458+459+460+461+462

445 15 0
                                    

အပိုင်း(၄၅၈)

ဒုက္ခပင်လယ် ဝေစေခြင်း (၄)

 
“နင်အကြီးအကဲက ကျုပ်နဲ့ စာရင်းရှင်းဖို့ ဒီနေရာကို ရောက်လာတော့လည်း ကျုပ်က ကိုယ်တိုင် ရင်ဆိုင်ရတာပေါ့”
သူ့အကြည့်က နင်အကြီးအကဲပေါ် ကျရောက်နေသော်လည်း သူက လုကောကို စကားပြောနေတာပါ။
လုကောလည်း မျက်မှောင်ကြုတ် လိုက်တယ်။
“သဘောတူတယ် ... အကြီးအကဲ လုယင်း  ... ဒီအဘိုးကြီးကို ရှင်းလိုက်ပါ”
“ဟုတ်ကဲ့ပါ သခင်..”
လုယင်းလည်း ဂါရဝပြုခြင်း အမှုကို ပြုလုပ်လိုက်ပြီး သူ့မာန ထောင်လွှားနေသော မျက်ဝန်းများက နင်အကြီးအကဲဘက် လှည့်လိုက်တယ်။
“နင်အကြီးအကဲ ... ခင်ဗျားက ကျုပ်ထက် အစွမ်းမြင့်တယ် ဆိုတာ ကျုပ်သိပါတယ် ဒါကြောင့်လည်း ကျုပ်တို့ဆီ လာရဲတာပေါ့ ... ဒါပေမဲ့ ကျုပ် အမှားလုပ်ခဲ့တယ်လို့ မထင်ဘူး အပြစ်တင်သင့်တာက ခင်ဗျား ကိုယ်တိုင်ပဲ ... ကိုယ့်မြေးကိုယ် သေချာ  ဆိုဆုံးမမှုမရှိဘူး ယောက်ျားတစ်ယောက် ရင်ခွင်ထဲ ပြေးဝင်ရဲလောက်တဲ့အထိ အလိုလိုက်ထားတယ်”
“သောက်ရေးမပါတာ”
ဝုန်း ...
နင်အကြီးအကဲလည်း သူ့စွမ်းအား အကုန်လုံးကို ထုတ်လိုက်ပြီး သူ့မီးခိုးရောင် ဆံပင်များက လေထဲမှာ တဖျပ်ဖျပ် ရစ်ဝဲနေခဲ့တယ် ... သူ့မျက်ဝန်းများက အမုန်း မီးတောက်များဖြင့် တောက်လောင် နေတာပေါ့။ သူက အရာရာတိုင်းကို ဖျက်ဆီးနိုင်တဲ့ လုံလောက်တဲ့ အစွမ်းရှိသော လူတစ်ယောက်နဲ့ တူနေတယ်။
“လူယုတ်မာကောင်”
သူ့လက်ကို လှမ်းပြီး လုယင်းကို ဆွဲမလိုက်တယ်။ နင်အကြီးအကဲရဲ့ နဖူးပေါ်မှာ အပြာရောင် သွေးပြန်ကြောများက ပြင်းပြင်းထန်ထန် ခုန်နေလေရဲ့။ သူက အတော်လေး ဒေါသထွက်နေပုံ ရတယ် ...။ သူ့မြေးမလေးက သူ အချစ်ရဆုံး ကလေး  ... သူမလေးကို စော်ကား မော်ကား ပြောဆိုဖို့ ဘယ်သူကိုမှ ခွင့်မပြုဘူး။
“ခင်ဗျား အရှက်ကွဲ ရတာကြောင့် ဒေါသထွက် နေတာလား ... ကျုပ် ပြောတာ မှန်နေတယ်မလား ... လက်မထပ်ရသေးတဲ့ ခင်ဗျား မြေးက ယောက်ျားတစ်ယောက် ရှိနေတဲ့ အိမ်မှာ သွားနေပြီး သူနဲ့မေထုန်ပြုနေတာ ဖြစ်ရမယ် ... သူမရဲ့ ခန္ဓာကိုယ်ကို ယွမ်ချင်ရာကို ပေးအပ်ပြီးတာကြောင့် သူ့ကို အသက်နဲ့ ရင်းပြီး ကယ်တာ ဖြစ်မယ်  ... ငါ ပြောတာ မှန်တယ်မလား”
လုယင်းက အချီကြီး ပြုံးနေခဲ့ပြီး နင်အကြီးအကဲကို လုံးဝ မကြောက်သည့် သဘောရှိတယ်။
ဒုန်း …
နင်အကြီးအကဲလည်း လုယင်းရဲ့ ခန္ဓာကိုယ်ကို မြေကြီးပေါ် ကန်ချလိုက်ပြီး ဖြုံလောက်သော အရှိန်အဝါနှင့် ထိုးနှက် ကန်ခြင်းကို ပြုတော့တယ်။ ချက်ချင်းပဲ သူ့ဘေးနားမှ စားပွဲနှင့် ကုလားထိုင်များကို ဂယက်လှိုင်းပြင်းဖြင့် မတင်လိုက်ပြီး လေထဲ လွင့်စဉ်သွားစေတယ်။
