ᴇɴᴇᴍʏ ᴛᴏ ʟᴏᴠᴇʀs {14}

545 74 0
                                        

"ကျွန်တော်တို့ အုပ်စုခွဲသွားကျမလား အခုကလူတွေအများကြီးဖြစ်နေတာ"

sea life မှာ အခုလိုလူတွေအများကြီးနဲ့ သွားဖို့က မဖြစ်ဘူးလေ

"ဟုတ်တယ် ဒီလိုလုပ် ကျွန်တော်ရယ်၊ယူဂျင်း၊ဂွမ်အု၊အစ်ကိုဟောက်၊ထယ်ရယ်၊ဂျွန်ဟျွန်း တို့တစ်ဖွဲ့ ကျန်တဲ့ အစ်ကိုတို့တစ်ဖွဲ့ပေါ့"

အစ်ကိုဟောက်က ရိုက်ကူးရေးနဲ့တော့ မဆိုင်ပါဘူး ပျင်းနေလို့ဆိုပြီးအကြောင်းပြချက်နဲ့လိုက်လာတာပဲ ဂွမ်အုကြောင့်ဆိုတာ လူတိုင်းသိနေတာပဲ‌ကို

"မဖြစ်ဘူး မင်းတို့သုံးယောက်ကိုငါစိတ်မချဘူး"

"အစ်ကိုဂျုံဝူး ကျွန်တော်ရယ် ယူဂျင်းရယ် အစ်ကိုဟောက်လည်းပါပါတယ် ကျွန်တော်တို့ထိန်းလိုက်ပါ့မယ်"

"ထယ်ရယ် ငါယုံလိုက်မယ်နော်"

"စိတ်ချပါ အစ်ကိုဂျုံဝူးကလည်း"

"ဒါဆို ကျွန်တော်တို့ ဒီဘက်ကနေပဲ စသွားလိုက်မယ်နော် ဒါနဲ့ ပြီးရင်ဘယ်အချိန်မှာပြန်ဆုံကျမလဲ"

"5ခွဲလောက်ကျရင် ထွက်ပေါက်မှာတွေ့ကျတာပေါ့"

"အိုကေအိုကေ"

ဂျုံဝူးကို လက်အမူအရာနဲ့ အိုကေပြသွားပြီး ထွက်သွားတဲ့ ဂျွန်ဟျွန်းတို့ကိုကြည့်ပြီး စိတ်မအေး ပြဿနာတော့ မရှာလောက်ပါဘူးနော် သူတို့က ယုံရတာမဟုတ်

~

"ဟန်ဘင်း လှတယ်နော်"

အစ်ကိုဂျုံဝူးတို့လည်းပါသည်မို့ မက်သရူးတို့  အခေါ်‌အဝေါ်တွေ အနည်းငယ်ပြောင်းသုံးလိုက်ကျ၏

"အင်း လှတယ်"

ဟန်ဘင်းက မက်သရူးပြနေတဲ့ ငါးအုပ်စုကိုကြည့်ကာပြောချင်းမဟုတ်ပဲ မက်သရူးကိုကြည့်ကာပြောလာသည် ဒီလူကတော့ တကယ်ပဲ လူကိုရှက်ရအောင်

"မက်သရူးတို့ကို ဓာတ်ပုံရိုက်ပေးရမလား"

"ကောင်းတယ် အစ်ကိုဂျုံဝူး ရိုက်ပေးပါဦး...လှလှလေးနော်"

"ဟုတ်ပါပြီဗျာ"

မက်သရူးရဲ့ ခေါင်းကို ဖွကာကိုင်ထားတဲ့ ဆောင်းဟန်ဘင်းကို မက်သရူးတကယ်မနိုင်ဘူး

ᴇɴᴇᴍʏ ᴛᴏ ʟᴏᴠᴇʀsWhere stories live. Discover now