[unicode]ညအချိန်တွင်ဖြစ်သည်။
khaotungတစ်ယောက် ဇာတ်လမ်းအကြောင်း တစ်ဖန်ပြန်စဥ်းစားကြည့်နေလိုက်သည်။
ဒီဇာတ်လမ်းတွင် သေဆုံးသွားတဲ့သူက အဓိကဇာတ်ကောင်တွေကိုတွက်ကြည့်ရင် အိမ်ရှေ့စံ(မင်းသား ၂) ၊ အားတု ၊ ကုကျန့် ၊ ပြီးတော့ အစေခံမိဖုရားတစ်ပါး၊ မင်းကြီး၊ ပြီးတော့ နောက်ဆုံးသေဆုံးသွားတဲ့ သူတစ်ဖြစ်လဲ ရှောင်ဖုန်း။
ထိုထဲတွင် ရှောင်ဖုန်းအတွက်နဲ့ သေသွားရတဲ့သူတွေက ကုကျန့်နဲ့ အားတုဆိုသည့် ဇာတ်ကောင်နှစ်ခုဖြစ်သည်။ အဓိကက ကုကျန့်ဆိုသည့် ဇာတ်ကောင်ပင်ဖြစ်သည်၊ ထိုဇာတ်ကောင်သည် ရှောင်ဖုန်းဆိုသည့်ဇာတ်ကောင်အား အလွန်တရာမှချစ်မြတ်နိုးခဲ့ပြီး အနားကနေ ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။ ဒါပေမယ့် ရှောင်ဖုန်းဆိုသည့် ဇာတ်ကောင်မလေးက လီချန်ရင်ခေါ် ကုရှောင်ဝူဆိုသည့် ဘုရင့်သားအား ချစ်ကြိုက်ပြီးနောက်တွင် သေရတာကမှ ပိုကောင်းသေးသည်ဟု ခံစားရသည်အထိ နာကျင်ခဲ့ရသည်။သို့နှင့် နောက်ဆုံးတွင် သူ့ကိုယ်သူသတ်သေသွားခဲ့တာပင်။
လီချန်ရင်ဆိုသည့် ဇာတ်လိုက်ကတော့ သူ့အတ္တတစ်ခုတည်းသာကြည့်ခဲ့ပြီး ရှောင်ဖုန်းဆိုသည့်အမျိုးသမီးငယ်အား သေအောင်ချစ်မြတ်နိုးခဲ့ပေမယ့် သူ့ကိုယ်သူသာ ကြည့်တတ်တာကြောင့် တစ်ဖက်သူအား နာကျင်မှုတွေအထပ်ထပ်ပေးသလိုဖြစ်ခဲ့သည်။
သို့နှင့် သူkhaotungသည် ထိုဇာတ်ကောင်အား ချစ်ခဲ့သော်လည်း စာဖတ်ကတည်းကပင် အနည်းငယ်မျှ သနားခြင်းမရှိခဲ့ပေ၊ ထိုဇာတ်ကောင်သည် ရှောင်ဖုန်းဆိုသည့် အမျိုးသမီးဇာတ်ကောင်သေဆုံးသွားရာတွင် လွန်စွာခံစားခဲ့ရပေမယ့် သူ့အနေနဲ့ ထိုက်သင့်သည်ဟုမြင်မိသည်။
ဟုတ်သည်။ သူလုပ်ခဲ့တာတွေအတွက် အမျိုးသမီးဇာတ်ကောင်အပေါ်ကို လုပ်ခဲ့တာတွေအတွက် ထိုအခြင်းအရာသည် လုံလောက်သည်ဟုပင် မခံစားရပေ။
ပထမဆုံး...ထိုအမျိုးသမီးအား လိမ်လည်ကာ ရှီးကျိုးရှိ သတင်းတွေအား တိတ်တဆိတ်နန်းတော်သို့ အကြောင်းကြားနေခဲ့သည်။ လိမ်လည်ခြင်းဖြင့် စတင်ခဲ့သည့် ချစ်ခြင်းတစ်ခုဟာ အမှန်တကယ်ဖြစ်လာပေမယ့် သူသည် လက်ထက်ပြီးသည့်ညမှာပင် ရှီးကျိုးပြည်အား လီနန်ရှိစစ်တပ်တွေကို ဦးဆောင်ကာ သိမ်းပိုက်စေခဲ့သည်...သို့နှင့် အမျိုးသမီးဇာတ်ကောင်၏ အဘိုး..၊ အဖေ၊ အမေ၊ မောင်နှများနှင့် ခင်မင်ရင်းနှီးရသော မိတ်ဆွေများသေဆုံးခဲ့ရသည်။
YOU ARE READING
ɴᴏᴠᴇʟထဲရောက်လာတယ် [ongoing]
Fanfictionဝတ္ထုထဲရောက်လာရင်လည်း ကောင်းကောင်းရောက်လာပါလား.. ချီးမို့ ငါဝင်လာမှ အကုန်ပြောင်းလဲကုန်ကြတာလဲ။