My cocane☣

3.5K 179 8
                                    

နှစ် ၂၀နီးပါး ရှိနေပြီ...

ဒီတောင်ပတ်လမ်းတွေကို စ ရောက်တုန်းက အခုလို ခံစားချက်မျိုး မဟုတ်။
ပြီးတော့ တစ်ချိန်ချိန်မှာ ဒီတောင်တန်းတွေရဲ့ ခေါင်းဆောင်သခင်ရဲ့ ကြင်ဖက်ဖြစ်လာပြီး... ဒီတောင်တန်းတွေရဲ့ သခင်မ ဖြစ်လာလိမ့်မယ်လို့လည်း မထင်မိခဲ့။ ပြီးတော့ အခု ဒီတောင်တန်းတွေရဲ့ ခေါင်းဆောင် သခင်ရဲ့ မျိုးဆက်ကိုလည်း မွေးဖွားပေးနိုင်ခဲ့တာ ဖြစ်သည်။

အမျိုးမျိုး ဖြစ်ပျက်ပြီး ဝေးဖို့ ခဏခဏ အကြောင်းဖန်ခဲ့ပေမယ့်... တကယ်တမ်းတော့ ခေါင်းဆောင်နဲ့ မုဒယရဲ့ ​ကံကြမ္မာက... နှစ်ယောက်သားကို အကြိမ်ကြိမ်ဝေးပြီး အကြိမ်ကြိမ် တွေ့ဆုံစေခဲ့တာ ဖြစ်သည်။

အထူးသဖြင့်...
မုဒယရဲ့ ဘေးနားမှာ ရှိနေသည့် အသက်ကြီးသော်ငြား မပျက်စီးသေးသည့် လူကြီးကိုပဲ ကျေးဇူးတင်ချင်မိတာပါ။

အတွေးများဖြင့် ရှိနေပြီး ဘေးနားက ခေါင်းဆောင်ကို ကြည့်မိတော့... ဒီနေ့ နိုင်ငံခြားက အရေးကြီးဧည့်သည်ကို သွားတွေ့ရမှာမို့တဲ့... suit အနက်ကို တောက်ပြောင်နေအောင် ကျကျနန ဝတ်ထားသည်။

ပြီးတော့ အပေါ်မှ လွှမ်းခြုံဖို့ long coat အနက်ရောင် အရှည်ကြီးကိုလည်း ယူလာခဲ့သေးသည်။ သေချာကြည့်မှ ဒီနေ့ ခေါင်းဆောင်ပုံစံက အရမ်းမိမိုက်နေတာမျိုးပင်... ကြည့်ရင်းနဲ့ပင် မနာလိုမိတော့...။

ဘာလဲ?
သွားတွေ့မယ့်သူက မိန်းကလေးလား? ပြီးတော့ ဒီလောက်တောင် formalကျအောင် ဘာလို့ ဝတ်စားထားတာလဲ?

အနည်းငယ် ရှည်လာသည့် ဆံပင်များကို နောက်သို့ စုစီးကာ ထုံးထားသည်။ ရှေ့မှာ တစ်ဖက်တစ်ချက် ဆံပင်များက ကျနေသည်။ မျက်မှန်ကိုလည်း အထာကျကျ တပ်ထားသေးသည်။ ဒါက အရမ်းfine သည့် ဘဲကြီးတစ်ဖြစ်လည်း ဒီနယ်ရဲ့ ခေါင်းဆောင် ဒီနက်စွေး...

သူ့တစ်ကိုယ်လုံးက နာမည်နှင့်အလိုက် နက်စွေးနေတာမျိုးပင်။ ကြာတော့ သူ့ကို စိတ်ကောက်ချင်မိပြီး နူတ်ခမ်းစူဖို့ ကြိုးစားမိသေးသည်။ သူက ချက်ချင်းဆိုသလို... တောင်တက်တစ်ဖက်အဝိုက်မှာ လက်တစ်ဖက်တည်းဖြင့်ပင် steering wheelကို လှည့်ပြီး ထိန်းချုပ်သွားသည်မို့...

D's ®- My Señorita (Completed)Where stories live. Discover now