{Unicode}
..With your mouth
Now! ..***
ရက်အနည်းငယ် ကြာသော်...
ကျွန်တော်တို့ ဒီမှာ နှစ်ရက်မျှ အချိန်ဖြုန်းခဲ့သည်...။ ခေါင်းဆောင်က တရားဝင်အဖြစ် ကျွန်တော့်ကို ယူထားခြင်းသဘောမျိုး ကျွန်တော့်ကျောပြင်မှာ တက်တူး ထိုးခဲ့သည်တဲ့...။
ကျွန်တော်လည်း ခေါင်းဆောင် ကြိုက်သလို ယူပြီးသည့် နောက်မှာတော့ သတိလစ်သွားပြီး ဘာကိုမှ မသိခဲ့....။ အသက်ရှင်ဖို့ မနည်းပင် ကြိုးစားရုန်းကန်ခဲ့မိခြင်းက အားအင်တွေ ယုတ်လျော့ခဲ့သည်လား?
အခု လာကတည်းက လေယာဥ်တစ်ဆင့်စီး private jetဖြင့်ပင်...။ private jetမှ ဆင်းပြီး အိမ်ကို ပြန်လာသည့် အချိန်မှာတော့ ကားမောင်းနေသည့် ခေါင်းဆောင်က လင်းလက်သွားသည့်ဖုန်းကိုသာ ခဏ ခဏ ကြည့်နေသည်။
ပြီးတော့ မျက်ခုံးကို တွန့်ကြိုးလိုက်နှင့် ဘာတွေ စိတ်ရှုပ်နေလည်း မသိတော့...။ ခေါင်းဆောင် မပြောလာသရွေ့ ကျွန်တော်လည်း မေးဖို့ အလားအလာမရှိ...။
ခဏအကြာမှာတော့ ကား dashboardကို လက်ဖနောင့်ဖြင့် ရိုက်ကာ ဖိချလိုက်သည့် ခေါင်းဆောင်ကြောင့် ကျွန်တော် လန့်သွားမိသည်...။ ခေါင်းဆောင် ဘာတွေ ဖြစ်နေသည်လဲ?
ခေါင်းဆောင်ကတော့ ကျွန်တော့်ဘက်ကို ကြည့်လာသည်မို့ ကျွန်တော်လည်း ဘာမှမဖြစ်သလိုပင် ဆက်ပြီး အိပ်ချင်ယောင်ဆောင်ဖို့ ကြိုးစားလိုက်မိသည်...။
မကြာမီပင် ခေါင်းဆောင် အိမ်ကို ရောက်လာချိန်မှာတော့ အိပ်ချင်ယောင်ဆောင်နေတဲ့ ကျွန်တော့်ကို ပွေ့ချီကာ အိပ်ခန်းထဲမှာ ထားခဲ့သည်...။ ထို့နောက် ကျွန်တော့်ကိုယ်ပေါ်မှ သူ့အကျီ်ကို လွှမ်းခြုံပေးခဲ့ပြီးသည်နှင့် ချက်ချင်းဆိုသလို ပြန်ထွက်သွားလေပြီ...။
ကျွန်တော်လည်း ဘာမှမမေးတော့ဘဲ ခေါင်းဆောင် ထားခဲ့သလိုပင် နေခဲ့လိုက်မိတော့သည်...။
အင်း ပြစ်ဒဏ်...
ဒါကတော့ ပြစ်ဒဏ်ပေါ့...
ခေါင်းဆောင်ကို အရင်တုန်းက ဥပေက္ခာ ပြုမိတဲ့ ကျွန်တော့်ရဲ့ ပြစ်ဒဏ်ပေါ့...။
