အချပ်ပို

17.4K 563 34
                                    

{Unicode}

... ကျုပ် ခင်ဗျားကို ကြည့်မရတာက
မုန်းတာ မဟုတ်ဘူး...။

****

နှစ် ၁၈ခန့်ကြာသော်...

ချင်းတောင်တန်းတစ်နေရာ...

"ကဲ... ကိုယ်တို့ အိမ်ပြန်ကျမယ်... ပြီးတော့ သားငယ်ကိုလည်း သူ ၁၈
နှစ်ပြည့်တဲ့နေ့... ပြီးတော့ ခေါင်းဆောင်ရွေးပွဲအတွက် ယှဥ်ပြိုင်နေ့ဆိုတော့... ဖိုးစောမြတ်... ပွဲပြီးရလာဒ်ကရော..."

"သခင်လေးက ခေါင်းဆောင်ငယ် ရာထူးကို ထိုက်ထိုက်တန်တန် ရသွားပါတယ်ဗျာ။ စုစုပေါင်း သူအမဲလိုက်ခဲ့တဲ့ အကောင်ရေက ၂၀တဲ့...။ တကယ့် တောကောင်ကြီးပဲ... ခေါင်းဆောင်ငယ်ကလဲ ခေါင်းဆောင်ရဲ့ သွေး အပြည့်အဝ ပါတယ် ထင်သပ...။"

"အခု.. သားက ဘယ်ရောက်နေလဲ?"

"နယ်ခြားဂိတ်ဘက်မှာပါ ခေါင်းဆောင် ကတော်..."

ဖိုးစောမြတ်ရဲ့ အခေါ်အဝေါ် နောက်မှာတော့ ကလေးလေးကတော့ မိမိရှိရာသို့ ကြည့်လာသည်။ သူက ဘာလဲ.. ချက်ချင်းဆိုသလို မိမိဆီသို့ ကြည့်လာသည်။ သေချာသည်.... ဒီမျက်လုံးများက အတော်လေးကို သဝန်တိုနေသည့် အဲ့ဒီနေ့က မျက်ဝန်းများလိုပင်..။

"ဦးဒီနက်စွေး.. ခင်ဗျား ဟိုတစ်ယောက်နဲ့ မပြတ်သေးဘူးမလား? အဲ့ဒီတစ်ယောက်ကို ဒုတိယလူ အနေနဲ့ ယူမယ်ဆိုတာကရော.. ခင်ဗျား အဲ့ဒီတစ်ယောက်နဲ့ အခုထက်ထိ အဆက်အသွယ်ရှိသေးတယ် မလား? မှန်မှန်ပြော.."

မိမိမျက်နှာကို စူးစိုက်ကာ မော့ကြည့်လာပြီး ပြောလာသူကြောင့် မသိရင်ဘဲ ကိုယ်က မဟုတ်တာကို စစ်ဆေးခံနေရသလိုပင်။

"မဟုတ်သေးပါဘူးကွာ.. မဟုတ်ပါဘူး.."

ဖိုးစောမြတ်ကို ကြည့်ကာ ပြောလိုက်သည့် ပြောလာသည့် အချိန်မှာတော့ ဖိုးစောမြတ်က ပြောဖို့ စကားရှာပေမယ့်...

"ဖိုးစောမြတ်.. စကားမပြောနဲ့.. ဒီကိစ္စက သူ့ကိုပဲ ပြောပြီး မေးမှ ရမှာ...၊ ပြော ခင်ဗျား... ကျုပ်က ကလေးတစ်ယောက်မွေးထားလို့ ဘာအလှတရားမှ မရှိတော့ဘူးလို့ ဆိုလိုပြီး ပစ်ချင်တာ မလား?"

"မဟုတ်ပါဘူး.. သူ ခေါ်တဲ့ ခေါင်းဆောင် ကတော်ဆိုတာ.. မင်းကိုပဲ ခေါ်တာ..။ ငါ့မှာ ကတော် သတ်မှတ်စရာဆိုလို့ မင်းပဲ ရှိတာလေ..။ မင်းပဲ ရှိတာလို့..."

D's ®- My Señorita (Completed)Where stories live. Discover now