အပိုင်း[၂]

3.6K 182 7
                                    

Unicode

ထိုအိမ်မှပြန်ထွက်လာခဲ့ပြီးမိမိအားကော်ဖီတိုက်ခဲ့သောမျက်နှာထားတည်တည်နှင့်အမျိုးသမီးအကြောင်းတွေးနေမိသည်။အရပ်မြင့်မြင့်ဆံပင်ရှည်ရှည်နှင့်မြန်မာဆန်လွန်း‌‌ေသာသူ့ပုံစံမှာအင်မတန်မှချောလွန်းပါသည်။မြင်သူတိုင်းအကြိမ်ကြိမသမင်လည်ပြန်ကြည့်ရမည့်အလှမျိုးဖြစ်သည်။ကိုယ်တောင်သူ့အလှမှာတဒင်္ဂနှစ်မြောသွားသေးသည်မဟုတ်လား။အလှဆုံးကတော့သူ့မျက်လုံးတွေပါပဲ။စူးစူးရှရှနှင့်ထက်မြက်ဟန်ရှိလှပါသည်။အဲ့ဒီမျက်ဝန်းတွေကိုတော့ ကြာကြာမကြည့်ရဲခဲ့ပါ။ကြောက်သလိုလိုမဝံမရဲဖြစ်မိပါသည်။လူတစ်‌ယောက်ကို ညှို့ယူနိုင်တဲ့မျက်ဝန်းတွေ။

"မေမေ"

"ဘာတုန်းအေ.."

မေမေကအဝတ်တွေချုံးရင်း စိတ်မရှည်ဟန်ထူးလိုက်ပါသည်။

"ဟိုဘက်အိမ်ကမမကချောလိုက်တာမေမေရယ်"

"ညည်းချောတယ်ပြောတာဒီတစ်ခါ ကြားဖူးသေး"
ဟုတ်ပါသည်။ကိုယ်ကတော်ရုံတန်ရုံလှတာလောက်ကိုစာမဖွဲ့တတ်ပါ။အခုလည်းကိုယ့်မျက်လုံးထဲတော်တော်ချောလွန်း၍သာပြောနေခြင်းဖြစ်သည်။ဒီလောက်ဆိုရင် သူဘယ်လောက်ချောတယ်ဆိုတာခန့်မှန်းကြည့်လို့ပင်ရနေပါပြီ။

"မောင်လေးကပြန်ရောက်ပြီလားမေမေ"

"ရောက်နေတာဖြင့်ကြာပေါ့..."

မေမေဘာပြန်ပြောတယ်ကိုသတိမထားမိလိုက်ပါ။မြင်ခဲ့ရတဲ့ဆံနွယ်ကျော့ကျော့ကနှင်းဆီအဝါ‌ရောင်လေးကမျက်လုံးထဲတွင်စွဲထင်နေဆဲ...
"မေမေ သမီးတို့အိမ်မှာနှင်းဆီပင်တွေစိုက်ချင်လို့"

"စိုက်ချင်စိုက်ပေါ့အေ..ပြောနေရသေးလား"

"ဟုတ်"

ထိုအမျိုးသမီးအားမြင်မြင်ချင်းခင်မိပါသည်။သူနဲ့ရင်းနှီးချင်သည်။သူ့အားအစ်မတစ်ယောက်လိုမျိုးစိတ်ထဲရင်းနှီးမိပါသည်။ပြီးတော့ နှင်းဆီဝါတွေကိုထိုအမျိုးသမီးအား ပေးချင်မိသည်။

****

"ရန်ကုန်က ပျော်စရာလည်းမကောင်းဘူး"

မိမိဘာသာငြီးငြူရင်းစိတ်ပျက်ပျက်နှင့်ဝရန်တာသို့ထွက်လာခဲ့သည် ။ရွာမှာလိုအဖော်အပေါင်းကလည်းမရှိသဖြင့်အင်မတန်မှပျင်းနေပါပြီ။

အချစ်များ၏နောက်ကွယ်(Completed)Where stories live. Discover now