ᴇɴᴇᴍʏ ᴛᴏ ʟᴏᴠᴇʀs {5}

672 107 11
                                        

ညနေကစောင်းနေပြီမို့ အနည်းငယ်မှောင်လာသည် ဆောင်းဟန်ဘင်းကို လှမ်းကြည့်တော့ မက်သရူးနဲ့အဝေးကြီးမှာ‌ထိုင်နေသည် အခန်းကလည်းကျယ်တာမို့ ဟန်ဘင်းနဲ့ မက်သရူးက အတော်ဝေးသည်

"တကယ်ကြီး ငါရဲ့အဝေးမှာထိုင်နေတာပဲ ဘယ်လိုလုပ်ရမလဲ မှောင်လာပြီကို ငါကပဲ သူနေတဲ့နေရာနားမှာ ရွှေ့ထိုင်လိုက်ရမလား....မဖြစ်သေးပါဘူး ဆော့မက်သရူးရယ် မင်းသိက္ခာကျတာပေါ့"

ဟန်ဘင်း မက်သရူးကို‌လှမ်းကြည့်လိုက်တော့ ထိုကောင်လေးက ခေါင်းလေးကိုငုံ့ထားကာ ငုတ်တုပ်လေးထိုင်နေသည်

"ချစ်တော့ချစ်စရာလေးပဲ"

ဟန်ဘင်း မက်သရူးကိုပဲကြည့်နေမိသည် တစ်ချက်တစ်ချက် မက်သရူး လေးကလည်း တုန်တက်လာသည်ကိုလည်းတွေ့လာရ၏

"ချမ်းနေတာများလား"

"ဟေး ဆော့မက်သရူး ဘာဖြစ်လို့လဲ"

ဟန်ဘင်းကို ခေါင်းမော့ကာကြည့်လာသော မက်သရူးက မျက်ရည်တွေများနဲ့ နှာခေါင်းလေးကလည်းနီလို့

ဟန်ဘင်းလည်း ခပ်မြန်မြန် မက်သရူးနားကိုအမြန်သွားလိုက်ကာ

"ဘာဖြစ်တာလဲ မက်သရူး"

"ငါ....ငါ...အမှောင်ကြောက်တယ်"

ပြောရင်းနဲ့ငိုလာသော မက်သရူးကိုကြည့်ရင်း ဟန်ဘင်းသနားမိ ဟန်ယူဂျင်းက မက်သရူးအမှောင်ကြောက်တာကိုမသိဘူးလား

"အမှောင်ကြောက်တာကို ဘာလို့ ငါနဲ့ဝေးရာမှာထိုင်‌ရတာလဲ"

"ငါ....ငါ....ဟင့်..."

ပြောကာမှ ငိုလာသော မက်သရူးကိုကြည့်ရင်း ဟန်ဘင်းမှာအသည်းတွေတအားယား ဒီကောင်လေးမှာ ဒီလိုပုံစံမျိုးလည်းရှိသေးတယ်လား

"တိတ်တော့ ငါရှိတယ် မငိုနဲ့တော့"

"....."

"အရူးလေး ကြောက်တာကို စောစောထဲကမပြောဘူး"

ဟန်ဘင်းအသည်းတယားယားဖြစ်နေသော မက်သရူးဘေးနားမှာ ဝင်ထိုင်လိုက်တော့သည် နောက်တော့ ထိုကောင်လေးက
မငိုတော့ဘဲ တိတ်သွား၏

"ကျေးဇူး"

"ဘာပြောတာလဲ မကြာရဘူး"

တစ်မိုးအောက် မက်သရူးက ကျေးဇူးတင်စကားပြောနေတာကို ‌ဟန်ဘင်းထပ်မကြားချင်ဘူးပြောရင် လိမ်ရာကျမှာပေါ့

ᴇɴᴇᴍʏ ᴛᴏ ʟᴏᴠᴇʀsWhere stories live. Discover now