{Unicode}
... တစ်ခါတစ်လေမှာ
ပိုင်ဆိုင်ဖို့ ကြိုးစားရတဲ့
ဒီလူသားမှာ အတ္တတွေနဲ့...။***
နောက်တစ်နေ့....
နံနက်ပိုင်း...
ရောင်နီပျို့ပျို့ မနက်ခင်း အရုဏ်ဦးကို ကြည့်နေမိသည်။ ချမ်းစီးနေသည်မို့ ကိုယ်ခန္ဓာပေါ် အနွေးထည်များဖြင့်... ။ မကြာခင်မှာတော့ ခေါင်းဆောင်ပါ မျက်နှာသစ်ကာ အိပ်ရာမှ ထ လိုက်ပြီး မိမိဆီသို့...။
သူ့အကျီ်အဝတ်အစားက ဒီအတိုင်း ပုံမှန်အနေဖြင့် ရှိနေပေမယ့် ခေါင်းဆောင်ကတော့ ဘယ်တော့မှ ယောကျ်ားဆန်မှု မလျော့သွား...။
"ကော်ဖီသောက်နေတာလား? အများကြီး မသောက်နဲ့..."
"ဟုတ်ကဲ့... နည်းနည်းပဲ သောက်တာပါ ခေါင်းဆောင်...။"
"အင်း....
သူငယ်ချင်းတွေက တောင်ပေါ် သွားမယ်တဲ့... မလိုက်တော့ဘူးလား?"ထိုစကားအဆုံးမှာတော့ အဝေးက တောင်ထိပ်ပေါ်မှ တောင်ဇလပ်ပန်းပွင့်များကို ငေးကြည့်မိလိုက်သည်။ လက်ထဲက ကော်ဖီနွေးနွေးကို သောက်မိလိုက်ရင်းမှ...
"အဟင်း... သူတို့နဲ့က ဘာမှမသက်ဆိုင်တော့ပါဘူးလေ...။"
ထိုစကားအဆုံးမှာတော့ ခေါင်းဆောင်က ငေးခနဲ ဖြစ်သွားလေပြီ။ ထို့နောက် အသေအချာအလေးအနက် တစ်စုံတစ်ရာကို တွေးဟန်ဖြင့်.... သူ့လက်ထဲမှ အငွေ့တစ်ထောင်းထောင်း ထွက်နေသည့် ကော်ဖီကို သောက် အဝေးတစ်နေရာသို့ ကြည့်လိုက်ပြီး...
"ဒါဆို ကလေးလေးက ကျောင်းပြန်တက်ချင်လား?"
မျှော်လင့်မထားသော ထိုစကားအဆုံးမှာတော့ ကျွန်တော် ခေါင်းဆောင်ကို ကြည့်လိုက်မိသည်။ ခေါင်းဆောင်ကတော့ ပကတိတည်ငြိမ်အေးချမ်းစွာဖြင့်ပင် ရှိနေသည်။
"မုဒယ... ကျောင်း ဆက်နေချင်သေးတယ်...။"
.ထိုစကားကို ခေါင်းဆောင်ကို ပြောထွက်ဖို့ မနည်းအားထုတ်ပြီး ပြောလိုက်မိသည်။ ခေါင်းဆောင်က ထိုစကား ကြားချိန်မှာတော့ အနည်းငယ် ဆွေးတမြည့်မြည့်ဖြင့် အဝေးကို မျှော်ငေးပြီး...
