ᴇɴᴇᴍʏ ᴛᴏ ʟᴏᴠᴇʀs {7}

680 95 3
                                        

"အိပ်မပျော်ဘူးလား"

ဥယျာဉ်အတွင်း လမ်းထွက်လျှောက်နေသော မက်သရူးကို ဟန်ဘင်းစကားစလိုက်တယ်

"အင်း"

"ဒီတစ်ခါတော့ အထဲပြန်မဝင်သွားတော့ဘူးပဲ"

"....."

"မက်သရူး ငါတို့ဒီလိုပဲ ခင်သွားကျရင် မကောင်းဘူးလား"

"မကောင်းဘူး"

ဟန်ဘင်းအနည်းငယ်ပြုံးလိုက်မိသည် မက်သရူးရဲ့ ဘုကလန့်ပြောတက်တဲ့ အကျင့်လေးက မပျောက်သေးဘူးပဲကို

"မနက်ဖြန်ရိုက်ရမဲ့အခန်းက Disneyland မှာလို့ကြားထားတယ်"

"ဟုတ်လား"

မက်ရူးက လိုချင်တာရသွားတဲ့ကလေးများလို ဟန်းဘင်းကို မော့ကြည့်လာ၏

"ရိုက်ကူးရေးက နေ့ခင်းအထိပဲမို့ လည်ချင်သလောက်လည်ကျတဲ့"

"မနက်ဖြန်ကတော့ ပျော်စရာကောင်းတော့မှာပဲ"

🌷

"မင်းသားတို့ ရိုက်ရမဲ့အခန်းတွေလည်းကုန်ပြီဆိုတော့ လည်လို့ရပါပြီ"

"တကယ့်ကို ဒါရိုက်တာကြီး အကောင်းဆုံးပဲ"

ဟုဆိုကာ ယူဂျင်းကာ လက်မထောင်ပြ၏

"ဒါပေမဲ့ အရမ်းနောက်ကျတဲ့အထိတော့ မဖြစ်ဘူးနော်"

"ဟုတ်ကဲ့ သိပါပြီ"

"ဂျုံဝူးကော မလည်တော့ဘူးလား"

"ရိုက်ကူးရေးနဲ့ပတ်သက်တာတွေ စစ်စရာရှိသေးတယ်"

"အဲ့တာတွေ မေ့ထားလိုက်ပါ ဂျုံဝူးရာ လာ အစ်ကိုနဲ့ပျော်ရအောင်"

"ဟော အစ်ကို ဘယ်လိုဖြစ်နေတာလဲ တကယ်"

မင်းသားဂျီဝန်းက အစ်ကိုဂျုံဝူးကို အတင်းဆွဲကာခေါ်သွားသောကြောင့် ဂွမ်အုမှာ ကြောင်တောင်တောင်ဖြင့်ကျန်ခဲ့၏

သူတို့က ဒီလိုလား ရပါတယ်လေ ငါလည်း ငါ့ကိုကို တရုတ်လေးကိုခေါ်ဦးမှ

"ဟယ်လို...အစ်ကို အခုဘယ်မှာလဲ"

"အစ်ကိုလား hotel မှာပဲလေ"

"ဟုတ်လား အလုပ်မအားသေးဘူးလား"

"အင်းဟုတ်တယ် ဂွမ်အု"

ᴇɴᴇᴍʏ ᴛᴏ ʟᴏᴠᴇʀsWhere stories live. Discover now