[unicode]"မင်းသား"
firstလှည့်ကြည့်လိုက်တော့ ရင်းနှီးနေတဲ့မျက်နှာတစ်ခုပင်။ လီချူ။
(AN/ လီချုက အပိုင်း၃မှာပါတဲ့ တစ်ယောက်ပါ khaotung ခူးစားလိုက်တဲ့ မက်မွန်သီးပင် ပိုင်ရှင်ပါ)
"လီချူ မင်းသားကို ဂါရဝပြုပါတယ်"
"ထပါ၊ ဘာကိစ္စရှိလို့လဲ"
firstက ရုပ်တည်နဲ့ပင်မေးလိုက်သည်။
"ဟို.. မင်းသားကို မတွေ့ရတာကြာလို့ပါ၊ ပုံမှန်ဆိုရင် ၁ပတ်တစ်ခါလောက်လာတတ်တော့ ၃လလောက်ထိမတွေ့ရတာ အလုပ်ရှုပ်နေတာလားလို့ပါ၊ ဒါက ဆေးဆရာကြီးဆီက လီချူတောင်းထားတဲ့ အိပ်ပျော်စေတဲ့ ဖယောင်းတိုင်ပါ လက်ခံပေးပါနော်"
firstစိတ်ထဲတွင် သူ့ကိုအခုလိုဂရုစိုက်ပေးတာက ကြင်ယာတော်သာဆိုရင် ဘယ်လောက်တောင်ကောင်းလိမ့်မလဲဟူ၍ တွေးမိသွားသည်။ သူ့အတွေးနဲ့သူ ပြုံးလိုက်မိပေမယ့် လီချူကတော့ မင်းသားက သူ့ကိုစိတ်မကုန်သေးကြောင်းနဲ့ သူ့ကြောင့်မင်းသား ပြုံးသွားရတယ်ဆိုပြီး စိတ်သက်သာရာရသွားတော့သည်။ firstက ထိုဖယောင်းတိုင်အား ယူလိုက်ပြီး ကျေးဇူးတင်ကြောင်းပြောလိုက်သည်။
"မင်းသား.. လီချူက.... လီချူက အရမ်းသတိရနေတာ"
firstရဲ့မျက်နှာသည် အမည်ဖော်မရအောင် ပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။သို့သော် လီချူက သတိမိပုံမပေါ်ပဲ firstအား လှမ်းဖက်လိုက်လေသည်။ ထိုအချိန်တွင် အိမ်ရှေ့စံဆီမှ ထွက်ပြေးလာသော khaotungသည် ထိုမြင်ကွင်းကို မြင်သွားကာ မျက်နှာကြီးရှုံ့မှဲ့သွားသည်။
"နှာဘူးကောင် ၊ ငါ့ကိုကျတော့ အိမ်ရှေ့စံနဲ့ မပက်သက်နဲ့လေး ဘာလေးနဲ့၊ သူကျတော့ အခြားကောတစ်ယောက်နဲ့ ဖြစ်နေတာ မြင်လို့ကိုမကောင်းဘူး"
khaotungသေချာကြည့်လိုက်ကာ
နေပါအုံး၊ အဲ့တာက လီချူဆိုလား ဘာဆိုလား အဲ့တစ်ယောက်မဟုတ်လား၊ အဲ့တော့ ဒင်းတို့ကရည်းစားတွေပေါ့၊ အဲ့တာများ ငါ့ကိုစားသွားသေးတယ်၊ တွေ့မယ်.. ဒီတစ်ခါတော့ ဗီလိန်လုပ်ပစ်အုံးမယ်။
YOU ARE READING
ɴᴏᴠᴇʟထဲရောက်လာတယ် [ongoing]
Fanfictionဝတ္ထုထဲရောက်လာရင်လည်း ကောင်းကောင်းရောက်လာပါလား.. ချီးမို့ ငါဝင်လာမှ အကုန်ပြောင်းလဲကုန်ကြတာလဲ။