[unicode]"ဒါက ကိုယ့်ကိုစိတ်ကျေနပ်မှုမရစေဘူးနော် ဘေဘီ!"
firstက ထိုသို့ပြောလိုက်ပြီး လျှာဖျားကို လက်တစ်စလစ်လောက်ထုတ်ပြီး အောက်နှုတ်ခမ်းအား ဆွဲဆောင်မှုရှိစွာ လျက်ပြလိုက်သေးသည်။
khaotungသည် firstရဲ့ဆွဲဆောင်မှုကြောင့် ရူးသွပ်သွားလုနီးပါးပင်။ ဤလူသည် အရမ်းကိုချောမောလွန်းသည်။ အထူးသဖြင့် ယခုလို ရမ္မက်ရွှမ်းနေပြီး သားရဲတစ်ကောင်လို စူးရဲရဲမျက်ဝန်းများဖြင့် သူ့အားကြည့်နေသော အချိန်တွင်ဖြစ်သည်။ သူသည် ရုတ်ချည်းပင် စိတ်လှုပ်ရှားသွားရပြီး firstအား လည်တိုင်မှဆွဲချကာ ခပ်ပြင်းပြင်း နမ်းရှိုက်လိုက်တော့သည်။
သူသည်ထိုအချိန်တွင် ထိုသူအား မည်သူ့ကိုမှမပေးချင်သည့် အတ္တလေးတစ်ခု ပေါ်ပေါက်လာသည်။ သူ့ဘဝတွင် မည်သည့်အရာကိုမျှ အတ္တမထားခဲ့ချေ။ သို့သော် ယခုအခိုက်အတန့်တွင် ထိုလူကား သူ့အပိုင်ဟူသော အသိဖြစ်လာခြင်းကပင် သူ့အား ပျော်ရွှင်စေသည်။ သူ၏ဘဝတွင် ပထမဆုံးအနေဖြင့် အတ္တတစ်ခု ပေါ်ပေါက်လာလေပြီ။
သူနမ်းနေရာမှ ပြန်ခွာလိုက်ပြီး firstရဲ့ခန့်ညားလွန်းသည့်မျက်နှာအား တစ်မက်တစ်မော ငေးကြည့်လိုက်၏။
"မင်းကိုယ့်ကို အဲ့လောက်ထိသဘောကျတာလား"
firstက ပြုံးရယ်လျက် မေးလာသည်။
"ဟင်အင်း...ငါမင်းကို အဲ့ထက်ပိုပြီးသဘောကျတာ၊ အရမ်း အရမ်း အရမ်း အရမ်း....သဘောကျတာကွာ...။ မင်းရဲ့ဆွဲဆောင်မှုရှိတဲ့မျက်နှာကို ဘယ်သူ့ကိုမှ မျှော်ဖူးခွင့်မပေးချင်တဲ့အထိ သဘောကျတယ်။ first, ငါမင်းကို အရမ်းချစ်တယ်...မင်းသိရဲ့လား?!"
khaotungသည် ပြောရင်းဖြင့် သူ့မျက်ဝန်းအိမ်တွင် မျက်ရည်များရစ်သိုင်းလာ၏။
firstက khaotungရဲ့ နှာခေါင်းထိပ်ကလေးအား အနမ်းဖွဖွပေးလိုက်ပြီး အလေးအနက်ပြောလာသည်။
"အင်း... ကိုယ်သိတာပေါ့ ကိုယ့်ရဲ့ကြင်ယာတော်လေးရဲ့၊ ဒါပေမယ့် မင်းလည်းသိဖို့လိုတယ်။ ကိုယ်လည်းမင်းကို အများကြီး သဘောကျပြီး၊ အများကြီးလည်း ချစ်တယ်ဆိုတာကိုလေ။
YOU ARE READING
ɴᴏᴠᴇʟထဲရောက်လာတယ် [ongoing]
Fanfictionဝတ္ထုထဲရောက်လာရင်လည်း ကောင်းကောင်းရောက်လာပါလား.. ချီးမို့ ငါဝင်လာမှ အကုန်ပြောင်းလဲကုန်ကြတာလဲ။