{Unicode}
... မင်း ကိုယ့်ကို သေစေချင်လား?
စိတ်ချ... မင်း မသေစေချင်သရွေ့...
မင်း ယောကျာ်းက
အသက်ရှင်မှာမို့...။****
တောက်!!
"လုံစော... သေပြီ ဟုတ်လား?"
"ဟုတ်... ဟုတ်ကဲ့ ဆရာ...။"
"ပစ္စည်းတွေက ဘယ်လိုဖြစ်ကုန်ပြီလဲ?"
"တစ်ခုမှ အပြင်ကို မထွက်နိုင်သေးပါဘူး...ဆရာ.."
"တောက်! မင်းတို့ အဲ့ဒါကို ဘာမှမလုပ်ကြဘူးလား?"
"မလုပ်ရဲဘူး ဆရာ... ဒီနက်စွေး ပြန်ရောက်နေပြီ...။ အဲ့ဒီကောင်က နားလည်း လျင်သလို... လူလည်း လည်တယ်...။ ဘယ်သူမှ မလုပ်ရဲဘူး ဆရာ...။ အားလုံးက လုံစော သေသွားတာကို အိပ်မက်ဆိုးလို... ဖြစ်နေတာ...။"
"မင်းတို့ သောက်သုံးမကျလိုက်တဲ့ ကောင်တွေ... ငါ့ပစ္စည်းတွေက ရက်လွန်နေပြီ... ဟိုက လက်ခံတဲ့ သူတွေလည်း ငါ့ကို စိတ်ခုနေပြီ...။ စျေးကွက်သာ ပျက်သွားရင် ငါတို့တွေ ဘယ်လိုလုပ်မလဲ?"
"ဒါ... ဒါပေမယ့် ဆရာ..."
"ဘာစကားမှ မကြားချင်ဘူး... အဲ့ဒီကောင်ကို တစ်ခါသတ်လို့ မှ အဆင်မပြေရင်... နှစ်ခါသတ်...။ နှစ်ခါသတ်လို့မှ မရရင် သုံးခါသတ်ကွာ...။ ဘယ်သူမှ ကံအမြဲမကောင်းနိုင်ဘူး...။ သူ့ကို ငါတို့ မသတ်နိုင်ရင် သူက ငါတို့ကို ပြန်သတ်မှာ...။"
"ဒါဆို... သူ့ကို သတ်ဖို့ ဘယ်လိုစီစဥ်လိုက်ရမလဲ ဆရာ...။"
"လူတိုင်းမှာ အားနည်းချက်ဆိုတာ ရှိတယ်... သူ့အားနည်းချက်က သူ့ကို ထောင်ချောက်ထဲ မျှားခေါ်လို့ ရတယ်..။ ပြီးတော့ ထောင်ချောက်မိတဲ့ သားကောင်က ကိုယ် ပြုသမျှ နုရမှာလေ... ဟားဟား..."
"ဆရာ..."
"... သူက အခု ငါတို့လမ်းကြောင်းရဲ့ အနှောက်အယှက်ပဲ... တစ်ခါသတ်လို့ မသေရင် နှစ်ခါသတ်ကွာ...။ အခုတစ်ခါ သူ့ကို သေအောင် သတ်ခဲ့...။ သူ့အားနည်းချက်ဖြစ်တဲ့ ဟိုကလေးကို ဓားစာခံအဖြစ်နဲ့ ခေါ်ရမယ်...။ အဲ့ဒီကလေးကို ဒီနေ့ သတ်ရမယ်..."
ဒီတစ်ခါ အကြံက... တစ်ကွက်လို့ပဲ ဆိုရမလား?
ဒါမှမဟုတ် အကြံကုန် ဂဠုန်ဆားချက်တာလား သေချာမသိတော့....။
