{Unicode}
...Spend my time only on you... Mudra
***
ယခင်အပိုင်းမှ အဆက်...
အချိန်အတော်ကြာ ရင်ခွင်ထဲမှာ ငိုကြွေးပြီးသည့်နောက်မှာတော့... သူ့မျက်ရည်များကို သုတ်ကာ..
"မုဒယ... ပြန်တော့မယ်...။"
စကားကို တစ်ခွန်းပြောကာ ရင်ခွင်ထဲက အတင်းကို ရုန်းကန်ပြီး ထွက်ခွာဖို့ ကြိုးစားနေတော့... ဗိုက်အနည်းငယ် ပေါ်လာမှုနှင့်အတူ ခါးငယ်လေးကို လက်တစ်ဖက်ဖြင့်ပင် ပွေ့ဖက်ထားမိသည်....။
"ခဏ... မင်းနဲ့ ညှိနှိုင်းစရာတွေ ရှိနေသေးတယ်...။"
ထိုအချိန်မှာတော့ ကျွန်တော့်ကို တစ်ချက်ကြည့်လာသည်...။ မျက်မှောင်များကတော့ ကျုံ့လျက်ဖြင့်ပင်....
"ကိုယ့်ကို ထပ်ပြီး ပုန်းမနေဖို့ရယ်... ပြီးတော့ ကိုယ့်ဆီက ထပ်ပြီး ထွက်မသွားဖို့...။ နောက်ပြီး မင်း ဘယ်သွားသွား ကိုယ့်ကို သတင်းပေးပြီးမှ သွားရမယ်...။ ဒါမှမဟုတ်... မင်းအနားကို စောင့်ရှောက်ဖို့ လူတစ်ယောက် ထားပေးရမလား?"
ထိုအချိန်မှာတော့ စိုလူးနေသည့် မျက်ရည်များက ဒေါသများဖြင့်...။ ဒါက သူ့ကို ချုပ်ချယ်ပြီး မလွှတ်လပ်စေချင်သည်ဟု ယူဆထားပုံရသည်...။
"တကယ်ကို မကောင်းဆိုးဝါးပဲ..."
တိုးတိတ်စွာ ရေရွတ်လာသည့် အချိန်မှာတော့ အပြုံးတစ်ခုဖြင့်ပင်....။
"You can call me monster.
ဒါပေမယ့် အဲ့ဒါကို... အဆင်မပြေရင် နောက် ဒီ့ထက်ဆိုမယ့် နည်းလမ်းတွေ အများကြီး ရှိတယ်...။ ဒီတော့... ကိုယ့်ကို သတင်းပေး သွားမလား? ဒါမှမဟုတ် တစ်ယောက် ထည့်ပေးထားရမလား? အဲ့လိုမှ မဟုတ်ရင်... အခုတစ်ခါတည်း ခေါ်ထားရမလား?..။"ထိုအချိန်မှာတော့ သည်းမခံနိုင်တော့သည့် အဆုံးမှာ... ပေါက်ကွဲထွက်တော့မည့် ချိန်ကိုက်ဗုံးတစ်လုံးက စူးရဲသော မျက်ဝန်းများဖြင့်ပင်...
"တစ်ခုမှ မုဒယအတွက် မလိုဘူး ဆိုရင်ရော...?"
လုံးဝကို အစောနက ငိုခဲ့တာ သူဟုတ်ပါရဲ့လား? လူစားထိုးသွားတာလား? ဝိဉာဥ်များ လွဲသွားသလား?
