"𝙻𝚘𝚜 𝙼𝚎𝚕𝚘𝚜 𝚅𝚒𝚕𝚕𝚊𝚜"
"ဒါကျွန်တော်တို့နေရမဲ့ hotel အစ်ကို"
"မဆိုးဘူး ရှုခင်းလည်းမိုက်တယ်"
"ရောက်လာကြပီလားဗျ"
"ဟုတ်ကဲ့...ဒီက...."
"ကျွန်တော်က ဒီဟိုတယ်ပိုင်ရှင်ပါ
ကျန်းဟောက်လို့ ခေါ်လို့ရပါတယ်""အ့ာ တွေ့ရတာဝမ်းသာပါတယ်ဗျ ကျွန်တော်က ယွန်းဂျုံဝူးပါဗျ ဒီဘက်ကတော့ ပတ်ဂွမ်အု"
"ကျွန်တော်လည်းတွေ့ရတာဝမ်းသာပါတယ်ဗျ"
"ဒါနဲ့ တရုတ်လူမျိုးလားဟင်"
"ဟုတ်ပါတယ် ကျွန်တော်က တရုတ်လူမျိုးပါ"
"ကိုရီးယားစကား တော်တော်ကျွမ်းတာပဲ"
"လျှာရှည်ပြန်ပြီ ပတ်ဂွမ်အု"
"ရပါတယ်ဗျာ ဒါနဲ့ဗျ ရုပ်ရှင်ရိုက်မှာကအချိန်ဘယ်လောက်ကြာ..."
"5လပါဗျ ဒါပေမဲ့ shooting တွေဘာတွေမရပ်ဖြစ်ရင်တော့ 4လကျော်လောက်ပဲကြာမှာပါ"
"အချိန်ဘယ်လောက်ကြာကြာကိစ္စမရှိပါဘူးဗျာ ကျွန်တော်တို့ကို ရွေးချယ်ပေးတာကိုကျေးဇူးတောင်တင်ရဦးမှာပါ"
🌷🌷🌷
မက်သရူးတစ်ယောက် ခရီးပင်ပန်းလာတာမို့ ကိုယ့်အခန်းရှိရာကို မြန်မြန်သွားလိုက်သည်
"ဆောင်းဟန်ဘင်း...?"
ဆော့မက်သရူးက ဟန်ဘင်းရဲ့ မျက်နှာချင်းဆိုင်အခန်းကပဲ ဒါဆိုရင်တော့ ဆော့မက်သရူးတစ်ယောက် ဒေါသထွက်နေမှာ အမှန်ပင် ဟန်ဘင်းလည်း သူနဲ့မျက်နှာချင်းဆိုင်မှာမနေချင်ပေမဲ့ ကိုယ့်ဘက်ကတော့ အရင်စမပြောချင် တော်ကြာကိုယ့်အလွန်ဖြစ်သွားမယ်လေ
"ဆောင်ဟန်ဘင်း အခန်းက ငါ့အရှေ့က အခန်းကြီးလား ဝွန်းဂီ"
"အစ်ကိုကလည်း မမြင်ဖူးလား ဟိုမှာ ဝင်သွားတာကို"
"ငါသူနဲ့မျက်နှာချင်းဆိုင် မနေန်ိုင်ဘူး လာ ဒါရိုက်တာကိုသွားပြောမယ်"
"အစ်ကိုကလည်းဗျာ တစ်ခန်းထဲ အတူတူနေကျတာမှ မဟုတ်ပဲ မျက်နှာချင်းဆိုင်ပဲကို ထားလိုက်ပါအစ်ကိုရာ တော်ကြာအခြားသူတွေ အစ်ကို့ကို ဇီဇာကြောင်တယ််ဆိုပြီးဝိုင်းပြောနေကျဦးမယ်"
YOU ARE READING
ᴇɴᴇᴍʏ ᴛᴏ ʟᴏᴠᴇʀs
Romanceဆောင်းဟန်ဘင်း မင်းကိုလေ ငါတကယ်ကိုကြည့်လိုကိုမရဘူး ဒီမှာ ဆော့မက်သရူး ငါလည်းမင်းကို ကြည့်လို့ရတယ်ထင်နေလား