[unicode]"အ!!"
khaotungသည် firstရဲ့ ငယ်ပါအားထပ်ကန်လိုက်တကြောင့် firstခမျာ ခေါင်းတောင်မထောင်နိုင်တော့ပေ။ ကုန်းကုန်းကွကွနှင့် သူ၏အရာအားဆုပ်ကိုင်ထားကာ အသံမထွက်ပေမယ့် နားထင်ကြောတွေပါထောင်နေပုံရရင် ဘယ်လောက်ခံစားနေရလဲဆိုတာ ခန့်မှန်းလို့ရသည်။
khaotungက ဒီတစ်ကြိမ်တော့ ကျေနပ်တဲ့အပြုံးလည်းမပြုံးနိုင်တော့၊ သူအစားမခံရရေးအတွက် အလျင်စလိုပြေးထွက်လာခဲ့သည်။ အပြင်ရောက်တော့ ဘယ်သူမှမရှိနေတာကြောင့် ကံကောင်းသွားပြီး အပြင်၌စောင့်နေသော အားတုနဲ့တွေ့ကာ အဆောင်သို့ ရင်တမမနှင့် ပြန်လာခဲ့လိုက်သည်။ ထို့နောက် သက်ပြင်းအသာအယာချလိုက်ကာ တွေးလိုက်မိသေးသည်။
'တော်သေးတယ်...အစားခံရတော့မလို့၊ နည်းနည်းပဲလိုတော့တာ..'
"မင်းသား...အဆင်ပြေရဲ့လား၊ အလောတကြီးပြေးထွက်လာတာ ကျွန်တော်ဖြင့် လန့်သွားတာပဲ"
"ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်ဘူး၊ လန့်စရာအကောင်တစ်ကောင်နဲ့တွေ့လာလို့"
"ဟင်... အကောင်ကြီးလား၊ လူတွေကိုအန္တရာယ်ပြုနိုင်တယ်ဆိုရင် မြန်မြန်ရှင်းထုတ်တာအကောင်းဆုံးပါပဲ"
"အင်း...ကြီးတယ်၊ ကြီးတာမှ အတော်လေးကိုကြီးတာ"
khaotungသည် firstအား မျက်လုံးထဲမြင်ယောင်ကာ ပြောနေခြင်းဖြစ်သည်။ ဒါပေမယ့် ထိုသည်ကိုမသိတဲ့ အားတုကတော့ ရင်ထိန့်သွားကာ ထိုအကောင်အား ရှင်းပစ်ရန် မူးမတ်တွေကို သွားပြောဖို့ကြံနေပြီးဖြစ်သည်။
khaotungက အားတုအခြေအနေအား ရိပ်မိသွားပြီးနောက် စကားပြန်ပြင်လိုက်သည်။
"ကြီးတယ်ဆိုတာက ပုရောဆိတ်ထက်ကြီးတာကိုပြောတာ၊ ဖားပြုတ်လေ၊ အဲ့ကောင်က တကယ်ကြောက်စရာကြီး....အဲ့တာကြောင့် ထွက်ပြေးလာတာ"
"အော်..ဒါများမင်းသားရယ်၊ ကျွန်တော်ကအတည်မှတ်လို့ လန့်သွားတာပဲ"
"ငါကမင်းကိုစကြည့်တာ၊...အဲ.. အားတု ငါတို့မနက်ဖြန်ကျရင် နန်းတော်ပြင်ခိုးထွက်ကြမလား၊ ဒီထဲမှာ နေရတာပျင်းနေပြီး"
YOU ARE READING
ɴᴏᴠᴇʟထဲရောက်လာတယ် [ongoing]
Fanfictionဝတ္ထုထဲရောက်လာရင်လည်း ကောင်းကောင်းရောက်လာပါလား.. ချီးမို့ ငါဝင်လာမှ အကုန်ပြောင်းလဲကုန်ကြတာလဲ။