" 23 "

437 43 21
                                    


[unicode]

သူ့ရှေ့မှာ လဲကျသွားလူအားကြည့်ကာ layပြုံးလိုက်မိသည်။ သူက ချက်ချင်းထသွားလိုက်ရင်း ထိုခန္ဓာကိုယ်လေးအား ပွေ့ဖက်လိုက်သည်။ သို့သော် သူ့မျက်ဝန်းထဲရှိ စိတ်ပျက်မှုတွေကိုတော့ ဖုံးကွယ်လို့မရနိုင်ပေ။

သူ့လက်ဖြင့် မျက်နှာလှလှလေးအား ပွတ်သပ်လိုက်ရင်း အကျည်းတန်သော အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။

"khaotung....မင်းဘာလို့များ သူ့ကိုရွေးချယ်ခဲ့ရတာလဲ။ သူက ငါ့ထက်ဘယ်နေရာမှာများသာနေလို့လဲ!"

layသည် တခြားတစ်စုံတစ်ယောက်အား ကြားစေနိုင်ရန် အသံကိုမြင့်ကာပြောလာသည်။

"သူက မျိုးတုန်းသင့်တဲ့ မျိုးနွယ်ဝင်တစ်ယောက်ပဲလေ။ သူတို့တွေမှာ စပ်ဆုပ်ဖွယ်ကောင်းတဲ့ မျက်နှာလေးရှိတာကလွဲရင် ဘယ်နေရာကများ ငါ့ကိုယှဥ်နိုင်လို့လဲ။ အလကား လူတွေကိုစွဲလန်းအောင်လိုက်လုပ်နေတဲ့ အမျိုးယုတ်တွေ။ ငါအကုန်လုံးကိုရှင်းထုတ်နိုင်ခဲ့ပေမယ့် ကျန်ခဲ့တဲ့တစ်ယောက်က ငါ့ကိုစိတ်အနှောင့်ယှက်ပေးနေတုန်းပဲ။ သူက ငါ့လူကိုတောင် လုယူသွားသေးတယ်...ဟမ့်!!"

firstသည် သူ့ရဲ့မရှိတဲ့လက်သည်းက သူ့အသားအရည်ကိုထိုးဖောက်သွားတဲ့အထိ လက်သီးကို ပြင်းထန်စွာဆုပ်ထား၏။ သူအံကြိတ်ရလွန်းလို့ လည်ပင်းကျောတွေပါထောင်နေလေပြီ။

khaotung၏ ဂုဏ်သတင်းနဲ့သက်ဆိုင်နေတာမဟုတ်ရင်၊ ရှုပ်ထွေးတဲ့ ပြဿနာတွေမဖြစ်လာနိုင်ရင် သူချက်ချင်းပင် သူ့ချစ်သူကိုထိကိုင်နေသည့် လက်တွေကို ရိုက်ချိုးပစ်ချင်လှသည်။

layကတော့ ထိုသည်ကိုမသိပေ။ သူက khaotung၏ မျက်နှာကို စိုက်ကြည့်ကာ စကားတွေဆက်တိုက်ပြောနေလေသည်။

"ငါနဲ့သူက ဘယ်နားမှာများမတူတာလဲ။ သူကလည်း မင်းကို*လုပ်ချင်တယ်၊ ငါကလည်း မင်းကို*လုပ်ချင်တာပဲလေ။ သူက ဘယ်နေရာသာနေလို့လဲ။ သူ*လုပ်တာက ကောင်းလို့လား။ ဒါဆိုလည်း ငါနဲ့ဘာလို့မစမ်းကြည့်ရတာလဲ။ မပြောနိုင်ဘူးလေ။ မင်းသူ့ထက် ငါ့ကိုပိုကြိုက်သွားနိုင်တာပဲ။"

(AN/ f**k you💅)

layသည် ထိုသို့ပြောရင်း သူ့အကြည့်တွေက ပိုခက်ထန်လာကာ khaotungပါးကို ဖြစ်ညစ်လိုက်၏။

ɴᴏᴠᴇʟထဲရောက်လာတယ်  [ongoing]Donde viven las historias. Descúbrelo ahora