အချပ်ပို (၃)

5.5K 202 8
                                    

.. ခေါင်းဆောင်ငယ်
ရွေးချယ်ထားတဲ့သူ....

****

နောက်တစ်နေ့...

နောက်နေ့မှာတော့ ထုံးစံအတိုင်း ခေါင်းဆောင်ငယ်က လမ်းပြပေးပြီး ကျွန်တော်တို့ရဲ့ လုံခြုံရေးအတွက် ရောက်လာတာ ဖြစ်နိုင်သည်။

ဒီနေ့မှာတော့ ပုံမှန် အဝတ်အစားနဲ့ မဟုတ်ဘဲ... ဂိတ်မှာ စောင့်ကြပ်သည့်အတိုင်း အရေးကြီးသည့် အကွာအကွယ် အဝတ်အစားနဲ့ပင်...။

ထိုအဝတ်အစားများဖြင့် သူ့ပုံစံက ကြည့်ရတာ အတော်လေးကို ကောင်းနေသည်မို့ အဖွဲ့ထဲမှာ ရှိနေသည့် မိန်းကလေးများကတော့ သူ့ဆီမှ အကြည့်မလွဲနိုင်ခဲ့။

သူကတော့ မျက်နှာထား တည်တည်ဖြင့်ပင်... အားလုံးကို တစ်ချက် ကြည့်ပြီး ကျွန်တော့်ဆီမှာပင် အကြည့်တို့ ဆုံးသွားကာ...

"ဒီနယ်ရဲ့ ရိုးရာဓလေ့အကုန်လုံးကို ဒီနေ့ လိုက်ပြပေးဖို့ စီစဥ်ထားသလို... မနီးမဝေးက ရှိတဲ့အရာအားလုံးကိုလည်း လိုက်ပြပေးသွားပါ့မယ်။ တစ်ခြား... ရိဒ်ရေအိုင်...ဗန်ကီးယိုပြတိုက်၊ ကောလောင်း ရေတံခွန်...၊ ဘုံတလာရေတံခွန်၊ ကနေဒီဆင်စခန်း၊အွေကျီး အဲ့ဒီဘက် အနည်းငယ် ဝေးတဲ့နေရာတွေကိုတော့ ဒီက ခေါင်းဆောင် ပြန်ရောက်တာနဲ့ လိုက်ပို့ပေးပါ့မယ်။"

"ဟုတ်ကဲ့..."

"မနက်ဖြန်က ဒီမှာ ရိုးရာပွဲနဲ့အတူ မီးပုံပွဲလည်း ရှိပါတယ်။ အဲ့ဒီမှာ ခေါင်းဆောင်ပါ တစ်ခါတည်း ရှိမှာပါ။ ပြီးတော့ ရိုးရာဝတ်စုံတွေနဲ့ ဓလေ့တွေကို အပြည့်အဝ ကြည့်နိုင်မှာပါ။"

"ဟုတ်ကဲ့ပါ ခေါင်းဆောင်ငယ်..."

"ဒါဆို... သွားကြရအောင်...။ အရင်ဆုံး ဒီနယ်မှာ ရှိတဲ့ အရာအားလုံးကို လိုက်ပြပေးပါ့မယ်။ မနေ့က ဖိုးဖိုးစောမြတ် လာပါလိမ့်မယ်"

"ဟုတ်ကဲ့ ခေါင်းဆောင်ငယ်..."

ထိုအချိန်မှာတော့ ခေါင်းဆောင်က ခေါင်းတစ်ချက်ညိမ့်ကာ ရှေ့မှ ဦးဆောင်ကာ သွားလေသည်။ မကြာမီပင် ရှေ့မှာတော့ မနေ့က အဖိုးက စောင့်နေပြီး ခေါင်းဆောင်ငယ် ကဲ့သို့ပင် အဝတ်အစားဖြင့်...

D's ®- My Señorita (Completed)Where stories live. Discover now