"ရား! ဂွန်ဂျွန်ဟျွန်း လိုက်မနှောက်ယှက်ပါနဲ့ဆို"
"ကင်မ်ထယ်ရယ် မင်းမအော်နဲ့နော် ဒီလောက်ထိ ပစ်ထားတာကျ လွန်လွန်းနေပြီမဟုတ်လား ပဲရစ်ကနေ ပြန်လာတာ 15ရက်လောက်ရှိနေပြီ ပဲရစ်မှာလဲ စာပဲရေး ဒီမှာလည်း စာပဲရေးနေတာကြီးက မဟုတ်သေးဘူးလေကွာ"
"ဒါပေမဲ့ producer က မူကြမ်းတောင်းနေပြီလေ"
"အဲ့လောက် အရေးကြီးနေလည်းနေတော့ ရက်စွဲလေး ဘာလေးလည်းကြည့်ဦး ဘယ်နေ့တွေ ဘယ်လတွေ ဘယ်ခုနှစ်တွေရောက်နေလဲ မသိမှာဆိုးလို့...ငါသွားပြီ"
ငါသွားပြီဟုဆိုကာ ဒုန်းခနဲမြည်အောင် တံခါးကို စောင့်ပိတ်သွားတဲ့ ဂျွန်ဟျွန်းကြောင့် ထယ်ရယ်အနည်းငယ် စိတ်ရှုပ်လာမိသည် အရင်က ဒီလိုပုံစံမျိုး မဟုတ်ပါဘူး ထယ်ရယ်စောင့်ဆိုစောင့်ပေးပြီး ထယ်ရယ့်အပေါ်ကောင်းတဲ့ ဂျွန်ဟျွန်းကအခုမှ
ထယ်ရယ်လည်း ဂျွန်ဟျွန်းပြောသလို ပြက္ခဒိန်ကို ကြည့်လိုက်တော့မှ
"2.2.2023"
အာ...ထယ်ရယ်မေ့နေခဲ့တာပဲ ဒီနေ့က ထယ်ရယ်တို့ရဲ့ 3 years anniversary ပဲ ထယ်ရယ်မေ့နေခဲ့တာ ဒါကြောင့် ဂျွန်ဟျွန်း စိတ်မကောင်းဖြစ်သွားတာကို ဒါကိုတောင်ထယ်ရယ်ကမသိပဲ အော်လိုက်မိသေးတာ
ညနေကျရင် ဟျွန်းပြန်လာမှာပါ ထယ်ရယ် ဟင်းလေးချက်ပြီးစောင့်လိုက်ပါဦးမယ်လေ ပြီးမှချော့ရတာပေါ့
9:45အခုထိပြန်မလာသေးဘူး ဂွန်ဂျွန်ဟျွန်း ဘယ်တွေများသွားနေတာလဲ လူကိုစိတ်ပူရအောင်
~
"ဟျောင့် မင်းပဲစဉ်းစားကြည့်ကွာ anniversary dayကိုတောင် မမှတ်မိဘူးတဲ့ အဲ့တာက ငါ့ကိုတကယ် အလေးမထားဘူးလို့ဆိုလိုတာပဲမဟုတ်လား"
မူးမူးရူးရူးနဲ့ ဂယူဘင်အိမ်မှာ လာသောင်းကျန်းနေတဲ့ ဂွန်ဂျွန်ဟျွန်း ညနေ ထဲကရောက်နေတာ အခုထိမပြန်သေး
"အေးပါကွာ ပြန်တော့လေကွာ ထယ်ရယ်ကမင်းကိုစိတ်ဆိုးသွားဦးမယ်"
"ဆိုးဆိုးနေပေါ့ကွာ...တကယ်ဆို ငါကတောင် စိတ်ဆိုးရဦးမှာ အေ့...."
"မင်း မအန်ချလိုက်နဲ့နော် ဂျွန်ဟျွန်း"
ငါ့အားလေးရက်လေးက တကယ့်ကို စိတ်ညစ်စရာပဲ
YOU ARE READING
ᴇɴᴇᴍʏ ᴛᴏ ʟᴏᴠᴇʀs
Romanceဆောင်းဟန်ဘင်း မင်းကိုလေ ငါတကယ်ကိုကြည့်လိုကိုမရဘူး ဒီမှာ ဆော့မက်သရူး ငါလည်းမင်းကို ကြည့်လို့ရတယ်ထင်နေလား
