"မင်းသားဗျ ဒီနေ့ရိုက်ရမဲ့အခန်းက မင်းသားရဲ့ညီဖြစ်သူရဲ့ ဒီဘက်က ဆွန်ဟွန်း{han bin's character} ရဲ့ညီနဲ့ ချိန်တွေ့နေတဲ့အခန်းကို ချောင်းကြည့်နေတဲ့အချိန် ဆွန်ဟွန်းနဲ့ စတွေ့တဲ့အခန်းပါ မင်းသား အဆင်သင့်ဖြစ်ရင်ပြောလိုက်ပါ"
"ဟုတ်ကဲ့ပါ ဒါရိုက်တာကြီး"
"အစ်ကို သူတို့နှစ်ယောက်ကို အတူတူတွဲရိုက်မှာ ဖြစ်ပါ့မလား"
"ငါလည်းမသိသေးဘူး စောင့်ကြည့်ရဦးမှာပဲ"
"ဒါရိုက်တာကြီး ကျွန်တော်အဆင်သင့်ဖြစ်ပြီနော်"
"ကျွန်တော်ရောပဲ"
"ဒါဆိုစလိုက်ကျတော့မယ်လေ ဂွမ်အု..."
"ဟုတ် အစ်ကို"
🌷
"ကဒ်"
ဂွမ်အုရဲ့ ကဒ်စကားအဆုံး ခုနက ဟန်ဘင်းကို နူးနူးညံ့ညံ့ကြည့်နေတဲ့ မက်သရူးရဲ့ အကြည့်တစ်ချို့တို့က မြန်ဆန်စွာပြောင်းလဲသွား
"အစ်ကို ကျွန်တော် လုံးဝမထင်ထားဘူး တစ်ခါတည်းနဲ့ကို အမှားမရှိ ဝိုး....... ကျွန်တော်က အဆင်မပြေလောက်ဘူးထင်နေတာ"
"အေး ငါရောပဲ တော်သေးတာပေါ့ နှစ်ယောက်လုံးက ဇာတ်လမ်းကားအပေါ် အာရုံစူးစိုက်မှုရှိကျသေးလို့"
"ဒါနဲ့အစ်ကို စာရေးဆရာ ကင်မ်ထယ်ရယ်က သူလာနေပြီပြောတယ်"
"ဟုတ်လား ဇာတ်ညွှန်းနည်းနည်းပဲပြင်ရမှာမို့ နည်းနည်းကြာမှ လာလို့ရတယ်လို့မင်းမပြောလိုက်ဘူးလား"
"ပြောတယ်လေ သူကလည်း သူ့ကောင်လေးနဲ့ လန်ဒန်ဘက်ကို လာစရာရှိသေးတာကြောင့်မို့တဲ့"
"အော်"
"အစ်ကိုဂျုံဝူး Hot Americano or
Ice Americano??"
"အဆင်ပြေတာဝယ်ခဲ့"
"အိုကေ"
🌷
"အာ့"
"တောင်းပန်ပါတယ်ဗျာ ကျွန်တော်မမြင်လိုက်လို့"
ဂွမ်အုရဲ့ မြန်ဆန်စွာ လမ်းလျှောက်လာမှုကြောင့် Ice Americano အချို့ဟာ ဂွမ်အုအရှေ့ကလူဆီသို့ သေသေချာချာကို ဖိတ်ကျသွားခဲ့
YOU ARE READING
ᴇɴᴇᴍʏ ᴛᴏ ʟᴏᴠᴇʀs
Romanceဆောင်းဟန်ဘင်း မင်းကိုလေ ငါတကယ်ကိုကြည့်လိုကိုမရဘူး ဒီမှာ ဆော့မက်သရူး ငါလည်းမင်းကို ကြည့်လို့ရတယ်ထင်နေလား
