အခုရက်ပိုင်း ဆောင်းဟန်ဘင်း မက်သရူးကိုရှောင်လာတယ် ရိုက်ကူးရေးလုပ်မှပဲ မက်သရူးတို့တွေ့ရတယ် ဘာလဲ သူက မက်သရူးကို စိတ်ဆိုးသွားတာလား....ဆိုးဆိုးနေပေါ့ မက်သရူးနဲ့မှ ဘာမှမဆိုင်ပဲ
ဒါပေမဲ့ မက်သရူးနည်းနည်းတော့လွမ်းမိသား အရင်လို "ချူး" ဆိုပြီး စကားလာလာပြောနေကျ လူမရှိတော့လည်း ဟာတာတာတော့ဖြစ်သား
"အစ်ကိုမက်သရူး အစ်ကိုဟန်ဘင်းက စကားပြောချင်လို့လာပါဦးတဲ့"
ကြည့်အခုလည်း လူကိုယ်တိုင်မပြောဘဲ ယူဂျင်းကို လူယုံလွှတ်ပြန်ပြီ
"မအားဘူးလို့ပြောလိုက်"
"ဟာအစ်ကိုတို့ကလည်းဘာမှန်းမသိ.....ကြားထဲကနေ ကျွန်တော့်ကို ကိုယ့်ဘာသာပြောတော့ဗျာ...ကျောချင်းကပ်ရပ်ထိုင်နေကျပြီးတော့"
ဟုတ်တယ် ယူဂျင်းတကယ်ပေါက်လာပြီ နှစ်ယောက်သား ဘယ်လောက်မှတောင်မဝေးဘူး ကျောချင်းကပ်လောက်အနေအထားလောက်မှာ ထိုင်နေကျတာကို ယူဂျင်းကို ခိုစာလုပ်ခိုင်းနေတာ ကိုကိုလာရင် တိုင်ကိုတိုင်ပစ်ဦးမယ် တကယ်
"မက်သရူး ကိုယ်တို့စကားခနပြောကျရမကောင်းဘူးလား"
"မကောင်းဘူး"
မက်သရူးတို့အခုထိ တစ်ယောက်မျက်နှာကို တစ်ယောက်မမြင်ရသေး
"မက်သရူး ကိုယ့်ကို တကယ်ပြန်မုန်းသွားတာပြီလား...ဟယ်ဗြောလ်ကြောင့်မို့...."
"ဆောင်းဟန်ဘင်း!! အခုထိ နားမလည်သေးဘူးလားတကယ် တုံးလွန်းလိုက်တာ"
"မက်သရူးက...ဘာကိုပြောချင်..."
ယူဂျင်းလည်းရှိတာမို့ မက်သရူးတို့ရဲ့ လျှို့ဝှက်နေရာလေးဆီ ဆောင်းဟန်ဘင်းကို ဆွဲကာခေါ်လာလိုက်တော့တယ်
"တကယ့်ကို မသိတာလားဆောင်းဟန်ဘင်း...ဒါမှမဟုတ်မသိချင်ယောင်ဆောင်နေတာလား"
"မက်သရူး...."
ဟန်ဘင်းနားမလည်နိုင်တော့ပါ ဟန်ဘင်းမက်သရူးအပေါ် ဘာအမှားတွေလုပ်ထားမိသေးတာလဲ
"အခုထိ ဟယ်ဗြောလ်ကို သဘောကျနေတယ်လို့ထင်နေတာလား"
"မဟုတ်ဘူးလား...ကိုယ်က ဟယ်ဗြောလ်ကြောင့် ကိုယ့်ကိုစိတ်ဆိုးသွားတယ်ထင်နေတာ"
YOU ARE READING
ᴇɴᴇᴍʏ ᴛᴏ ʟᴏᴠᴇʀs
Romanceဆောင်းဟန်ဘင်း မင်းကိုလေ ငါတကယ်ကိုကြည့်လိုကိုမရဘူး ဒီမှာ ဆော့မက်သရူး ငါလည်းမင်းကို ကြည့်လို့ရတယ်ထင်နေလား
