{Unicode}
A little warning...
...They say all good boys to the Heaven
But
Bad boys bring heaven to you.***
ယခင်အပိုင်းမှ အဆက်...
တောင်ဇလပ်ပန်း...
ဒီပန်းက မိမိမြင်ဖူးသမျှ ဘယ်ဂိုဏ်းထဲမှာမှ မမြင်ဘူးခဲ့...။ ဒီလိုပုံမှန် တံဆိပ်မရှိသည့် လူများက ပိုပြီးတော့ ကြောက်စရာကောင်းသည်...။ဒီအမှတ်အသားကို ဘာလို့ တရင်းတနှီး ရှိနေသည်လဲ?
ပြီးတော့ သူက ဘာလို့ သူ့အမှတ်အသားကို မသိသလို ဖုန်းကွယ်ထားခဲ့သည်လဲ?တွေးရင်းဖြင့်ပင် ခေါင်းထဲက မူးနောက်ရီဝေသလို ခံစားလိုက်မိသည်...။
"Sir..."
အတွေးများဖြင့် ရှိနေချိန် ခေါ်ထားသည့် ဂိုဏ်းအဖွဲ့အစည်းမှ ဆရာဝန်က ခေါ်ကာ အသံပြုလာသည်မို့...
"ရတယ်... မင်း သွားတော့...။"
"ဒါပေမယ့်... ဒီလူနာရဲ့ အခြေအနေက..."
ချက်ချင်းပင် စားပွဲပေါ်မှ သေနတ်တစ်လက်ကို ကောက်ကာ ကိုင်လိုက်ပြီး ထိုသူရှိရာသို့ ချိန်ရွယ်လိုက်မိသည်...။
"မင်းကို သွားတော့လို့ ပြောနေတယ်လေ..."
ထိုစကားနောက်မှာတော့ ဂိုဏ်းထဲက အားကိုးရသည့် ဒေါက်တာဖြစ်သူ Alexကတော့ လူနာဖြစ်သူ အခြေအနေကို တစ်ချက်ကြည့်ပြီး အခန်းထဲမှ ထွက်သွားလေပြီ...။
အခန်းထဲမှာ ရှိနေသည်ကတော့ သူနှင့် နှစ်ယောက်တည်းပင်...။ အိပ်ရာပေါ်မှာ ငြင်သာစွာ အိပ်ပေါ်နေသည့် သူ့ကို တစ်ချက်ကြည့်လိုက်မိသည်....။
သူနှင့် တွေ့ခဲ့သည့် ပထမဆုံးနေ့ကို ခေါင်းထဲမှာ အစီအရင် ပေါ်လာသည်...။ အားလုံးကို ဆက်စပ်ကြည့်ပြီးသည့်နောက်မှာတော့...
တောက်!
ချက်ချင်းဆိုသလို Lamourဆီ ဖုန်းဆက်လိုက်ပြီးသည့်နောက်...
"အေး... phoenix gangရော... Dragon gang ရော နှစ်ခုလုံးကို သေချာစောင့်ကြည့်ထား...။ ပြီးတော့ ဖမ်းထားတဲ့ ကားဂိုထောင်ဘက်က တစ်ယောက်ကိုလည်း ဒီအတိုင်း လျှော့ပေးလိုက်...။ ငါးစာချတယ်ဆိုတာ... လက်ထဲ ငါးစာရှိမှ ရကြောင်းကို အဲ့ဒီအကောင်တွေ မှတ်သားနိုင်လောက်အောင် တစ်ကွက်ရွေ့လိုက်..."
