မက်သရူးကို ကြည့်နေတဲ့ ဟန်ဘင်းမျက်လုံးတွေက တကယ့်ကိုအသက်ဝင်နေခဲ့တာ ဘာလို့ပါလိမ့် မက်သရူးကလည်း ဘာကိစ္စရင်တွေခုန်နေရတာလဲ ဒီအကြည့်တစ်ချက်ကိုလေ
"ကဒ်"
"ဒီ scene ကရိုက်လာတာတွေထဲမှာ အကောင်းဆုံးပဲ ပင်ပန်းသွားကျပြီ မင်းသားတို့"
"ဒါရိုက်တာကြီး ကြိုးစားမှုတွေကြောင့်လဲပါ ပါတယ်နော်"
"မဟုတ်ပါဘူးဗျာ"
ဆောင်းဟန်ဘင်းက ဘာလို့ အဲ့လောက် လူမှုဆက်ဆံရေးကောင်းရတာလဲ အမြင်ကတ်ဖို့ကောင်းအောင် ဘာလို့ အဲ့လောက်တောင် ပြုံးနေရတာလဲ လူကိုရင်ခုန်စေအောင်
"မက်သရူး ဘယ်သွားမလို့ ခနနေပါဦး ငါနဲ့ ဒီအခန်း rehearsal တိုက်ရအောင်"
"ကိုယ့်...ဘာသာတိုက်လေ ငါ....မအားဘူး"
စကားတထစ်ထစ်နဲ့ ပြောသွားသော မက်သရူးကိုကြည့်ရင်း ဟန်ဘင်းမှာ အသည်းတွေယား မဟုတ်မှလွဲ ဒီကောင်လေး မနေ့က ဟန်ဘင်းရင်ခွင်ထဲမှာ အိပ်မိလို့ ရှက်နေတာများလား။
🌷
"ဂျုံဝူး"
"ဒီနေ့ ရိုက်ရမဲ့ အခန်းမရှိသေးဘူးမင်းသား"
"ဘာလို့ စကားကိုအခုလို ခပ်တည်တည်ကြီးပြောရတာလဲ"
"....."
"ဘာလဲ မနေ့က အစ်ကို ဂျုံဝူးကို ရည်းစားစကားပြောမိတဲ့ကိစ္စ....."
"ကျွန်တော့်ကို သွားခွင့်ပြုပါဦး"
ဂျီဝန်း အနည်းငယ် ပြုံးလိုက်မိသည် ဒီကောင်လေးက ဂျီဝန်းကို ရှက်နေတာပဲ
တကယ့်ကို ဒီလူက ဘယ်လိုပါလိမ့် ရည်းစားစကားပြောတဲ့ကိစ္စကို အခုလိုလူတွေကြားထဲမှာပြောရသလား သူမရှက်ဘူးလား
"ထယ်ရယ် ဒါလေးစားကြည့်"
"ငါစာရေးနေလို့ မအားသေးဘူး ဂျွန်ဟျွန်း"
"အဲ့တာဆို ကိုခွံကျွေးမယ်.......ပါးစပ်လေးဟပါဦး...အာ...."
"ဂျွန်ဟျွန်းငါက ကလေးလား"
"ကလေးပဲလေ ကိုယ့်မျက်လုံးထဲမှာ ကလေးပဲ...ဘယ်လိုလဲ ဒီ cookie စားကောင်းလား"
YOU ARE READING
ᴇɴᴇᴍʏ ᴛᴏ ʟᴏᴠᴇʀs
Romanceဆောင်းဟန်ဘင်း မင်းကိုလေ ငါတကယ်ကိုကြည့်လိုကိုမရဘူး ဒီမှာ ဆော့မက်သရူး ငါလည်းမင်းကို ကြည့်လို့ရတယ်ထင်နေလား
