{Unicode}
... My sensation...
ယခင် အပိုင်းမှ အဆက်...
သူ့မျက်နှာက ခက်ထန်မှုနှင့်အတူ သွေးစတို့ကြောင့် ပိုပြီးတော့တောင် ကြောက်ဖို့ ကောင်းနေသည်။ ကားထဲမှာ နယ်ခံ Driver ဦးလေးကြီးကတော့ မျက်နှာပြင်တစ်ခုလုံး ဖြူဖျော့နေသည်မို့ ဒီနယ်ခံ ဦးလေးကြီးရဲ့ မျက်နှာက ဒီလူက ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းနေသည်လဲ ဆိုသည့် အနေအထားမို့...။ ကျွန်တော်တို့ အသက်တောင် မရှုရဲဘဲ တိတ်နေမိသည်။
မိမိနှင့် မုဒယကတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး အသက်တောင် ရဲရဲရှုရဲ့လား မသိ။ Driver ဦးလေးကြီးကတော့ အခြေအနေကို တစ်ချက်စောင့်ကြည့်နေသည်။ ထိုအမာရွတ်နှင့် လူကိုလည်း ဒီကားဘက်သို့ မလာပါစေနဲ့ဟု ဆုတောင်းနေမိသည်။ အရှေ့က ကားကတော့ ဘယ်လိုဖြစ်သွားလဲ မသိ။
နောက်ကားများကတော့ ဒီအခြေအနေကြောင့် အဆင်ပြေနိုင်မည်မဟုတ်တော့။ ကားမီးရောင် အောက်မှာတော့ ထိုလူနှင့် တစ်ခြား သူများနှင့် စကားရပ်ပြောနေကြသည်။ ထိုသူ့ပုံစံက အရမ်းကို စိတ်ဆိုးနေဟန် ရှိသည်။ လက်နှစ်ဖက်ကို ခါးမှာထောက်ထားပြီး စကားကို အချေအတင် ပြောနေသည်။
ထို့နောက် မိနစ်အနည်းငယ် အကြာမှာတော့ ထိုရှေ့က ကားက ဂိတ်မှ ကျော်လွန်သွားလေပြီ။ ထို့နောက်မှာတော့ မိမိတို့ ကားက တရွေ့ရွေ့ဖြင့် စစ်ဆေးနေသည့် ထိုလူများအနားသို့....။ ထိုအချိန်မှာတော့ မိမိတို့လည်း ရှိသမျှ အကာအကွယ် အစောင့်အရှောက်ဂါထာမှန်သမျှ ရွတ်ဖတ်ပြီးနေပြီ ဖြစ်သည်။
သူတို့ကတော့ အချင်းချင်း စကားပြောပြီး ကျွန်တော်တို့ အနားသို့ ရောက်လာလေပြီ။ Driver ဦးလေးကြီး ဘက်မှ ရှေ့ခန်းတံခါးကို မှန်ချစေပြီးသည့်နောက်....
"ဘယ်က ပြန်လာတာလဲ?"
ကားထဲမှ အခြေအနေကို တစ်ချက်ေ၀့ကြည့်ပြီး ပြောလာသည်။ မိမိလည်း ခဲမတတ်ရှိနေပြီး ဘာကိုပြောရမှန်း မသိ။ ထိုအချိန်မှာတော့ Driver ဦးလေးကြီးက...