ကြမ်းပြင်ပေါ် လဲကျနေသော လုယင်းမှာ သွေးဗွက်ဗွက် အန်တော့တယ်  ...။ ဒါပေမဲ့ သူ့ ဖြူဖျော့နေသော မျက်နှာမှာ အထင်မြင်သေးသော အပြုံးက ပိုပေါ်လွင် လာခဲ့တယ်။
“နင်အကြီးအကဲ  ... ဒီနေ့  ... ခင်ဗျား ကျုပ်ကို သတ်လိုက်မယ် ဆိုရင်တောင် ကျုပ် ပြောတဲ့ စကားကို ခင်ဗျား မငြင်းနိုင်ပါဘူး  ... ခင်ဗျား ... ကိုယ့်မြေးကိုယ် ကောင်းကောင်း မသွန်သင်ခဲ့တာကြောင့် ကိုယ့်ဘာသာ အပြစ်တင်တော့  ... ငါတို့က ဘာအမှားမှ မကျူးလွန်ခဲ့ဘူး”
နင်ရှင်း ထိခိုက် ဒဏ်ရာ ဖြစ်သွားတာက သူတို့ အပြစ် မဟုတ်ဘူးလို့ ပြောချင်တယ်လား ...။ ဆေးမြို့တော်က လုပ်သမျှက မှန်ကန်တယ်ပေါ့  ... နင်ရှင်းက သူမခန္ဓာကိုယ်နဲ့ ယွမ်ချင်ရာ ထိခိုက်မှာကို ကာဆီးခဲ့တာကြောင့် နင်ရှင်းက သူထိုက်နဲ့သူ ခံရတယ်ပေါ့ ... သူမ နဲ့ ထိုက်တန်တာကို ရလိုက်တာလို့ ပြောချင်တယ်ပေါ့။
ခွပ် ...
နင်အကြီးအကဲလည်း လုယင်းရဲ့မျက်နှာကို နောက်တစ်ကြိမ် ထပ်ထိုးလိုက်တယ်။ ချက်ချင်း သူ့မျက်နှာက ဝက်ခေါင်းကဲ့သို့ ဖြစ်သွားတယ်။ သူ့ပါးစပ်မှ သွေးများ အဆက်မပြတ် ကျဆင်း လာတော့တယ်။
“မင်း ဘာသိလို့လဲ ... ယွမ်ချင်ရာက ငါ့မြေးသမက်  ... ငါ့မြေးလေးက သူ့သတို့သားလောင်း အိမ်မှာနေတာ ဘာမှားယွင်းနေလို့လဲ”
ယွမ်ချင်ရာက စိတ်ထား ကောင်းမွန်ပြီး ရဲစွမ်းသတ္တိရှိတဲ့ ယောက်ျား တစ်ယောက်ပါ။ သူ့ကို မြေးလေး လက်ထပ်လိုက်လည်း မနစ်နာဘူးဆိုတာ သူ ယုံကြည်ထားတယ်။ ဒါပြင် ယွမ်မိသားစုမှာ ထူးခြားတဲ့ ယွမ်လော့ဖုန်း ရှိနေတယ်။ တစ်ချိန်ချိန်မှာ ယွမ်မိသားစုနဲ့ ပေါင်းစည်းခြင်းတဲ့ လူအများကြီး ရှိလာမယ်လို့ သူ ယုံကြည်မိတယ်။
“ဟား ...”
လုယင်းက သူ ဇာတ်လမ်းဆင်တာ အောင်မြင် သွားသကဲ့သို့ ကျိတ်ရယ်နေခဲ့တယ်။ သူ့မျက်ဝန်းမှ ကောက်ကျစ် စဉ်းလဲမှုများက အတိုင်းသားပဲ ...  သူ့ရှေ့မှာ အရူး အဘိုးကြီးကို အကြောက်အလန့် ကင်းမဲ့စွာ ကြည့်လိုက်တယ်။
“နင်မိသားစုမှ အမွေဆက်ခံသူ မိန်းကလေးက ယွမ်ချင်ရာလို လူမျိုးကိုတောင် လက်ထပ်ပြီး နင်မိသားစုကို ယိုယွင်းစေတော့မှာလား”
လုယင်းရဲ့ စကားကိုကြားပြီးနောက် သူ့ကို သတ်ဖို့ ရည်ရွယ်ထားတဲ့ နင်အကြီးအကဲမှာ ဖြည်းဖြည်းချင်း စိတ်တည်ငြိမ် လာခဲ့တယ်။ သူ့လက်သီးက လေထဲမှာ ရပ်တန့် သွားခဲ့တယ်။
“ငါ စိတ်ပြောင်းသွားပြီ”
နင်အကြီးအကဲလည်း စိတ်တည်ငြိမ်သွားပြီး သူ့မျက်လုံးများက ကြမ်းပြင်ပေါ် လဲလျောင်းနေတဲ့  အဘိုးကြီးကို သွေးအေးစွာ စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။
“ငါ့ရဲ့ မူလအစီအစဉ်က မင်းကို သတ်ဖို့  ... ဒါပေမဲ့ အခုတော့ ငါ စိတ်ပြောင်းသွားပြီ”
 
***
အပိုင်း(၄၅၉)

သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၄၀၁ မှ ၅၀၂)Where stories live. Discover now