{Unicode}
...ခေါင်းဆောင်...
***
နံနက် ၂နာရီ...
စားပွဲပေါ်မှ အရာအားလုံးကတော့ မိမိနေရာ ရှေ့၌ ရှိနေသည်...။ ထိုအထုပ်အထည်အားလုံးကို သေချာပင် ပုံထားလိုက်ပြီးသည့် နောက်မှာတော့ အသင့်ယူဆောင်လာသည့် စီးကရက်တစ်လိပ်ကို မီးခြစ် ကိုခြစ်... မီးညှိကာ သောက်လိုက်မိသည်.... ။
ထိုဆေးလိပ်ကို လက်ကြားမှ ညှပ်ကာ အငွေ့တလူလူဖြင့် ရှိစေပြီးသည့်နောက်မှာတော့ စားပွဲမှာ ပတ်ချာလည်း ရှိနေသည့် မိမိထံ၌ ကျဆုံးထားသည့် လူများအကုန်လုံးကို ကြည့်လိုက်မိသည်....။ ထို့နောက်....
"Tsk! Let's stop on spot... "
(ကောင်းပြီ ဒီမှာပဲ ရပ်ကြတာပေါ့..)
နူတ်ဆက်စကား ဆိုပြီးသည့် နောက်မှာတော့ ထိုပိုက်ဆံများကို ထည့်ဖို့ Nickဆီက အိတ်ငယ်တစ်ခုကို တောင်းလိုက်မိသည်...။
"See you again....Hk!"
(ထပ်တွေ့ကြတာပေါ့...ဟက်!"
ထိုစကားနောက်မှာတော့ ထိုဝိုင်းမှာ ထိုင်နေသည့် လူအားလုံးက မိမိအား အခဲမကျေသလို ကြည့်လာသည်...။ ဒါပေမယ့် ထိုအကြည့်များကို လုံးဝဂရုမစိုက်ဘဲ ကြည့်လိုက်သည်...။ Smirkတစ်ချက်ဖြင့် ပြုံးပြလိုက်မိသည်....။
"Thank you for your generous..."
(ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်ဗျာ..)
လက်ထဲမှ အထုပ်ငယ်ကို မြှောက်ကာ ကျေးဇူးတင်ကြောင်း ပြောလိုက်မိသည်...။ ထို့နောက် Nickကို နူတ်ဆက်ကာ ရှပ်အကျီ် အပေါ်ကြယ်သီးကို ဖြုတ်လျက်... အပြင်ဘက်မှ အသင့်ရှိနေသည့် Ferri ကားပေါ်ကို တက်လိုက်မိသည်....။
"Hk!....
Ha... Ha....Ha..."ကျယ်လောင်စွာ ရယ်မောလိုက်မိသည်....။
ချင်းပြည်နယ်...
သုံးနှစ်...
သုံးနှစ်ကျော်ခဲ့ပြီ ခေါင်းဆောင်...။
ဒါပေမယ့် ခေါင်းဆောင်က အခုထက်ထိ ရှိနေဆဲလိုပါပဲ...။ခေါင်းဆောင် စိတ်ချလက်ချ ထားခဲ့တဲ့ နယ်မြေတစ်ခုကို အရင်အတိုင်း ကျုပ်ထိန်းသိမ်းထားတယ်....။
