"အစ်ကို ဂျုံဝူး အဲ့တာက အဆင်ပြေပါ့မလား"
ဟန်ဘင်း အသံက စိုးရိမ်နေဟန် ဒီနေ့ရိုက်ရမဲ့အခန်းက မက်သရူးတိုက်ပေါ်က ပြုတ်ကျသည့်အခန်းလေ
"ရပါတယ် ဟန်ဘင်းရ ငါတို့ ကြိုးအစုံနဲ့ သေချာလုပ်မှာပါကွာ"
"ဒါပေမဲ့ မတော်လို့....."
"ဟန်ဘင်း အဲ့လောက်ထိ စိတ်ပူနေရအောင် ဒီအခန်းက မင်းရိုက်ရမှာလား မက်သရူးရိုက်ရမှာလား"
"အာ....အစ်ကိုကလည်း..."
မက်သရူး ကြိတ်ကာပြုံးလိုက်မိသသည် တကယ့်ကို ဆောင်းဟန်ဘင်းက ပိုကိုပိုလွန်းတယ် တကယ်
"ဘာမှမဖြစ်ဘူး အဲ့လောက်ထိ စိတ်မပူနေနဲ့ အစ်ကိုတာဝန်ယူတယ်"
"အစ်ကို ဂျုံဝူး ယုံလိုက်မယ်နော်"
ဂျုံဝူးက ယုံလိုက်စမ်းပါဟူသော အကြည့်များနဲ့ ဟန်ဘင်းကိုပြန်ကြည့်လိုက်၏
~
"အစ်ကိုဟန်ဘင်း"
"အင်း ယူဂျင်းပြော"
"အစ်ကိုမက်သရူးပြုတ်ကျတယ်ကြားတယ်...ဒူး..….."
ယူဂျင်းစကားတောင်မဆုံးပဲ ထွက်သွားတော့ အစ်ကိုဟန်ဘင်းကိုကြည့်ရင်း
"အစ်ကိုဟန်ဘင်း တစ်ယောက်က ချစ်မိသွားပြီပဲ"
"မက်သရူးပြုတ်ကျတယ်ဆို...ဘာဖြစ်သွားသေးလဲ ဘယ်နားတွေထိခိုက်သွားသေးလဲ..အရမ်းနာနေသလား"
ရောက်ရောက်ချင်း မေးခွန်းတွေတစ်ခုပြီးတစ်ခု မေးနေသော ဟန်ဘင်းကြောင့်
မက်သရူးမှာ ဘယ်ကစဖြေရမလဲမသိ
"ငါ ဘာမှမဖြစ်ပါဘူး ဟန်ဘင်းရ ပြုတ်ကျတယ်ဆိုတာ အတက်အဆင်းမှာ ခြေချော်တာပါ ပြီးတော့ ဒူးပဲနည်းနည်းပွန်းသွားတာ"
"ပြကြည့်....အတော်ယောင်နေတာပဲ...ဆေးကော ထည့်ပြီးပြီလား"
"ဝုန်းဂီ သွားဝယ်နေတယ်"
"ဒါဆို အခုထိ မလိမ်ရသေးဘူးပေါ့...ခန
စောင့်ကိုယ့်မှာ ဆေးတွေရှိတယ်"
ခနအကြာ ဟန်ဘင်းက ဆေးပစ္စည်းအစုံနဲ့ မက်သရူးအနားပြေးလာ၏
"အ့....စပ်တယ်...ဖြည်းဖြည်းလုပ်"
YOU ARE READING
ᴇɴᴇᴍʏ ᴛᴏ ʟᴏᴠᴇʀs
Romanceဆောင်းဟန်ဘင်း မင်းကိုလေ ငါတကယ်ကိုကြည့်လိုကိုမရဘူး ဒီမှာ ဆော့မက်သရူး ငါလည်းမင်းကို ကြည့်လို့ရတယ်ထင်နေလား
