[unicode]
khaotung စာအုပ်ဖတ်နေရင်း သူ့အခန်း၏ပြတင်းပေါက်က ရုတ်တရက်ပွင့်သွားသည်ကို တွေ့လိုက်ရသည်။ ထို့နောက် လူတစ်ယောက် အထဲသို့ဝင်လာကာ သူ့ကိုယ်ပေါ်ရှိ ဝတ်ရုံအနက်အား ချွတ်ပစ်၍ khaotungဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာခဲ့သည်။ ရုတ်ချည်းပင် khaotungက ထိုလူ၏ ပွေ့ဖက်ခြင်းကို ခံလိုက်ရသည်။
ရင်းနှီးတာထက်ပိုနေသော ရင်ခွင်ကျယ်ကြီးကို ခိုဝင်လိုက်ရသည်နှင့် khaotung၏တစ်ကိုယ်လုံးအား အမည်ဖော်မတတ်သည့် နွေးထွေးမှုလှိုင်းတွေက ထွေးပိုက်လိုက်သလိုပင်။ သူက ပျော်ရွှင်စွာဖြင့် ထိုလူ၏ ကျောပြင်အား တင်းတင်းကြပ်ကြပ် ပြန်လည်ပွေ့ဖက်လိုက်၏။
အချိန်အနည်းငယ်ကြာပြီးနောက် firstက ဖက်ရာမှပြန်ခွာလိုက်ပြီး khaotung၏ မျက်နှာကို တစ်မေ့တစ်မော ငေးကြည့်လိုက်သည်။
khaotung၏ မျက်ခွံ၊ နှာခေါင်းထိပ်၊ မျက်ခုံး၊ ပါး၊ နှုတ်ခမ်းပါမကျန် အကုန်လုံးကို သူ့လက်ချောင်းတို့ဖြင့် ပွတ်စပ်ကြည့်လိုက်ရင်း ထိုနေရာတစ်ခုခြင်းဆီကို နှုတ်ခမ်းဖြင့် ခပ်ဖွဖွထိကပ်ပစ်လိုက်၏။ပြီးနောက်တွင် khaotung၏ ဝတ်ရုံအား အနည်းငယ် လျောချလိုက်ရင်း ရင်ဘတ်ရှိ ဒဏ်ရာကို ကြည့်လိုက်သည်။
"first....."
khaotungစကားမဆုံးသေးခင်တွင် firstက khaotung၏ ဓားဒဏ်ရာအား ငုတ်နမ်းလိုက်လေသည်။
khaotung ခဏတော့ နားမလည်နိုင်ဖြစ်သွားပြီး firstရဲ့မျက်နှာကို လက်ဖျားဖြင့် ပင့်တင်လိုက်သည်။
"ဒါ...မင်းအပြစ်မဟုတ်ဘူး။ ငါသေချာ ဂရုမစိုက်လို့ဖြစ်ရတာ"
firstသည် သူ့မေးစေ့အောက်မှ khaotung၏လက်ချောင်းများကိုယူကာ သူ့ပါးပြင်၌ ဖိကပ်ထားလိုက်သည်။
"မဟုတ်ဘူး....ကိုယ်မင်းကို မကာကွယ်နိုင်ခဲ့တာ။ ပြီးတော့လည်း မင်းက ဒဏ်ရာရထားတဲ့အချိန်မှာ ကိုယ်က ဝေးလံတဲ့နေရာမှာ စစ်တိုက်ထွက်နေရပြီး ပြန်မလာနိုင်ခဲ့ဘူး။ မင်းစိတ်မကောင်းဖြစ်နေမယ်ဆိုတာ ကိုယ်သိတယ်။ဒါပေမယ့် ဒါက ကိုယ့်အတွက်အရေးကြီးတဲ့ စစ်ပွဲဖြစ်နေလို့ ကိုယ်ပြန်လာလို့မရခဲ့ဘူး။ အဲ့တာကြောင့် စစ်ပွဲကို အမြန်အပြီးသတ်လာခဲ့တာ။ ကိုယ်တောင်းပန်ပါတယ်"
YOU ARE READING
ɴᴏᴠᴇʟထဲရောက်လာတယ် [ongoing]
Fanfictionဝတ္ထုထဲရောက်လာရင်လည်း ကောင်းကောင်းရောက်လာပါလား.. ချီးမို့ ငါဝင်လာမှ အကုန်ပြောင်းလဲကုန်ကြတာလဲ။