[unicode]
khaotungလုပ်ကြံခံရသည့် သတင်းအား တော်ဝင်မျိုးနွယ်တွေမှ အချိန်တစ်ခုထိ ဖုံးကွယ်ထားရန်စီစဥ်ထားသော်လည်း နန်းတော်၌ ကျန်ရှိခဲ့သည့် အရိပ်တပ်သားများမှာ စစ်မြေပြင်အနီးတွင် စခန်းချလျက်ရှိသော firstထံသို့ သတင်းပို့ကြားခဲ့ကြလေသည်။
အရိပ်တပ်သားတစ်ဦးမှ လာရောက်သတင်းပေး ပြောကြားချိန်တွင် firstသည် သူ၏လက်စွဲတော်ဓားအား သုတ်သင်နသည့်အချိန်ဖြစ်ပြီး အရိပ်တပ်သား၏စကားအဆုံး၌ သူ့လက်ထဲရှိ တိုင်းတစ်ပါးဘုရင်များ၏ခေါင်းအား ဖြတ်ပစ်ခဲ့သောဓားမှာ မြေပြင်ပေါ်သို့ ခနင်းသွားခဲ့တော့၏။ first၏ ထိုသို့ထိန့်လန့်နေသည့်အမူအရာမျိုးကို မမြင်တွေ့ခဲ့ဖူးသည့် အရိပ်တပ်သားမှာ သူ့လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ သူ့အရှင်၏ ပေးလာမည်ဖြစ်သော ပစ်ဒဏ်အား ခံယူရန် အသင့်ပြင်ထားလိုက်သည်။
"!!!ဘာ!!!"
firstရဲ့မျက်လုံးတို့က နီရဲလာပြီး....
"မင်းတို့ကို သူ့ကိုဂရုစိုက်ခိုင်းထားတာက ဘာအတွက်လဲ!။ ဒီလို လုပ်ကြံသူတွေကြောင့် သူ့အသက်အန္တရာယ် စိုးရိမ်စေနိုင်တဲ့ ဒဏ်ရာ ရလာစေဖို့အတွက်လား!?။"
အရိပ်တပ်သားမှာ ခေါင်းကိုငုတ်လိုက်ပြီး firstရှေ့ ဒူးထောက်ချလိုက်၏။ ထို့နောက် သူက ပြတ်သားစွာပြောလိုက်သည်။
"ကျွန်တော်တို့အသုံးမကျမှုကြောင့် ကြင်ယာတော်က အခုလိုဖြစ်သွားခဲ့ရတာပါ။ အရှင် ကျွန်တော်တို့ကို အပြစ်ပေးတော်မူပါ။"
သူတို့တွေသည် ကြင်ယာတော်သွားသည့်နောက် တောက်လျှောက်လိုက်ခဲ့ပါသော်လည်း ကူညီဖို့ရန်အခွင့်မရခဲ့ပဲ ကြင်ယာတော်က လွတ်မြောက်သွားခဲ့သည်။ သို့သော် ရုတ်တရက်ဆန်စွာ ဖြစ်လွန်းသွားသော အဖြစ်အပျက်အား သူတို့တွေ့ဘာမှပြုလုပ်ချိန်မရလိုက်။ သူတို့တွေသည် စစ်သူကြီးဖေဝမ်ဆီ အပြေးသွားသော လော့ရှီးမင်းသားအား ဘယ်ကမှန်းမသိတဲ့ အမျိုးသမီးတစ်ယောက်က ပြေးထွက်လာပြီး ဓားနှင့်ထိုးလာမည်ဟု မထင်ခဲ့မိကြပေ။ သူတို့အလျင်အမြန်လှုပ်ရှားလိုက်ပေမယ့် မင်းသားလော့ရှီးနှင့်အနီးဆုံးရှိနေသည့် ကြင်ယာတော်မှ ထိုဓားချက်ရှေ့ ဝင်ကာ ခံယူလိုက်လေသည်။ ထို့ကြောင့် သူတို့၌ သေချာပေါက်အပြစ်ရှိနေခြင်းပင်။ သူတို့သာ သတိလက်လွတ်မဖြစ်သွားပဲ ဘေးဘီကို သတိထားကြည့်ခဲ့မည်ဆိုလျှင် ထိုကိစ္စက သေချာပေါက် ရှိလာတော့မည်မဟုတ်ချေ။
YOU ARE READING
ɴᴏᴠᴇʟထဲရောက်လာတယ် [ongoing]
Fanfictionဝတ္ထုထဲရောက်လာရင်လည်း ကောင်းကောင်းရောက်လာပါလား.. ချီးမို့ ငါဝင်လာမှ အကုန်ပြောင်းလဲကုန်ကြတာလဲ။