[unicode]အပြန်လမ်းတွင် သူအတွေးများစွာဖြင့် ယောင်လည်လည်ဖြစ်နေကာ စိတ်နဲ့လူနဲ့ မကပ်နိုင်တဲ့အထိ ဖြစ်နေသည်။ အနည်းဆုံးတော့ သူ့ရင်ထဲနွေးထွေးနေသည်။ အကြောင်းမှာ သူ၏ တစ်ဦးတည်းသောအဘွားကို ဒီမှာပြန်တွေ့လိုက်ရတာကြောင့်ပင်။
သို့သော် သူမထင်မှတ်ထားသည်မှာ သူ့ရဲ့လက်ကနေ အကြမ်းပတမ်းဆွဲယူခံလိုက်ရပြီး လူပြတ်သည့်နေရာသို့ ခေါ်သွားခြင်းခံလိုက်ရမည်ကိုပင်။
"မင်း!"
သူပါးစပ်ဟလိုက်တာနဲ့ သူ့နှုတ်ခမ်းတွေသည် တစ်စုံတစ်ယောက်၏ ထွေးငုံခြင်းကို ခံလိုက်ရသည်။ သူ့ကိုဒီလိုလုပ်တတ်သူမှာ သေချာသလောက်ကို မင်းသား၅ firstပင်။
khaotung first၏နှုတ်ခမ်းတွေကို သွားဖြင့် အားပါပါကိုက်ချလိုက်ရာ firstရဲ့နှုတ်ခမ်းတွေပေါက်သွားပြီး khaotungလည်း လွတ်မြောက်သွားသည်။
"အ့.. မင်းကခွေးလား..ဟမ်!"
"တဏှာရူးကောင်!.. မင်းငါ့ကိုလုပ်ချင်တိုင်းလုပ်လို့ရတယ် ထင်နေလား!"
khaotungဒေါသထွက်လွန်း၍ သူ့ကိုယ်ထဲကသွေးတွေတောင် ကြက်ဥဖောက်ကြော်လို့ရသည်အထိ ပူလောင်လာတာကို ခံစားလိုက်ရသည်။
"ဒီနေ့ အိမ်ရှေ့စံနဲ့ ဘယ်သွားခဲ့တာလဲ"
"ဘွားတော်ဆီကို.. ဘာလဲ၊ မင်းကိုအစီအရင်ခံရအုံးမှာလား"
ဟိုနေ့ပြီးကတည်းက khaotungမှာ ဒီမင်းသားအား ရိုရိုသေသေဆက်ဆံနေဖို့ စိတ်ကူးမရှိတော့။
"အိမ်ရှေ့စံနဲ့ ရင်းရင်းနှီးနှီးမနေနဲ့လို့ပြောထားတယ်လေ၊ ကြည့်ရတာ ဟိုနေ့ကသင်ပြပေးတာ ခေါင်းထဲမဝင်လိုက်ဘူးထင်တယ်"
"မင်း!.. မင်းကိုယ်မင်းဘာထင်နေလဲ၊ မင်းက လီနန်တိုင်းပြည်ရဲ့မင်းသားဖြစ်နေလို့ငါက ကြောက်မယ်ထင်နေလား"
"ကျစ်!"
first 'ကျစ်'သပ်လိုက်ပြီး khaotungမျက်လုံးကို စိုက်ကြည့်နေကာ သူ့ရဲ့မျက်လုံးသည်လည်း အနီရောင်သို့ပြောင်းလဲသွားသည်။
khaotung ငြိမ်ကျသွားပြီး ထိုမျက်လုံးကို အကြည့်မလွဲပဲစိုက်ကြည့်နေသည်။
YOU ARE READING
ɴᴏᴠᴇʟထဲရောက်လာတယ် [ongoing]
Fanfictionဝတ္ထုထဲရောက်လာရင်လည်း ကောင်းကောင်းရောက်လာပါလား.. ချီးမို့ ငါဝင်လာမှ အကုန်ပြောင်းလဲကုန်ကြတာလဲ။