" 26 "

471 48 22
                                    


[unicode]

khaotungသည် အခန်းထဲရှိ ပြတင်းပေါက်တွင် လက်ထောက်ကာ အပြင်သို့ငေးကြည့်လျက် အတွေးလွန်နေသည်။

မနေ့ကအဆိပ်မိသော အကြောင်းသည် ရုတ်တရက်ဆန်လွန်းကာ သူ့ကိုအံ့အားသင့်သွားစေသည်။ ထိုကိစ္စကသည် အရင်ကဘဝကလည်း ဖြစ်ခဲ့ဖူးသည်လားသူမသိ။ သူသည်ထိုအဆိပ်အကြောင်း လုံးဝမကြားဖူးတာ သေချာသည်။ ကိစ္စတွေက အများကြီးဖြစ်ပျက်သွားသည်မို့ သူတောင်လိုက်မမှီတော့ပေ။ သေချာသလောက်ကတော့ ကိစ္စတွေက အရင်ဘဝကထက် ပိုပြီးရှုပ်ထွေးလာနေပြီးဖြစ်ကာ သူကိုယ်တိုင်တောင် ဘယ်အချိန်ဘာဖြစ်လာနိုင်လဲ မသေချာတော့ပေ။ ထိုအဆိပ်မိတဲ့ ဖြစ်စဥ်သည် သူတို့ကို သတိထားဖို့လိုနေကြောင်း မီးမောင်းထိုးပြနေ၏။

ပြီးတော့ကုကျန့် ၊ သူမနေ့က စိတ်မတည်ငြိမ်သေးတာကြောင့် ထိုအကြောင်း သတိမထားမိလိုက်ပေ။ အခုမှ သူသတိထားမိသည်။ သူနှင့် ကုကျန့်သည် ထိုနေ့မတိုင်ခင်အထိ အဆက်အသွယ်မရှိတာ လအတော်ကြာပြီးဖြစ်ကာ သူအဆိပ်မိထားတဲ့အကြောင်း သိဖို့ရန်မဖြစ်နိုင်ပေ။ ထို့ပြင် ဤသူသည် ထူးခြားလွန်းသော အဆိပ်အကြောင်းသိနေသည့်အပြင် ထိုအဆိပ်သည် firstကို ဦးတည်နေကြောင်းတောင် သိနေသေးသည်။

သူသည် ကုကျန့်အား သံသယဝင်မိသော်ငြား ကုကျန့်က သူ့ကိုအဆိပ်ခတ်ရန် ခွင့်ပြုသည်ကို မယုံကြည်နိုင်သေးပေ။ ထိုသူသည် သူ၏ဆရာဖြစ်ခဲ့ဖူးသည့်အပြင် သူ့အား ငယ်စဥ်ကတည်းက ဂရုစိုက်ပေးခဲ့သည်။ အရင်ကတည်းက အတူတူနေထိုင်ခဲ့ကြပြီး သူသည် ထိုသူအပေါ်တွင် စိတ်ယိုင်ခဲ့သေးကာ ထိုသူကလည်း သူ့အပေါ်ပုံမှန်မဟုတ်သော ခံစားချက်ရှိကြောင်း အသေချာသိနေ၏။

သို့ရာတွင် ယခုမူ သူ့အား သစ္စာဖောက်သွားခဲ့သည်။ ကုကျန့်သည် ဘယ်အချိန်မဆို အကျိုးအကြောင်းဆီလျော်တဲ့သူဖြစ်ရာ သူ့ကြောင့်နှင့် firstအားလုပ်ကြံသည်မှာ ယုံနိုင်ဖွယ်ရာမရှိ။ သို့ရာတွင် ထိုသူသည် သူ့ကိုအသိပေးရန် နန်းဆောင်ထဲသို့ ခိုးကာဝင်ရောက်ခဲ့သေးသည်။ ထိုနေ့က ကုကျန့်ပြောသည့် "ကိုယ်ဒီမှာ ကြာကြာနေလို့မရဘူး" ဟူသော စကားသည် တစ်ယောက်ယောက်မြင်သွားပါက ဒုက္ခရောက်သွားနိုင်သည်ဟူသော အဓိပ္ပါယ်ပင်။ ဒီကိစ္စသည် ကုကျန့်နဲ့လူချင်းတွေ့ပြီး မေးရမယ့်အရာဖြစ်တာကြောင့် သူကုကျန့်နဲ့ တွေ့ဖို့လိုအပ်သည်။

ɴᴏᴠᴇʟထဲရောက်လာတယ်  [ongoing]Where stories live. Discover now