"ချူး"
"အွင်းပြောလေကိုကို"
"ကိုယ်တို့ရိုက်ကူးရေးပြီးတော့မယ်နော်"
ဟုတ်တာပေါ့ ရိုက်ကူးရေးပြီးဖို့ တစ်ပတ်ပဲကြာတော့တာ ဘာလိုလိုနဲ့ မက်သရူးတို့ရဲ့ဇာတ်လမ်းကားတောင်ပြီးတော့မှာပဲ
"ကိုယ်တို့ ကိုယ့်ရည်းစားလေး
မင်ဟျောင်း{matthew's character}ကို လွမ်းနေရတော့မှာပဲ""ဆောင်းဟန်ဘင်း က မင်ဟျောင်းကိုလွမ်းရအောင် မင်ဟျောင်းနဲ့ချွတ်စွပ်တူတဲ့ လူကလက်တွေ့ဘဝမှာ မရှိလို့လား?"
"ချူးက စိတ်ဆိုးသွားတာလား"
"....."
"အိုက်ဂူး...ချူးရယ် ကိုယ့်ကိုကိုယ်သဝန်တိုနေတာလား အရူးလေးပဲ"
"ကိုယ့်ကိုကိုယ်မှမဟုတ်တာ အီမင်ဟျောင်းနဲ့ ဆော့မက်သရူးက အကျင့်လည်းမတူဘူး ပုံစံလည်းမတူဘူး တစ်ခြားစီ"
ဟန်ဘင်းကလေးလေးက တကယ့်ကိုချစ်စရာလေး မင်းဟျောင်းကိုလွမ်းတယ်ပြောမိလို့ စိတ်ဆိုးတာတဲ့လေ
"အခုပြော အီမင်ဟျောင်းလား
ဆော့မက်သရူးလား""တကယ့်ကို အကျပ်ရိုက်တဲ့မေးခွန်းပါလား"
"ရား! ဆော့မက်သရူးလို့ဖြေလိုက်ရင်ရနေပြီကို ဘာတွေအကျပ်ရိုက်တယ်လုပ်နေတာလဲ"
"ဖြေမလို့ပါဗျာ...ကိုကို့ချူးလေးကလဲ"
"တော်စမ်းပါ လွှတ်လာမဖက်နေနဲ့ နှစ်ရက်တိတိစကားမပြောဘူး ခင်ဗျားကို"
"ဟော အဲ့လိုတော့ မလုပ်ပါနဲ့ကွာ ရက်စက်တော့မှာလား ကိုကို့ကို"
"အင်း နှစ်ရက်တိတိ အီမင်ဟျောင်းနဲ့ပဲစကားပြောရမယ် ဆော့မက်သရူးနဲ့စကား
လုံးဝမပြောစေရဘူး...အဲ့ကျမှာ အီမင်
ဟျောင်းက အရေးကြီးလား ဆော့မက်သရူးက အရေးကြီးလား ဆုံးဖြတ်""ချူး....ချူး"
တကယ့်ကို ချူးက စကားတည်ပါတယ် ဇာတ်လမ်းရိုက်မှ ချူးမျက်နှာကိုမြင်ရတယ် ရိုက်ကူးရေးပြီးတာနဲ့ ပျောက်ချင်းမလှပျောက်သွားတော့တာပဲ နှစ်ရက်တဲ့ နေ့တစ်ဝက်တောင် ဟန်ဘင်းမှာ မနေနိုင်ဖြစ်နေတာကို
YOU ARE READING
ᴇɴᴇᴍʏ ᴛᴏ ʟᴏᴠᴇʀs
Romanceဆောင်းဟန်ဘင်း မင်းကိုလေ ငါတကယ်ကိုကြည့်လိုကိုမရဘူး ဒီမှာ ဆော့မက်သရူး ငါလည်းမင်းကို ကြည့်လို့ရတယ်ထင်နေလား