အပိုင်း[၂၃]

3.4K 244 11
                                    

"ဖေဖေ..."

"ဟော သမီး..ဖေဖေတို့စိတ်ပူနေတာ..အပြင်သွားမယ်ဆိုလည်း အကျိုးအကြောင်းလေးပြောသွားမှပေါ့"

အိမ်ထဲဝင်လာချင်းဖေဖေကတော့ အေးဆေးတည်ငြိမ်စွာပြောဆိုသည်။အမေကတော့ အလိုမကျသလိုကြည့်နေပါသည်။မေမေ့အကြည့်များကို မသိဟန်ဆောင်ဟာ လျစ်လျူရှုထားလိုက်မိသည်။ဒီအချိန်မှာကိုယ့်အပြစ်နဲ့ကိုယ်မို့ မေမေဆူလည်းခံရမည်။
မောင်လေးကိုလည်းမတွေ့မိပါ။သူ့အခန်းထဲမှာဖြစ်လောက်မည်။

"ဟုတ်ဖေဖေ...နောက်ဆိုပြောပါ့မယ်
အခုက ရုတ်တရက်မို့မပြောမိလိုက်တာပါ
အခုတော့ အဝတ်အစားလဲရဦးမှာမို့ အခန်းထဲသွားတော့မယ်နော်"

"အေးအေး သမီး.. ခေါင်းကိုလည်းသေချာသုတ်ဦးနော်"

"ဟုတ်ဖေဖေ"

မေ့မေ့ကိုမကြည့်ဘူးလို့တင်းထားပေမဲ့ မျက်စိကသူ့အလိုလိုရောက်သွားသေးသည်။မေမေနှင့်အကြည့်ချင်းဆုံတော့ချက်ချင်းအကြည့်လွှဲလိုက်သည်။သို့သော် မေမေ့ဆီမှထိုသို့အသံထွက်လာသည်။

"လမင်းငယ်...ညည်းနောက်တစ်ခါဒီအချိန်ထိသူများအိမ်မှာမနေနဲ့နော်"

မေမေကဖေဖေ့လိုတော့မဟုတ်ပါ။စကားပြောရင်အပေါက်ဆိုးတဲ့ထဲပါသည်။အခုလည်း ဖေဖေတောင်ဘာမှ‌မပြောတာကိုလေ။

"မနေပါဘူးမေမေရဲ့..အခုကလည်းမထင်မှတ်ဘဲနောက်ကျသွားလို့ပါ"

မေမေကလည်းဘာမှဆက်မပြောတော့သဖြင့် မိမိအခန်းထဲကိုသာ ဦးတည်ခဲ့လိုက်သည်။

"မမက ဘာလို့များငါ့ကို ဒီလောက်ခါးသီးနေရတာလဲ"

တကယ်တမ်းတော့လူတွေရှေ့မှာမို့ဟန်ဆောင်ထား ရသည်။မမရဲ့တုံပြန်မှုတွေကြောင့် ရင်ထဲမှာ အကြိမ်ကြိမ်ကမ္ဘာပျက်နေခဲ့တာ။

တင်းထားသမျှစိတ်အစုံဟာ အခန်းတံခါးအကွယ်လေးတွင်တော့ လွတ်ထွက်လာခဲ့သည်။မငိုကြွေးဖို့အားတင်းထားမိသမျှ အခန်းငယ်လေးဆီအရောက်တွင်တော့ ငိုချမိတော့သည်။စိုရွှဲနေတဲ့ ခန္ဓာကိုယ်ရဲ့ ‌အေးစက်မှုဟာ ရင်ထဲမှအပူမီးများကိုတော့ အေးစက်သွားအောင်မငြှိမ်းသတ်နိုင်ခဲ့ပါ။

အချစ်များ၏နောက်ကွယ်(Completed)Where stories live. Discover now