ᴇɴᴇᴍʏ ᴛᴏ ʟᴏᴠᴇʀs {9}

565 100 0
                                    

"ဟန်ဘင်း"

"ဗြောလ် ဘယ်ကနေဘယ်လို"

‌ဗြောလ်က ဟန်ဘင်းတို့ဆီရောက်တာမို့ ဟန်ဘင်း မက်သရူးကိုလှမ်းကြည့်လိုက်သည် မက်သရူးအဆင်ပြေပါ့မလား

"ဒီအတိုင်း ဗြောလ်က အားလပ်ရက်လေးရလို့ အလည်လာလိုက်တာ"

"အော်"

"ဟန်ဘင်းတို့ ရိုက်ကူးရေးကော အဆင်ပြေရဲ့လား"

ဗြောလ်က သဘောရိုးနဲ့မေးချင်းမဟုတ်ပဲ မက်သရူးကို လှမ်းကြည့်ကာ မေး‌တာမို့
ဟန်ဘင်း စိုးရိမ်သွား၏

"အစ်ကို ဂျုံဝူး shooting ရပ်လိုက်လို့ရမလား ကျွန်တော် သိပ်နေမကောင်းလို့"

"ဗြုန်းစားကြီးပါလားမက်သရူး"

"ဟုတ်တယ် အစ်ကို ပတ်ဝန်းကျင်ရဲ့အနံ့အသက်က သိပ်မကောင်းလို့"

ထထွက်သွားသော မက်သရူးကိုကြည့်လိုက်တာနဲ့ ဒေါသထွက်သွားမှန်းသိသာသည်

"သူ့ ပုံစံကအရင်လိုပဲနော်"

"ဗြောလ် ဘာပြောစရာရှိလို့ ကျွန်တော့် ရိုက်ကွင်းဘက်ကို လာတာလဲ"

"အို...ဟန်ဘင်းက ဗြောလ်ကို စိမ်းခါးသွားပြီပဲ...ဘာလဲ ရည်းစားဟောင်းဖြစ်သွားလို့လား"

"တော်ပါ ဗြောလ်ရယ် အရင်က ကိစ္စတွေ ပြန်မတူးဖော်ပါနဲ့....ပြီးတော့ ကိစ္စမရှိရင် ကျွန်တော့်ဆီ သိပ်မလာပါနဲ့ လူတွေမြင်ရင် မကောင်းဘူး....သွားခွင့်ပြုပါဦးဗြောလ်"

တကယ်ဆို ဟယ်ဗြောလ်နဲ့ ဟန်ဘင်းတို့ တွဲခဲ့တာ တစ်လတောင်မပြည့်ဘူး ဗြောလ်ဘက်က date မလားဆိုတဲ့ စကားကို ဟန်ဘင်းငြင်းလိုက်ရင် မကောင်းတာမို့ လက်ခံခဲ့တာ ဗြောလ်က မိန်းကလေးတန်မဲ့ ဟန်ဘင်းကို အရင်ဆုံးဖွင့်ပြောတာမို့ ဟန်ဘင်း လက်ခံပေးလိုက်ခြင်း‌ပင်ဖြစ်သည် လမ်းခွဲတာကလည်း ဗြောလ်က အခြားသူနဲ့ ဖောက်ပြန်ခဲ့ခြင်း‌ကြောင့်ပင် အခုလည်း ဘာအကြောင်းပြချက်မှ မရှိပဲ ဟန်ဘင်းဆီလာကာ မက်သရူးကိုရန်စနေသေးသည်။

"ချူး"

"ဝုန်းဂီ ငါ့အခန်းထဲ ဘယ်သူ့မှ မဝင်စေနဲ့"

"ဟုတ်....ဟုတ်အစ်ကို"

မက်သရူး ဒေါသထွက်လာတာ အမှန်ပင် ဆောင်းဟန်ဘင်းကြောင့်လားဆိုတော့လည်း မဟုတ်ပေ ဟယ်ဗြောလ်....ဟယ်ဗြောလ်က ကျွန်တော်သိတဲ့ ‌ဟယ်ဗြောလ်မဟုတ်ခဲ့ဘူး

ᴇɴᴇᴍʏ ᴛᴏ ʟᴏᴠᴇʀsWhere stories live. Discover now