ဒီနေ့ကိုကိုနဲ့တွေ့ဖို့ချိန်းထား၏။
ဒီနေ့မှာတော့ တစ်ခါတည်းမမနဲ့ပတ်သက်နေတဲ့အကြောင်းပါပြောဖြစ်မယ်ထင်သည်။ကော်ဖီတစ်ခွက်ကိုသောက်ရင်း ကိုကို့ကိုစောင့်နေလိုက်သည်။
"ချာတိတ်"
ကိုကိုဟာဒီနေ့မှာလည်း သန့်ပြန့်ပြီးကြည့်ကောင်းနေသည်။
ဂျင်းအင်္ကျီပြာပြာကလေးနှင့် ကိုကိုဟာ သန့်ပြီးချောလွန်းနေ၏။"စောင့်ရတာကြာသွားပြီလား"
"မကြာပါဘူး ဒေါက်တာ..လမင်းလည်းရောက်တာမကြာသေးပါဘူး"
"ဒေါက်တာ့အတွက်ကော်ဖီမှာထားမလို့ပါပဲ..အေးမှာစိုးတာနဲ့မမှာလိုက်တာ"
"ရပါတယ် ချာတတ်ရဲ့။ကိုကို့ဘာသာမှာ
လိုက်ပါ့မယ်"ကိုကိုဟာ ကော်ဖီတစ်ခွက်ကိုမှာလိုက်၏။
မိမိမှာ ကိုကို့ကိုကြည့်ရင်းဝမ်းနည်းလာသည်။
တစ်ကိုယ်ကောင်းဆန်မိသလိုခံစားလာရသည်။ကိုယ့်ကိုယ်ကိုယ် လူယုတ်မာတစ်ယောက်လိုမြင်လာမိသည်။ဘာကြောင့်များ ဘာမှ မသိရှာတဲ့ကိုကို့ကို လှည့်စားခဲ့မိရတာလဲ။အဲ့ဒါ အချစ်ဆိုပြီးခေါင်းစဉ်တပ်လိုက်မိတဲ့ အတ္တလေးတစ်ခုကြောင့်ပါပဲ။မမကိုပိုင်ဆိုင်ချင်မိတဲ့ စိတ်ကလေးနဲ့ ကိုကို့ကိုလှည့်စားမိခဲ့တာ။ကိုယ့်စိတ်ကလေးပျော်ဖို့နဲ့ ကိုကို့ရဲ့ခံစားချက်တွေကိုအသုံးချမိခဲ့တာ။"ကိုကို့ကိုချိန်းတာ ပြောစရာရှိလို့လား ချာတိတ်"
"ဟုတ်"
ကိုကို့မျက်လုံးတွေကို ကြည့်ဖို့မဝံ့ရဲပါ။
ထိုအစား ကိုကို့သောက်နေတဲ့ကော်ဖီခွက်ကလေးကိုသာငေးနေမိသည်။"ဒေါက်တာ"
"ဟင်..အင် ပြောလေချာတိတ်"
"လမင်း မမနဲ့ချစ်သူဖြစ်သွားပြီ"
"ကိုကိုသိပါတယ်"
ချက်ချင်းတုံ့ပြန်လာတာကထိုစကားတစ်ခွန်း။မိမိထင်နေတာ သူအံ့ဩသွားလိမ့်မယ်ပေါ့။သို့သော် ကိုကို့အမူအရာဟာ တည်ငြိမ်နေသည်။
"ဘယ်လို သိတာလဲဒေါက်တာ"
"ကိုကို အစကတည်းကရိပ်မိပါတယ်..ပြီးတော့ သွေး ကိုကို့ဆီဖုန်းဆက်လာတယ်...ချာတိတ်ကို သူ့ချစ်သူပါဆိုပြီးပြောသွားတာ..နောက်ထပ်မပတ်သက်ဖို့လည်းပြောသွားသေးတယ်"
YOU ARE READING
အချစ်များ၏နောက်ကွယ်(Completed)
Romanceဘဝမှာတစ်စုံတစ်ယောက်ကိုချစ်မိသွားရင် အဲ့ဒီတစ်စုံတစ်ယောက်ကိုပိုင်ဆိုင်ဖို့ကြိုးစားမိကြမယ်မဟုတ်လား။ကျွန်မလည်းအဲ့ဒီအတိုင်းပါပဲ။ကျွန်မ တစ်စုံတစ်ယောက်ကိုပိုင်ဆိုင်ဖို့ကြိုးစားနေတာ။