{Unicode}
.. ဖူးစာပါရင်
တွေ့ရတာမျိုး...။***
ချင်းပြည်နယ်...
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ...
မြူခိုးများဖြင့် ဆိုင်းနေသည့် တောင်တန်းများ၊ ထင်းရှုးတောများ ပိန်းပိတ်ရာ နယ်မြေ....
အောက်ချင်းငှက်များ ပျော်ရာမြေ....
တောင်ဇလပ်နီများ ရဲရဲစွင့် ပွင့်ရာနယ်မြေ...တောင်ပေါ် ချယ်ရီ ပွင့်ရာနယ်မြေ ...
တောင်ဇလပ်၀ိုင် ထွက်သည့် နယ်မြေ ...
ကိုယ်ပိုင် အမဲလိုက်တာမျိုး ရှိသည့် နယ်မြေ...
ဆေးမှင်တစ်ချို့ ဆင်ယင် ချယ်သမှု ရှိသည့် နယ်မြေ ...နံနက်ပိုင်း....
"ခေါင်းဆောင်.... တောင်းပန်ပါတယ်...။ ကျေးဇူးပြုပြီး မလုပ်ပါနဲ့...။ မလုပ်ပါနဲ့!!"
အော်ဟစ်နေသည့် အသံများက ခံစားချက်မရှိ ကြည့်နေမိသည်။ ယောင်္ကျားဆိုရင် လုပ်ရဲရင် ခံရဲရမည် ဖြစ်သည်။ သူများကို လုပ်တုန်းကကျ လက်မရွံ့ခဲ့ပြီး ကိုယ်ခံရမယ်ဆိုတော့ ကြောက်ရွံ့တုန်လှုပ်နေသည်။ စိတ်ပျက်စရာကောင်းလွန်းသည်။
သူရဲဘော ကြောင်လွန်းသည့် ထိုမြင်ကွင်းကို ဆက်ပြီး မကြည့်ချင်သည်မို့ မြင်ကွင်းကို လွှဲလိုက်မိစဥ်မှာပဲ အနားမှာ ကပ်လျက် ရှိနေသည့် ဖိုးစောမြတ်....။
ဖိုးစောမြတ်က ခေါင်းကို ငုံ့ကာ ရှိနေသည်မို့ ကျွန်တော်လည်း တစ်ချက်လောက် ကြည့်ကာ...
"ဘာပြောစရာ ရှိနေလို့လဲ ဖိုးစောမြတ်..."
အဖိုးလက်ထက်ကတည်းက အဖိုးမွေးထားသည့် လူယုံတော် ဖြစ်သည်။ သစ္စာလည်း ရှိသလို၊ သွေးလည်း ရဲသည့် သူပင်။ သူ့ပုံစံက တည်တည်နှင့် ရှိနေပြီး လက်ရဲဇက်ရဲ ဖြစ်သည်။
"...ခေါင်းဆောင်...
နယ်က သဘက်ခါ ရိုးရာပွဲ စီစဥ်ဖို့ ရှိတယ်။ ပြီးတော့ ရွာကို အစိုးရ၀န်ထမ်း အသစ်ရောက်မယ်တဲ့..."
