{Unicode}
... ကလေးလေး...
****
ကိုယ့်ရင်သွေးလေးကို လွယ်ထားတဲ့...
ကိုယ့်လူ....။ထိုပုံရိပ်ကတော့ တုတ်တုတ်လှုပ်တောင် မလှုပ်တော့ အသက်တောင် ရှုရဲ့လား မသိတော့ပါ...။ ထိုပုံရိပ်ကို မှတ်မှတ်မောမော ငေးကြည့်နေရင်းမှ အကြည့်တို့ လွှဲလိုက်မိသည်...။
အင်း...
အဆင်ပြေပါပြီလေ...
ဒီလောက်ဆိုရင်ပဲ အဆင်ပြေပါပြီ...။
မင်း အဆင်ပြေမလား သိနေရုံနဲ့ပင် အဆင်ပြေပါပြီလေ....။တွေ့နေရုံပင် အဆင်ပြေပါပြီလေ...
ခံစားချက်များက အကြည့်နဲ့တင် မလုံလောက်ပေမယ့် ထပ်ပြီး ထွက်ပြေးသွားရင်ဖြင့်...
လိုက်နိုင်သည့် နေရာဆို တော်ပါသေးရဲ့...
ကိုယ် မလိုက်နိုင်တဲ့ နေရာ...
တစ်သက်လုံး မတွေ့ရတဲ့ နေရာကိုသာ ရောက်သွားရင်...
ခံစားနိုင်မှာ မဟုတ်တော့.....။"ဆရာမ... ဘယ်လိုလဲ အဆင်ပြေရဲ့လား?"
ဆရာမဇလပ်နီကို တစ်ချက်နူတ်ဆက်ပြီးသည့်နောက်မှာတော့... အိမ်အောက်က ကုတင်ပေါ်သို့ ထိုင်လိုက်မိသည်.... ။
စားပွဲခုံပုလေးပေါ်မှာ ရှိနေသည့် ဆားဗူးသီးပန်းကန် နှစ်ခုကို ကြည့်လိုက်မိသည်...။ အနံ့ရနံ့လေးက မွှေးကြိုင်ကာ ရှိနေသည်...။ ပူနွေးနွေး အငွေ့လှိုင်လှိုင်ဖြင့် ရှိနေသည့် ထိုပန်းကန်နှစ်ခုကို ကြည့်လိုက်ပြီးသည့်နောက်....
"ဖိုးစောမြတ်... ငါ ကျန်းမာရေး မကောင်းလို့လား မသိဘူး...။ မနက်စာကို ဒါကို ကြည့်ပြီး ဗိုက်ဆာလာသလိုပဲ..."
"သြော်... ဟုတ်ကဲ့.. ဆားဗူးသီးက ကျန်ပါသေးတယ်...။ စားချင်ရင် ထည့်လိုက်ရမလားဟင်?"
"ဒါဆို ဖိုးစောမြတ်.... ငါ ဒီမှာပဲ စားလိုက်တော့မယ်နော်..."
ခေါင်းဆောင်ကတော့ ခပ်ပြုံးပြုံးဖြင့် ပြောလာသည့်အချိန်မှာတော့ အနေကြပ် အစားကြပ် ဖြစ်သွားမည့် ၁၅နှစ်သား အခြေအနေကို တွေးကြည့်မိသည်...။
"ခေါင်းဆောင်... ကျုပ်တို့ လုပ်စရာ ကိစ္စတွေ ရှိနေသေးတယ်...။ နောက်မှ ဆရာမဆီ လာတွေ့ကြမယ်လေ...။"
