{Unicode}
... အပိုင်သိမ်းတယ်...
ခေါင်းဆောင်က ယုတ်မာလွန်းတယ်...။***
စနေနေ့....
နံနက်ပိုင်း...
"ဖိုးစောမြတ်... ဒီနေ့ ကားတွေ နည်းနည်း အလာကျဲနေသလိုပဲနော်..."
"ဟုတ်တယ်... ထင်တာတော့ ဒီနေ့ ရာသီဥတု အခြေအနေ နည်းနည်း အေးနေလို့ ဖြစ်ပါလိမ့်မယ်..."
ထိုအချိန်မှာတော့ ခေါင်းဆောင်က သူ့ခေါင်းကို ညိမ့်ကာ နံဘေးမှ ခေါင်ရည်ကို တစ်ချက်မော့သည်။ ဒီလို ချမ်းအေးသည့် တောင်ပေါ်ဒေသတွေမှာတော့ အအေးဒဏ်ခံနိုင်ဖို့ တစ်ခုခု လုပ်ကြရသည်။
အနွေးထည် ထူထူ၀တ်တာမျိုး ၊ အိမ်မှာရှိရင် အိမ်ပေါ်တွေမှာ မီးဖိုထားတာမျိုး ၊ အပြင်သွားရင်တော့ ဒီလိုခန္ဓာကိုယ်နွေးသွားဖို့ ခေါင်ရည် သို့မဟုတ် ၀ိုင်ကို သောက်ကြရသည်။
ခေါင်းဆောင်က ဒီနေ့မှာတော့ Leather jacketအပွကြီးနှင့်အတူ အောက်ဘက်မှ cargo ဘောင်းဘီ... အပေါ်မှ beanie ဦးထုပ်အနက်ကို ဆောင်းထားသည်။
ခေါင်းဆောင်က သူ့အသက်အရွယ်နှင့်မလိုက် အလွန်နုသည် ပြောရမည်။ သူ့အ၀တ်အစားများ အပေါ်၌လည်း မူတည်ပါသည်။ တစ်ခါတစ်လေ suit၀တ်တဲ့ အချိန်ကျ အရမ်းခန့်ညား သွားတတ်ပြီး ဒီလို freestyleကျတော့လည်း လွတ်လွတ်လပ်လပ်နဲ့ ရှိနေသည်...။
"ဟိုမှာ တစ်စီးလာနေပြီ ငါသွားကြည့်လိုက်ဦးမယ်..."
ခေါင်းဆောင်က ထိုသို့ပြောလာသည်။ သူ့လက်ထဲ စာအုပ်တစ်ခုကို ကိုင်ကာ အပြေးအလွှား ဂိတ်ဆီသို့...။
ထိုအချိန်မှပင် ကျွန်တော်လည်း ဒီနေ့ရောက်ရှိနေသည့် အထူးဧည့်သည်ကို တစ်ချက်ကြည့်လိုက်မိသည်။ မနက်အစောကြီးကတည်းက ဂိတ်တဲမှာ ရောက်နေသည့် တစ်စုံတစ်ယောက်ကြောင့် ဒီနေ့ စစ်ဆေးရေးဂိတ်မှာတော့ အတော်လေးကို နွေးထွေးနေသည် ထင်ရသည်...။
ခေါင်းဆောင် ကြိုက်တာလည်း မပြောနဲ့ ထူးခြားသော ရုပ်ရည်လေးက မြင်သူစွဲမက်ဖွယ်ရာပင် ဖြစ်သည်။ သူ့ဘာသာ အေးဆေးစွာပင် စာလုပ်နေသည်ကပင် တစ်မျိုး ကြည့်ကောင်းနေသည်...။
