" 1 "

3.4K 132 23
                                    


[unicode]

"ဟင်...ဘာလား...ဒီလိုပြီးသွားလို့ရလား"

khaotungတစ်ယောက် ကုတင်ပေါ်မှာအိပ်ပြီး ပေါက်ကွဲနေသည့်အကြောင်းမှာ...သူ၆လလောက် ongoingလိုက်ခဲ့သည့် ဝတ္ထုသည် sad ending ဖြင့် ပြီးသွားတာကြောင့်ပင်။

အစက ပျော်နေရပြီးမှ နောက်ဆုံးsad endingဖြစ်သွားတာဆို ကိစ္စမရှိပေမယ့် အခုက စဖတ်ကတည်းက လောင်ရငိုရနဲ့ တစ်ခါမှစိတ်မချမ်းမြေ့ခဲ့ပေ။

ဒါကြောင့် နောက်ဆုံးတော့ happy ending ဖြစ်မယ်လို့ မျှော်လင့်ထားပေမယ့် အခုတော့ အမျိုးသမီးဇာတ်ကောင်သေသွားပြီး...အမျိုးသားဇာတ်ကောင်က အသက်၇၀အထိအသက်ရှင်ကာ နောက်ဆုံး အမျိုးသမီးဇာတ်ကောင်ကိုလိုက်ရှာရင်း အဲ့ဒီနေရာမှာ အမျိုးသမီးဇာတ်ကောင်က မသေခင်မူလအရွယ်တိုင်းရှိနေကာ ထိုအချိန်တွင် ပြီးသွားသည်...တစ်ယောက်နဲ့တစ်ယောက်ပင် မတွေ့လိုက်ရ။

ဒီသောက်ကျိုးနည်ficကို အဆုံးထိဖတ်ခဲ့သူ့ကိုယ်သူ နောင်တရလို့မဆုံး။

သူက တစ်ကောင်ကြွက်တော့မဟုတ်ပေမယ့် ဆွေမျိုးသားချင်းဆိုလို့ အဘွားတစ်ယောက်ပဲကျန်တော့သည်။ သူ့ရဲ့အဘွားကလည်း ရောဂါတစ်ခုကြောင့် ကိုမာဝင်နေကာ ဆေးရုံစရိတ်အတွက် ပူစရာမလိုအောင်ချမ်းသာနေတာကြောင့် သူ့ဘဝက ပျင်းစရာတော့ကောင်းသည်။

ဒါကြောင့် wattpedကစာတွေသာ လိုက်ဖတ်နေပြီး နေ့တိုင်းလိုလို စာထဲသာ စိတ်နှစ်ထားတတ်သည်။ ဒီအခြင်းအရာကြောင့်ပင်...အခုလို စိတ်ပျက်ဖွယ်ကောင်းတဲ့ ficကို စွဲလန်းခဲ့ပြီး အဆုံးထိongoingလိုက်ခဲ့ခြင်းဖြစ်သည်။

  အခုတော့ ပြီးသွားပြီးဖြစ်တာကြောင့် နောင်တတွေကို ထွေးပိုက်မနေတော့ပဲ...အချိန်ကိုကြည့်လိုက်တော့ နေ့လည်စာစားချိန်တောင် ရောက်နေပြီးမို့ ထမင်းစားရန်အောက်သို့ လှေကားအတိုင်း ဆင်းလာခဲ့သည်။

သို့သော် ကံဆိုးချင်တော့ အိမ်အကူမလေးက လှေကားကိုရေဝတ်ဖြင့် သန့်ရှင်းရေးလုပ်ချိန်ဖြစ်တာကြောင့် အလောတကြီးပြေးဆင်းလာသည့်သူသည် ရေစိုနေသည့်လှေကားထစ်အား နင်းမိကာ လှေကားအောက်ဆုံးအထိ မရှုမလှလိမ့်ကျသွားခဲ့သည်။

ɴᴏᴠᴇʟထဲရောက်လာတယ်  [ongoing]Where stories live. Discover now