[unicode]
နွေကုန်လာပြီး မိုးရာသီသို့ကူးပြောင်းလာလေပြီး။ khaotungဒီကိုရောက်လာတာက ၅လပင် ရှိနေလောက်ပြီးဖြစ်သည်။ အချိန်တွေက မြန်လွန်းသည်။ သူကတော့ ဘာမှမပြောင်းလဲပဲ ပျော်ပါးရင်း ဘဝကိုဖြတ်သန်းနေသည်သာ။
သူတစ်လျှောက်လုံးထင်ခဲ့မိသည်က နန်းတွင်းထဲမှာ နေထိုင်ရင် ဖြူစင်ရိုးသားတဲ့လူဟူ၍မရှိနိုင်ဟုပင်။ ထို့အပြင် နန်းတွင်းရေးရာအရှုပ်တော်ပုံတွေကြောင့် ဘယ်တော့မှ စိတ်ပျော်ရွှင်မှုဆိုတာမရှိနိုင်ဘူးလို့ သူထင်ခဲ့မိသည်။ တကယ်လည်း ဒီမှာအဲ့လိုလူတွေများပေမယ့် သူကိုယ်တိုင်ကတော့ ဘာအပူအပင်မှမရှိပဲ အေးဆေးနေနိုင်သည်။ ဘဝကြီးက ဒီလောက်မျှရိုးရှင်းနေရင်လည်း ပျော်ဖို့မကောင်းပေ။ တစ်ဖက်တွင်လည်း ရယ်ပြီးရင်ငိုရမယ်ဆိုတဲ့စကားကြောင့် သူအခုလိုပျော်ရွှင်လွတ်လပ်နေခြင်းသည် တစ်ချိန်ကျရင် ကြီးမားတဲ့မုန်တိုင်းတစ်ခုတိုက်ခတ်ဖို့အတွက် အရှိန်ယူနေတဲ့သဘောလားဟူ၍ပင် တွေးမိသည်။ ထိုသို့တွေးလိုက်မိရင် သူတကယ်ပူပန်ရသည်။ သူက ဘာအကြောင်းကြောင့် ဝမ်းနည်းရမှာလဲ။ ဘယ်သူ့ကြောင့်လဲ။ သေချာတာကတော့ အခုအချိန်ထိ သူဒီလိုဖြစ်နိုင်စရာအခြေအနေကို ရှာမတွေ့သေးပါချေ။
ထိုစဥ် အားတုကအခန်းအတွင်းဝင်လာပြီး ကြေးမှုန်ရှေ့တွင်ထိုင်နေသော မင်းသားဖြစ်သူအား ပြောလိုက်သည်။
"မင်းသား.. မင်းသားရုံနင်နဲ့မင်းသာလော့ရှီးက ဒီနေ့နန်းတော်အပြင်ထွက်ကြမယ်လို့ ချိန်းဆိုထားပါတယ်.. "
"ဘယ်အချိန်လဲ"
"နေမွန်းတည့်ချိန်လောက်ပါ..နေ့လည်စာ သုံးဆောင်ပြီးတာနဲ့ ထွက်မယ်လို့ပြောပါတယ်"
"ကောင်းပြီး"
khaotung နန်းတော်အပြင်မထွက်ရတာ တော်တော်လေးကြာနေပြီးဖြစ်သည်။ ခန့်မှန်းချေ ၁၀ရက်မျှပင် ရှိရော့မည်။
ဒီနေ့တော့ သေရည်လေးနည်းနည်းပါးပါးသောက်ရင် ကောင်းမလားတွေးမိသေးသည်။ ဝတ္ထုထဲမှာဆိုရင် ဇာတ်ကောင်မင်းသမီးက နန်းတော်အပြင်ထွက်တိုင်း သေရည်ဆိုင်သွားလေ့ရှိသည်။ ဒါ့အပြင် ထိုသေရည်ဆိုင်ရှိ မိန်းကလေးနဲ့တောင် မိတ်ဆွေတွေဖြစ်သွားသေးသည်။ ဒီနေ့တော့ ထိုသေရည်ဆိုင်ကို ရှိမရှိလိုက်ရှာပြီး သေရည်ဆိုင်ပိုင်ရှင်က မိန်းကလေးလားယောကျ်ားလေးလား ကြည့်ရပေမည်။
YOU ARE READING
ɴᴏᴠᴇʟထဲရောက်လာတယ် [ongoing]
Fanfictionဝတ္ထုထဲရောက်လာရင်လည်း ကောင်းကောင်းရောက်လာပါလား.. ချီးမို့ ငါဝင်လာမှ အကုန်ပြောင်းလဲကုန်ကြတာလဲ။