ᴇɴᴇᴍʏ ᴛᴏ ʟᴏᴠᴇʀs {4}

643 100 9
                                    

"အစ်ကို"

"ဂွမ်အု လာလေ"

"ဒီမှာ ကျွန်တော်အစ်ကို့အတွက် ဝတ်စုံလေးပြန်ဝယ်လာခဲ့တာ ပုံစံတူအတိအကျတော့မဟုတ်ပေမဲ့ အစ်ကိုသဘောကျမယ်ထင်ပါတယ်"

"ရပါတယ် မဆိုးဘူး လှတယ် သဘောကျတယ်"

ကျန်းဟောက်က ဝတ်စုံကိုကြည့်ကာ ပြောတယ်ဆိုပေမဲ့ ဂွမ်အုရင်ထဲမှာ ဘာလိုလိုဖြစ်သွားတယ်ဆိုတာကတော့ အမှန်ပင်

"ဒါဆို အစ်ကိုက ဂွမ်အုကို Americano ပြန်ဝယ်တိုက်ရမှာပေါ့"

"မဟုတ်တာ အစ်ကိုရဲ့ ကျွန်တော်မသောက်တော့ပါဘူး"

"ဟော အစ်ကို မနေ့ကပြောထားတယ်လေ အစ်ကိုက မျှမျှ တတဖြစ်မှသဘောကျတယ်ဆိုတာ"

"ဒါပေမဲ့လည်း ကျွန်တော်ဘက်ကအားနာ....."

"အားနာစရာမလိုဘူး လာအစ်ကိုနဲ့အတူတူသွားရအောင်"

စကားတောင်မဆုံးသေး အစ်ကိုက ဂွမ်အု လက်ဆွဲကာခေါ်သွားတာမို့ ဂွမ်အုမှာလည်း ယောင်ယောင်နဲ့ အစ်ကို့နောက်ကို ပါသွားခဲ့၏

🌷

"ဂျုံဝူး"

"ဟုတ် မင်းသားဂျီဝန်းပြောပါ"

ဂျုံဝူးက ဒီထဲမှာ အကြီးဆုံးဆိုတာ မှန်ပေမဲ့ မင်းသား ကင်မ်ဂျီဝန်းထက်တော့ 9လငယ်သည် အချို့သော မင်းသားများတွေထဲက ငယ်တဲ့သူတွေဆို ဒါရိုက်တာကြီး ဒါမှမဟုတ် အစ်ကိုဂျုံဝူး ကြီးတဲ့သူများကတော့ ဒါရိုက်တာဂျုံဝူး ဒီလိုခေါ်ကျတာတွေကြီးပဲ ဒါပေမဲ့ မင်းသားကင်မ်ဂျီဝန်း တစ်ယောက်ကတော့ ဂျုံဝူးလို့ခေါ်သည် အဲ့လိုခေါ်တာက
ဂျုံဝူးအတွက်တော့ နည်းနည်းimage ထိခိုက်တာပေါ့။

"ရိုက်ကူးရေးက ဘယ်အချိန်ပြီးမှာလဲ"

"ညနေ5ခွဲကျော်ကျော်လောက်ဖြစ်မယ်ထင်တယ်မင်းသားရဲ့ သေချာတော့မသိသေးဘူး"

"အော်"

"ဒါနဲ့ မင်းသားက ဘာကိစ္စရှိလို့?"

"ဒီအတိုင်းပါပဲ ပင်ပန်းနေတော့ ဘယ်အချိန်လောက်ပြီးမလဲမေးတာပါ"

"မင်းသားရဲ့ scene က သုံး၊လေး ခန်းပဲကျန်တော့တာပါ ဒါပြီးရင် မင်းသားနားချင်နာလေ"

ᴇɴᴇᴍʏ ᴛᴏ ʟᴏᴠᴇʀsWhere stories live. Discover now