{Unicode}
... အခုတစ်ခါက...
ငါလူနဲ့ ငါ့ရင်သွေးကို လာပြီး စောင့်ရှောက်တာပါ..။***
ယခင်အပိုင်းမှ အဆက်..
"လာ.. လာ... ကားကို ဒီဘက်ကို ဝိုက်ခဲ့..."
ဖိုးစောမြတ်က လက်ဟန်အမူအရာဖြင့် ပြသသည်... သူ့မျက်နှာပေါ်မှ မျက်ရည်စ များကိုလည်း သုတ်ငင်ရသေးတာပင်...။
ကားကို ဂိတ်ဝ တစ်နေရာမှာပင် ရပ်တန့်ပြီးသည်နှင့် ကားတက္ကစီသမားကို ပိုက်ဆံရှင်းပေးကာ ပြန်လွှတ်လိုက်မိသည်...။ ထိုအချိန်မှာတော့ Lamorနှင့် နှစ်ယောက်တည်း ဖိုးစောမြတ်ခေါ်သည့် ဂိတ်တဲဆီသို့...။
ဂိတ်တဲ...
မဟုတ်ဘူး... အရင်တုန်းက ခနော်ခနဲ့ ရှိခဲ့သည့် ဂိတ်တဲက အခုဆို အဆောက်အဦးက အခိုင်အမာ ရှိနေသည်...။ဖိုးစောမြတ်က ထိုဂိတ်တဲထဲမှာ လုံခြုံပြီး နားလို့ ကောင်းမည့် နေရာတစ်ခုကို ခေါ်သွားလေပြီ...။ ထိုရောက်သည်နှင့်...
"အား... ခေါင်းဆောင်... ခင်ဗျား ဘယ်တွေ ပျောက်နေတာလဲ? ကျုပ် ဘယ်လောက်တောင် စောင့်နေခဲ့လဲ? ခင်ဗျားဗျာ... ကျုပ်က ခေါင်းဆောင်ကို သေပြီမှတ်လို့... ဘယ်လောက်တောင် ကျုပ်စိတ်တွေ ဖြစ်နေခဲ့လဲ ခေါင်းဆောင် မသိဘူး...။"
ဖိုးစောမြတ်ကတော့ အစောနက သူ့အခြေအနေကို ဘယ်လောက်တောင် ချုပ်တည်းထားလည်း မသိ...။ အခန်းထဲ ရောက်သည်နှင့် သူ့အသံကို အသားကုန် ဟစ်အော်ပြီး ငိုကြွေးနေသည်...။ မျက်ရည်များက ဆည်ကျိုးသလို ပါးပြင်နှစ်ဖက်ပေည်သို့ စီးကျနေသည်...။ အခုထက်ထိ မရိတ်သိမ်းရသေးသည့် မုတ်ဆိတိမွှေး၊ နူတ်ခမ်းမွှေးများက အနည်းငယ် အဖြူတို့ ရောထွေးနေသည်...။
ပင်ပန်းဒဏ်ကြောင့် ထင်သည်... ဖိုးစောမြတ်ကတော့ မတွေ့ရသည့် နှစ်များအတွင်း အတော်လေးကို အိုစာသွားခဲ့သည်....။
ဖိုးစောမြတ်ကို ပြုံးကာ ကြည့်နေပြီး ကလေးတစ်ယောက်လိုပင် ပုခုံးကို ပုတ်ကာ မငိုဖို့ ချော့လိုက်မိတော့... ဖိုးစောမြတ်က အငိုတိတ်ကာ... နံဘေးမှ း ကို အခုမှ သတိရဟန်ဖြင့် ကြည့်လာသည်....။
![](https://img.wattpad.com/cover/340876461-288-k310958.jpg)