" 28 "

398 34 13
                                    

[unicode]

khaotungသည် ပွဲလုပ်ရာနေရာဖြစ်သည့် နန်းတော်ရင်ပြင်ကိုသာ လျှောက်လာခဲ့လိုက်သည်။ နန်းတော်တစ်ခုလုံးရှိလူများကို ဧည့်ခံဖို့ဆိုလျှင် သည်လောက်ကျယ်သည့်နေရာမှသာ ရလိမ့်မည်။

(AN/ နန်းတော်တစ်ခုလုံးဆိုတာက အစေခံရွံရွေတော်တွေမပါပါဘူး၊ မျိုးရိုးရှိတဲ့လူတွေလောက်ပါ၊ ဒါပေမယ့် မင်းသားတွေရဲ့လက်ထောက်အဆင့်လောက်ကလူတွေတော့ တက်ရောက်ခွင့်ရှိပါတယ် )

ညအမှောင်စခါစဆိုသော်ငြားလည်း ပွဲလုပ်ရန် အကုန်လုံးစီစဥ်ပြီးနေလေပြီး။ ထို့အပြင် တော်ဝင်မျိုးနွယ်ဝင်တွေမှလွဲ၍ အခြားသောပုဂ္ဂိုလ်များကမူ ရောက်နေကြပြီးဖြစ်သည်။ ပွဲကမူ ဒီအတိုင်းပျော်ပွဲအမျိုးအစားပုံစံသာ ဖြစ်လောက်မည်။ တာဝန်ကျသော ရဲမက်များနှင့် ရွံရွေတော်များကလည်း သူ့အလုပ်သူလုပ်နေကြသည်။ ကြည့်ရသည်မှာ အလွန်စည်ကားလှသည်။

သူသည်နန်းတော်မှာနေတာ တစ်နှစ်လောက်ပင်ရှိနေသော်လည်း နန်းတော်တွင် ဤလောက်မျှလူများသည်ကို မသိခဲ့ပေ။

သူသည် အချိန်တစ်ခုအထိ ပွဲအခမ်းအနားကိုဝေ့ကြည့်နေရင်း ထိုနေရာသို့လျှောက်သွားတော့သည်။

သူပွဲထဲရောက်သွားသည့်အချိန်တွင် တာဝန်ဆောင်ရွက်နေသော ရွံရွေတော်တွေက သူ့အား ထိုင်ရမည့်နေရာသို့ခေါ်သွားပေးသည်။သူသည် ထိုင်ခုံမှာထိုင်လိုက်ပြီးနောက်တွင် အားတုက သူ့ဘေးနားတွင် မတ်တပ်ရပ်နေ၏။

ခဏနေတော့ တစ်ယောက်ယောက်ရောက်လာပြီး စားစရာလာချပေးသည်။ သူသည် ထိုသည်ကိုတစ်ချက်ငှဲ့ကြည့်လိုက်သော် မုန့်ချိုအနည်းငယ်နှင့် အသီးဖျော်ရည်တစ်ခွက်အား တွေ့လိုက်ရသည်။ သူအခြားသူတွေကို တစ်ချက်ငှဲ့ကြည့်လိုက်သော် သူနှင့်မတူပဲ သေရည်နဲ့အသားကင်များကို တွေ့ရသည်။ သူသည် သူ့စားပွဲပေါ်သို့တစ်ချက်ပြန်ကြည့်လိုက်ရင်း ရယ်လိုက်သည်။ ထိုသည်က firstစီစဥ်ထားတာဖြစ်ရမည်။

"ဘာတွေများ သဘောကျနေတာလဲ ကြင်ယာတော်ခင်ဗျ"

khaotungလှည့်ကြည့်လိုက်တော့ အမတ်ချုရဲ့သား လီချူပင်။ သူသည် လီချူနှင့်မတွေ့ရသည်မှာ အလွန်ပင်ကြာမြင်ခဲ့လေပြီးဖြစ်၏။ ထိုသူသည် ကောတစ်ယောက်ဖြစ်တာနဲ့အညီ လှပတင့်တယ်လှသည်။ သို့သော်လည်း ထိုမျက်နှာသည် သူ့ကိုကြည့်နေသော မကျေနပ်သည့်မျက်ဝန်းတွေနှင့် လားလားမျှမသက်ဆိုင်။ ထိုသည်က သူ့(လီချူ)အား အကျဥ်းတန်စေသည်။

ɴᴏᴠᴇʟထဲရောက်လာတယ်  [ongoing]Where stories live. Discover now