[unicode]ဒေါက်...ဒေါက်..ဒေါက်
"မင်းသား၅၊ ဘုရင်မင်းမြတ်က မင်းသားကို လိုက်ရှာခိုင်းနေပါတယ်"
khaotung၏ ကျောပြင်ပေါ်က ဒဏ်ရာအား ဆေးလိမ်းကာ ကုသပေးနေသော firstသည် ထိုသည်ကို ကြားလိုက်ရသောအခါ သူ့ရဲ့လှုပ်ရှားမှုတွေ ရပ်တန့်သွားသည်။ တစ်ချိန်ထဲမှာပင် အခန်းအတွင်း အမည်ဖော်မရသော အေးစက်တွေ လွှမ်းခြုံသွားရတော့သည်။
သူသည် လိမ်းလက်စဆေးဘူးအား ပြန်ပိတ်လိုက်ကာ နုနယ်လှသောကျောပြင်ပေါ်သို့ လက်ဖဝါးဖြင့် ဝှေ့ယမ်းလိုက်ကာ ခဏအကြာတွင် ဒဏ်ရာများသည် တစ်ခါမျှမရှိခဲ့သည့်အလား ပျောက်သွားတော့သည်။
"ငါသိပြီး"
ထို့နောက် သူ့ရဲ့ဝတ်စုံအား သန့်ပြန့်နေအောင် ပြုလုပ်လိုက်ပြီး ပြတင်းပေါက်ကနေ ခုန်ဆင်းသွားတော့သည်။
............
"ဖေဝမ်"
တစ်စုံတစ်ခုကို လိုက်ရှာနေပုံရသည့် စစ်သူကြီးဖေဝမ်သည် ရင်းနှီးနေတဲ့အသံကို ကြားလိုက်ရတာကြောင့် အနောက်ကို လျင်မြန်စွာ လှည့်ကြည့်လိုက်သည်။
"မင်းသားကို ဂါရဝပြုပါတယ်"
firstက လက်ခံတဲ့အနေနဲ့ခေါင်းညိတ်ပြလိုက်ပြီး အကြောင်းအရင်းကို မေးလိုက်သည်။
"ငါ့ကိုရှာတာက ဘာကိစ္စလဲ"
သူသည် ထိုအဖြေအားသိပြီးသား ဖြစ်သော်လည်း အသေးစိတ်သိရရန်အတွက် မေးလိုက်ခြင်းပင်။
စစ်သူကြီးဖေဝမ်သည် ထိုသည်ကိုကြားသော် အနည်းငယ်စိုးရိမ်နေသည့် မျက်နှာထားဖြစ်သွားပြီး ကိစ္စကိုလျှောက်တင်လိုက်သည်။
"မနေ့ညက အမတ်တစ်ယောက်က မင်းသားက ကြင်ယာတော်ဆီကို စာပို့တဲ့အကြောင်း မင်းကြီးကိုလျှောက်တင်လာပါတယ်။ သူက မင်းသားနဲ့ ကြင်ယာတော်ကြားမှာ ဆက်ဆံရေးတစ်ချို့ရှိနေကြပြီး မင်းသားက နန်းတော်ပြန်လာမယ့်အကြောင်းကို ကြင်ယာတော်ဆီစာပို့ခဲ့ပြီး အဲ့စာထဲမှာ ကြင်နာမှုတွေနဲ့ ဖွဲ့သီထားတယ်လို့ပြောပါတယ်။ ဒါပေမယ့် ထူးဆန်းတာက မင်းကြီးလက်ထဲ အဲ့စာရောက်တဲ့အချိန် စာက ပုံမှန်ရင်းနှီးတဲ့မိတ်ဆွေတွေလိုမျိုးသာ ရေးထားတာကိုတွေ့ရတယ်။ အဲ့ဒီကိစ္စကြောင့် အဲ့အမတ်က မင်းသားဂုဏ်သိက္ခာနဲ့ ကြင်ယာတော်အပေါ် မှားယွင်းစွပ်စွဲမှုနဲ့ နန်းဆောင်ထဲမှာ အကျဥ်းချခံထားရပါတယ်။ ဒါပေမယ့် ဒီကိစ္စက အပြင်ကိုပေါက်ကြားသွားပြီး လူတစ်ချို့က မင်းသားအနေနဲ့ ကြင်ယာတော်အပေါ် စာပို့တာက မဖြစ်သင့်တဲ့ကိစ္စပဲလို့ ပြောနေကြပါတယ်။ သူတို့တွေက မင်းသားနဲ့ကြင်ယာတော်ရဲ့ ဆက်ဆံရေးအပေါ် သံသယဝင်နေတာမို့ မင်းကြီးက သေသေချာချာသိရအောင် မင်းသားကိုမေးဖို့ ဆင့်ခေါ်လိုက်တာပါ"
ESTÁS LEYENDO
ɴᴏᴠᴇʟထဲရောက်လာတယ် [ongoing]
Fanficဝတ္ထုထဲရောက်လာရင်လည်း ကောင်းကောင်းရောက်လာပါလား.. ချီးမို့ ငါဝင်လာမှ အကုန်ပြောင်းလဲကုန်ကြတာလဲ။