကားကို ပြောနေစဉ် လင်ယွဲ့ ဘာကိုမှ သတိမထားမိခဲ့ဘူး။ လင်းလောပိုင်မှာ ဒေါသစိတ်ကြောင့် အသားများ တဆတ်ဆတ် တုန်လာရတယ်။
"ကျွန်မက သမီးတစ်ယောက် ဆိုတော့လည်း ဘာဖြစ်လဲ၊... ကျွန်မအဖေမှာ သမီးတစ်ယောက်တည်း ရှိတော့ ဘာဖြစ်လဲ... မိန်းကလေးတွေက ဘာကြောင့် မိသားစု မျိုးရိုးတာဝန်ကို မထမ်းဆောင်နိုင်ရမလဲ ... ကျွန်မတို့ မိန်းကလေးတွေက ယောက်ျားလေးတွေထက် မညံ့ဘူး"
ထိုအခိုက်အတန့်မှာ လင်ယောင် ခန္ဓာကိုယ်အတွင်းမှ စိတ်စွမ်းအား တိုက်ခိုက်မှုများက မရပ်တန့်သွားဘူး။ နာကျင်ရလွန်းလို့ ကြမ်းပြင်မှာ လူးလိမ့်နေရှာတယ်။ ဘယ်သူမှ သူမကို အာရုံမစိုက်ကြဘူး။ သူမကို သိပ်ချစ်ပါတယ်ဆိုတဲ့ သူမအဘိုး ကိုယ်တိုင်ကပေါ့။ ဝေ့လျန့်ရယ် ခေါင်းဆောင်နေရာ စွန့်လွှတ်ဖို့ တွန်းအားပေးနိုင်မယ့် နည်းလမ်းကိုသာ စဉ်းစားနေတယ်။
ယွမ်ရှောင်ကတော့ သူမကို သနားညှာတာခြင်း မရှိဘဲ ဘေးနားမှ ပွဲကြည့်ပရိသတ် တစ်ယောက်လိုသာ ကြည့်နေခဲ့တယ်။ သူ့အတွက်တော့ ယွမ်လော့ဖုန်း တစ်ယောက်တည်းကိုသာ ကြင်နာယုယဖို့ လိုအပ်တယ်။ ကျန်တာ ဘာမှ မလိုအပ်ဘူး။ တခြားလူတစ်ယောက် ကြောက်ရွံ့ထိတ်လန့်ဖွယ် သေဆုံးရတာကို သူ ဂရုစိုက်မှာ မဟုတ်ဘူး။
"ကောင်မလေး... မင်းက အတော်အတင့်ရဲပြီး မာနခေါင်ခိုက်နေတာပဲ... မင်း အဖေက မင်းကို အလိုလိုက်တယ် ဆိုရင်တောင် သိပ်မကြာခင်မှာ မင်းက တခြား မိသားစုအတွက် ကလေး မွေးရမှာလေ... မင်းအဖေကလည်း သူ့ပစ္စည်းဥစ္စာကို တခြားလူ ပေးချင်ပါ့မလား... မင်းလိုအပြင်လူ တစ်ယောက်ကို သူ့တစ်သက်လုံး ရှာထားတာကို ပေးမယ့်အစား တူတစ်ယောက်ကို ပေးမှာပေါ့"
လင်ယွဲ့ နှလုံးသားမှာတော့... သမီးဆိုတာ မျိုးရိုးတာဝန်ကို မထမ်းဆောင်နိုင်တဲ့ အပြင်လူ တစ်ယောက်ပဲလေ။ တူညီတဲ့ မျိုးရိုးနာမည်ကို သုံးထားတာကြောင့် တူက ရင်းနှီးသေးတယ်လေ။ ကံကောင်းစွာနဲ့ လင်ယွဲ့က သားတစ်ယောက် မွေးပေးထားသေးတယ်... ဒါကြောင့် သူမက ဒီကိစ္စကို စိတ်ပူနေစရာ မလိုအပ်ဘူး။
ဝေ့လျန့်ရယ်လည်း နောက်တစ်ကြိမ် ခေါင်းကို ခါယမ်းလိုက်တယ်။ အသိဉာဏ်ရှိတဲ့ လူတစ်ယောက်သာဆိုရင် သူမလေးနဲ့ ပူးပေါင်းပြီး ဝိညာဉ်နတ်ဘုရားတောင် စကားကို နာခံမှာပေါ့။
 
***
အပိုင်း(၄ဝ၉)

သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၄၀၁ မှ ၅၀၂)Where stories live. Discover now