"အခုရက်ပိုင်း အစ်ကိုတို့နှစ်ယောက်အတော်ခင်လာတယ်နော်"
"ဟုတ်တယ် ငါလည်းပြောမလို့ အရင်ကဆို ဇာတ်လမ်းထဲမှာပဲ စကားပြောကျတာ အခုဆို ရိုက်ကူးရေးမစခင်ထဲက စကားတွေပြောနေကျတာ ရိုးတော့မရိုးသားတော့ဘူး"
"ဂွမ်အုကလည်း ရိုက်ကူးရေးလုပ်တာဘယ်လောက်ကြာပီလဲ ဒီလောက်တော့ ရင်းနှီးလာပြီပေါ့"
ဂယူဘင်နဲ့ ဂွမ်အုအကြောင်း မက်သရူးသိတာမို့ မက်သရူးဝင်ကာ ဖြေရှင်းရ၏
"ကောင်းပါတယ်လေ အခုလို ကမ္ဘာ့ရန်ဘက်နှစ်ယောက် တည့်သွားကျတယ်ဆိုတော့လဲ...ဒါနဲ့ ဟျောင်တို့မနေ့က date နေတာလား café မှာတွေ့လိုက်လို့"
"မဟုတ်ဘူး"
"ဟုတ်တယ်"
ကိုယ်ကဖုံး သူကဖော်နဲ့ကောင်းလိုက်တာ အစ်ကိုတော်ဆောင်းဟန်ဘင်းရယ်
"အစ်ကိုတို့ကလည်း ဘယ်လိုကြီးလဲ ဟုတ်တာလားမဟုတ်တာလား"
"ဂွမ်အုရာ မေးမနေနဲ့တော့ ဟိုမှာအစ်ကိုမက်သရူး နာရွက်တွေနီလာပြီ သိလား အစ်ကိုမက်သရူးနာရွက်နီလာပြီဆို အဲ့တာရှက်နေလို့ပဲ"
"ဂယူဘင် မင်းမဟုတ်တာမပြောနဲ့...ငါ..ဟို..အေးနေလို့"
"အိုမိုအိုမို..ဟုတ်ပါပြီ ယုံလိုက်ပါ့မယ်"
မွှေတုန်းက မွှေပြီး ကြိတ်ပြုံးနေတဲ့ ဆောင်းဟန်ဘင်းဆိုတဲ့ မက်သရူးရည်းစား ကြည့်နေ မနက်ဖြန် မက်သရူး ဆောင်းဟန်ဘင်းကို morning kiss မပေးဘူးတကယ်။
~
"ယူဂျင်းနီလေးရေ"
"ဘာကို ယူဂျင်းနီလေးရေလည်း ပစ်တုန်းကပစ်ထားပြီး သွားပါ ကိုယ့်သူငယ်ချင်းတွေဆီကိုပဲသွား မလာနဲ့"
"ဟော..ကိုကို့အသဲတုန်းလေးက စိတ်ဆိုးနေတာလား...အိုက်ဂူး ဘယ်လိုချော့ရပါ့မလဲ"
တကယ့်ကို ကိုကိုက အကျင့်မကောင်းဘူး
ယူဂျင်းကိုပစ်ကာ သူ့သူငယ်ချင်းတွေဖြစ်တဲ့ အစ်ကိုဂွမ်အု နဲ့ အစ်ကိုဂျွန်ဟျွန်းဆီပဲသွားနေတာ သူ့သူငယ်ချင်းနှစ်ယောက်ကို သူ့ရည်းစားတွေလို့များ ထင်နေလားမသိ
YOU ARE READING
ᴇɴᴇᴍʏ ᴛᴏ ʟᴏᴠᴇʀs
Romanceဆောင်းဟန်ဘင်း မင်းကိုလေ ငါတကယ်ကိုကြည့်လိုကိုမရဘူး ဒီမှာ ဆော့မက်သရူး ငါလည်းမင်းကို ကြည့်လို့ရတယ်ထင်နေလား
