မက်သရူး ကိုယ့်ကိုယ်ကိုယ် အကြိမ်ပေါင်းများစွာ စမ်းစစ်ကြည့်ပြီးမှ ဆုံးဖြတ်ချက်ချခဲ့တာ မက်သရူးတကယ် ဆောင်းဟန်ဘင်းကိုချစ်မိသွားတယ်ဆိုတာအမှန်ပင်
"မက်သရူး ဒီည scene အတွက်အဆင်ပြေပါတယ်နော်"
"အစ်ကိုဂျုံဝူးကလည်း ကျွန်တော်က ရုပ်ရှင်ဘဝနဲ့ လက်တွေ့ဘဝကို ခွဲခြားထားပါတယ်နော်"
ရယ်ကာပြောနေပေမဲ့ မက်သရူးပုံစံက အသက်မပါ
"မက်သရူး အစ်ကိုမေးစရာရှိတယ်"
"မေးလေ အစ်ကို"
"မက်သရူး ဟန်ဘင်းကို ချစ်မိသွားတာလား"
ရုတ်တရက် မေးလာသော အစ်ကိုဂျုံဝူးကြောင့် မက်သရူးအနည်းငယ် လန့်သွားရတယ်"
"အစ်ကို...အဲ့တာကို...ဘယ်လိုသိ"
"အစ်ကိုက ဒါရိုက်တာတစ်ယောက်ပါ အစ်ကိုက မင်းသားတွေအကုန်လုံးကို မျက်လုံးထောင့်ထောင့်ကြည့်နေတာတဲ့သူ ဘယ်သူက ဘယ်သူ့အပေါ် မေတ္တာရှိနေတာလဲကအစသိပါတယ် ဥပမာ ယူဂျင်းတို့ပေါ့"
"အစ်ကိုက အကုန်သိနေတာပဲ"
"မက်သရူး ဟန်ဘင်းကို ဘယ်အချိန်ကစပြီးချစ်မိသွားတာလဲ"
"ကျွန်တော် မသိဘူး အစ်ကိုရယ် ဖြစ်နိုင်ရင် မချစ်ချင်ဘူး အစ်ကို"
"မက်သရူးရယ်"
မျက်ရည်တွေဝဲကာ ပြောနေသော မက်သရူးကိုကြည့်ရင်း ဂျုံဝူး ရင်ထဲမကောင်း
"ဒီကိစ္စတွေကို အစ်ကိုပဲ သိထားပေးပါ"
"အင်းပါ မက်သရူးရယ် အစ်ကိုဘယ်သူ့ကိုမှမပြောပါဘူး"
"အစ်ကိုဂျီဝန်းကိုလည်းမပြောရဘူးနော် ရည်းစားဆိုတော့ ပြောနေမှာဆိုးလို့"
"အာ...မက်သရူး သိနေတာလား"
"ကျွန်တော်တစ်ယောက်ထဲလား ရိုက်ကွင်းက သူတွေအကုန်သိတယ်"
ခုနက မျက်ရည်တွေဝဲနေတဲ့ ကလေးက အခုတော့ ရယ်ကာ ဂျုံဝူးကိုစနေလေရဲ့
"ဘယ်ကနေဘယ်လို...."
"ဘယ်ကနေဘယ်လိုမှ မဟုတ်ဘူး ဂွမ်အုပြောတာ သူကိုယ်တိုင် date နေတာ တွေ့ ခဲ့တယ်ဆိုပြီး လိုက်ပြောနေတာလေ"
YOU ARE READING
ᴇɴᴇᴍʏ ᴛᴏ ʟᴏᴠᴇʀs
Romanceဆောင်းဟန်ဘင်း မင်းကိုလေ ငါတကယ်ကိုကြည့်လိုကိုမရဘူး ဒီမှာ ဆော့မက်သရူး ငါလည်းမင်းကို ကြည့်လို့ရတယ်ထင်နေလား